(၁၂-၉-၂၀၂၀)ည (၈:၀၀) နာရီCOVID-19 အတည်ပြုလူနာသစ် (၁၅၀)ထပ်တွေ့ကြောင်း သတင်းထုတ်ပြန်

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ားအနက္ စုစုေပါင္း (၆၇၆) ဦးအား ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ပါသည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ တက္ေရာက္ကုသမႈခံယူလ်က္ရွိ‌ေသာ အသက္ (၇၀) ႏွစ္အ႐ြယ္ အမ်ိဳးသား (Case-2351) သည္ ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္ရႉလမ္းေၾကာင္းပ်က္စီးျခင္း ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါႏွင့္ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါ အခံရွိျခင္း၊ နာတာရွည္ေက်ာက္ကပ္ပ်က္စီးျခင္းတို႔ေၾကာင့္ (၁၂-၉-၂၀၂၀)နံနက္ (၁၀:၃၀) အခ်ိန္တြင္ ေသဆုံးသြားခဲ့ပါသည္။

ယေန႔အထိ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူေပါင္း (၁၆)ဦး ရွိၿပီျဖစ္ပါသည္။
(၁၁-၉-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာ ရီမွ (၁၂-၉-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၂၃၁) ဦးရွိပါသည္။
(၁၂-၉ -၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမ အသုတ္) ဓာတ္ခြဲနမူနာ (၁,၀၀၄)ခု၊ေဆးသုေတသနဦးစီးဌာန (DMR)မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၂၈၆) ခု၊

ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၃၉၆) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၁၅၈) ခု ျပည္သူ႔ေဆး႐ုံႀကီး၊ စစ္ေတြၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၆၃) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ေက်ာက္ျဖဴၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၂၀) ခု၊ျပည္သူ႔ေဆး႐ုံႀကီး၊ ထားဝယ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၄) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ဘားအံၿမိဳ႕မွ ဓာတ္ခြဲန မူနာ (၃) ခု၊ျပည္သူ႔ေဆး႐ုံႀကီး၊ ျပင္ဦးလြင္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁) ခု၊ျပည္သူ႔ေဆး႐ုံႀကီး၊ ဗန္းေမာ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၂) ခု၊

ျပည္သူ႔ေဆး႐ုံႀကီး၊ ဟားခါးၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၄) ခု၊ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံႀကီး (ခုတင္ ၁၀၀၀)မွ ဓာတ္ခြဲနမူနာ (၁၂) ခုႏွင့္ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၄၇၀) ခု၊စုစုေပါင္း (၂,၄၂၃)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁၅၀) ဦး ေတြ႕ရွိရပါသည္။(၁၂-၉-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၂,၅၉၅) ဦး ရွိၿပီ ျဖစ္ပါသည္။

REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၆၇၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၀) နှစ်အရွယ် အမျိုးသား (Case-2351) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါ အခံရှိခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် (၁၂-၉-၂၀၂၀)နံနက် (၁၀:၃၀) အချိန်တွင် သေဆုံးသွားခဲ့ပါသည်။

ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၆)ဦး ရှိပြီဖြစ်ပါသည်။
(၁၁-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာ ရီမှ (၁၂-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၃၁) ဦးရှိပါသည်။ (၁၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ အသုတ်) ဓာတ်ခွဲနမူနာ (၁,၀၀၄)ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၈၆) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၉၆) ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၅၈) ခု
ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၆၃) ခု၊ ပြည်သူ့ဆေးရုံကြီး၊
ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲန မူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၂) ခုနှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၇၀) ခု၊စုစုပေါင်း (၂,၄၂၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၀) ဦး တွေ့ရှိရပါသည်။(၁၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂,၅၉၅) ဦး ရှိပြီ ဖြစ်ပါသည်။

REF: MINISTRY OF HEALTH

Add a Comment

Your email address will not be published. Required fields are marked *