အမြန်လမ်းမိုင်တိုင် (226) ဝန်းကျင်တွင်ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်ရာအဖြစ်အပျက် (အပြည့်အစုံဖတ်ရန်)

Posted on

မနေ့က 9.1.2021ရက် ည(10:30)အချိန်တွင်ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ နာမည်ကြီးအဆိုတော် သရုပ်ဆောင် အမျိုးသားတစ်ဦးမောင်းနှင်လာသော Alphard အဖြူရောင်ယာဥ်သည်အမြန်လမ်းမိုင်တိုင် 226အရောက်အတက်အဆင်း လမ်းပျောက်သည့်နေရာတွင်(​ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအားအမြန်လမ်း လမ်း အလယ်တွင် ကန့်လန့် ပိတ်ထားမှုအား ရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့်ကီလို ၁၀၀အရှိန်ဖြင့် မောင်းနှင်လာသော ယာဥ်မှာ သစ်လုံးကိုရသလောက်ရှောင်တိန်းရင်းကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့်တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲတိုက် လောက်ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက် မိခဲ့ပါ သည်။

ထိုအချိန် ကားမရပ် ဘဲ ရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှ ကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက် မောင်းလာခဲ့ပါတယ် ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂)ယောက်လုံး ဒဏ်ရာရ ရှိမှု မရှိခဲ့ပေမဲ့အမြန်လမ်း မိုင်တိုင် 230 အရောက် တွင်ကာမှာ မောင်းမရတော့ပဲ စက်သေ သွားခဲ့ပါသည်။ည(10.55)မိနစ်တွင် ကျွန်တော်တို့ ထံ ဖုန်းဝင်လာပြီးမနက်အရေးကြီး အလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့်လမ်းမှသစ်လုံး အား အရှိန်နှင့် တက်နင်းမိကြောင်းဖုန်းဆက်အကူ အညီတောင်းလာပါသဖြင့်အသင်း မှ အရေးပေါ် ကယ်ဆယ်ရေးယာဥ် တစ်စီးဖြင့် ချက်ချင်းထွက် ခွါ၍ အရေးပေါ်သွားရောက် ကူညီခဲ့ရပါ သည်။

ည(12:00)နာရီအချိန် တွင် ကားပျက်နေသည့်အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီး မောင်းမရတော့သည့်ယာဥ် အား ကရိန်းဖြင့်ရွှေ့ပြောင်းသယ်ဆောင် ပြီး အမျိုးသားနှစ်ဦး ကိုတော့မျိုးဆက်သစ်မြတ်ပါရမီ အသင်းမှကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့ရပါ သည်။လူကြီး မိဘများအနေဖြင့်လည်းအမြန်လမ်းပေါ် တွင် လူသားချင်းကိုယ် ချင်းစာစိတ်မရှိ ပဲ ဝမ်းတစ်ထွ ာအတွက်အစုလိုက် အပြုံ  လိုက် မိသားစုလိုက်သတ် ဖို့ ဝန်မလေးတဲ့သူ တွေ အသင့်ရှိနေကြတယ်ဆိုတာ သတိပေး ရင်းအမြန်လမ်းပေါ် မှ ခရီးသွားလာနေကြ သောမိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာ ဖြင့်လိုရာခရီးကို ချောချောမွန်မွန် ရောက်ရှိ ကြပါစေလို့ ဆုတောင်း မေတ္တာပို့ သလိုက် ရပါ သည်…။

မိတ္ထီလာမြို့
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
မျိုးဆက်သစ်မြတ်ပါရမီအသင်း

Zawgyi




မိတ္ထီလာမြို့

Leave a Reply

Your email address will not be published. Required fields are marked *