ဒီနေ့က တော့ အဆိုတော်အာဘွိုင်းရဲ့ အသက် (၃၅) နှစ်ပြည့် မွေးနေ့ဖြစ်ပြီး မြတ် ကတော့ သူမ သိပ်ချစ် ရတဲ့ခင်ပွန်း အတွက် ကြည်နူးစရာမွေးနေ့ ဆုတောင်းစကားလေး ပြောခဲ့ပါ တယ်..။ ချစ်စရာသမီးလေး သုံးယောက်ကိုပိုင်ဆိုင်ထား တဲ့ ဖခင်တစ်ယောက် ရဲ့ စိတ်အေးချမ်း ပျော်ရွှင်စရာကောင်း တဲ့ နေ့ရက်တွေ ကို မြတ်ရဲ့ဆုတောင်းစကားလေး က မြင်သာ စေခဲ့ပါ တယ်..။
အတူတူ လက်တွဲလာခဲ့တဲ့ (၃) နှစ်တာကာလ မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တွေ ချစ်ခြင်းမေတ္တာတွေ နဲ့ ခိုင်မြဲလာခဲ့တဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော် တို့ဇနီးမောင်နှံ ဟာ မြင်သူတိုင်း အားကျရတဲ့ မိသားစုဘဝလေး ကို တည်ဆောက်နိုင်ခဲ့ ပါ တယ်..။ ချစ်စရာသမီးလေးတွေ ဟာ ဖေဖေမေမေ တို့ရဲ့ နေ့စဉ်ဘဝအတွက် အပျော်လေးတွေ ကို သယ်လာခဲ့ သူလေးတွေ ပါ..။
ခင်ပွန်းအတွက် မွေးနေ့ဆုတောင်းစကားလေး ကို ” Happy 35th birthday သမီးသုံးယောက် ဖေဖေ မိန်းမနဲ့ သမီး (၃) ယောက် အ ပေါ် ဒီထက် မက ပိုပို ချစ်သော ဖေဖေဖြစ်ပါ စေ ဘုန်းကြီး အသက်ရှည် ပြီး ချစ်ရတဲ့ မိသားစုနဲ့ ကျန်းကျန်းမာမာ နေနိုင်ပြီး ဘုရားသခင် ကိုကိုအပေါ် သာ၍ ကောင်းချီးပေးပါ စေ I love You ” ဆိုပြီး ဆုတောင်းပေး ခဲ့ပါ တယ်…။
Credit – Cele Zone
Photo – Myat Yadanar Kyaw
Zawgyi
Credit – Cele Zone