အိမ်မှာနေကြပါ ဆိုတာ မနေရင်တော့ ဒီအမျိုးသမီး ရဲ့ အဖြစ်ကိုသာ ဖတ်ကြည့်

ကျမနဲ့ ကျမယောက်ျားနှစ်ယောက်သား ဝယ်စရာချမ်းစရာလေးတွေ ဝယ်ဖို့ စူပါမားကက်ကို သုတ်သုတ်သွားကြ မလို့ N95 မျက်နှာဖုံး Maskတွေကိုယ်စီတပ်ပြီး ကျမယောက်ျားဘေးကထိုင် ကျမကားမောင်းထွက်ခဲ့ပါတယ်။

စူပါမားကက်ရောက်တော့ ကျမကားပါကင်မြန်မြန် ထိုးလိုက်ပြီး ၃ ပေခြားတန်းစီနေတဲ့ လူတန်းအရှည်ကြီးမှာပဲ ၃ ပေခြားပြီး နေရာယူတန်းစီလိုက်ကြပါတယ်။ တန်းစီနေရင်းကြာလွန်းလို့ Covit 19 ကူးမှာ ကြောက်လို့ ကျမရဲ့အနောက်မှာရပ်နေတဲ့ ကျမယောက်ျားကို အိမ်ပြန်ရအောင် မျက်နှာဖုံးမလှပ်ဘဲ လက်ဟန်ခြေဟန်နဲ့သွားပြောပါတယ်။

သူက မပြန်ဘူးလို့လက်ဟန်ခြေဟန်နဲ့ ပြန်ပြောပါတယ်။ ကျမ လည်း ကြာနေရင်ပိုးကူးမှာကြောက်တာနဲ့ သူ့ကိုအတင်းစွဲခေါ် လာပြီး ခပ်သုတ်သုတ်ကားမောင်းပြန်ခဲ့ပါတယ်။ ကျမယောက်ျားက မပြန်ချင်သေးလို့နဲ့တူတယ် လက်ဟန် ခြေဟန်တွေနဲ့ ဝူးဝါးပြောပြီးပါလာပါတယ်။ ကျမလည်း လစ်လျူရှု့ပြီး ကားခပ်သုတ်သုတ်မောင်းနေလိုက်ပါတယ်။

အိမ်အရောက် အိမ်ထဲဝင်လို့ မျက်နှာဖုံး ကိုယ်စီချွတ် လိုက်တော့မှ …

“အောင်မလေးတော့ .. ကျမ အတင်းစွဲခေါ် လာတာ ဘယ်ကလူကြီး မှန်းလည်းမသိ့ .. ကျမကို ကြောင်ကြည့်နေလေရဲ့

စိတ်ညစ်တာလေးတွေ တစ်ခဏ ပြေပါစေ။

Credit… William Myatwunna.

unicode

Add a Comment

Your email address will not be published. Required fields are marked *