ဆီချို၊ သွေးတိုး၊ လေငန်းရောဂါများ ရောဂါအလိုက် အုန်းမုတ်ခွက် နင်းနည်း

အု န်းမှုတ်ခွက် နင်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းသိရအောင် မျှဝေပေးလိုက်ပါတယ်

သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကို က်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။

ဒီလို လူတိုင်းအဖြစ်များနေတဲ့ ရောဂါများဟာ ပထဝီဓါ တ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။

အထက်ပါရောဂါများ မဖြစ်ရလေ အောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ သက်သာပျောက်ကင်းအောင် အုန်းမှုတ်ခွ က်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။

အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။

(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။

(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။

(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။

(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ် ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။

သတိပြုရန် –

အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တ က်နေစဉ် ရေလုံး၀ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။

အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းသွားပါမည်။

အုန်းမှုတ်ခွက် နင်း ပုံ နင်းနည်း

အုန်းမှုတ်ခွက်နင်းရန်မှာ ကရိကထမများပါ။ အုန်းမှုတ်ခွက် နှစ်လုံးရှာပါ။ တစ်လက်မခန့် အထူရှိသည့် ( အလျား နှစ်ပေ၊ အနံ နှစ်ပေခန့်ရှိ) ပျဉ်ပြားတစ်ချပ်ပေါ်တွင် ဂုန်နီအိတ်ခင်းရပါမည်။

ဂုန်နီအိတ်ပေါ်မှာ အုန်းမှုတ်ခွက် နှစ်ခု မှောက်ပါ။ တစ်ခွက်နှင့်တစ်ခွက် အကွာအဝေးကို မိမိခြေထောက်နင်းကောင်းရုံ ထားရပါမည်။ အနီမှောက်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ လူက ခြေထောက်ဖြင့်တက်၍ ဘယ်ညာနင်းရန် ဖြစ်ပါသည်။ မိမိကိုယ်တိုင် မတ်တပ်ရပ်၍ မနင်းနိုင်သူကို ဘေးမှ လူအကူအညီဖြင့် နင်းရန် ဖြစ်ပါသည်။

ပထမ ခြေဖဝါးအလယ်ဖြင့် နင်းပါ။ နင်းရင်းနင်းရင်း သဘော သိလာပါလိမ့် မည်။ ထို့နောက် ခြေဖနောင့်ဖြင့် လည်းကောင်း၊ ခြေဖျားတို့ဖြင့် လည်းကောင်း၊ထိုသို့နင် းရာတွင် ခြေဖျားကို ထောက်၍ တစ်ဖန် အောက်သို့ ကုပ်၍ မိမိအကြော မိမိလိုသလို နင်းရန် ဖြစ်ပါသည်။

စာရေးသူထံသို့ မရှင်းလင်းကြသူများက မေးကြပါသည်။ ယင်းအမေးများကို တစ်ခါတည်း ဖော်ပြလိုက်ပါသည်။ မေးမြန်းကြသူများ၏ အမည်၊ နေရပ်လိပ်စာများကို အကြောင်းမထူး၍ မဖော်ပြတော့ပါ။

မေး ။ ။ ပျဉ်ပြားမခင်းဘဲ အုန်းမှုတ်ခွက်ချည်း ကြမ်းပြင်ပေါ်မှာ မှောက်ပြီး နင်းရင်းကော မဖြစ်ဘူးလား။

ဖြေ ။ ။ ဖြစ်ပါတယ်၊ ပျဉ်ပြားခင်းစေချင်တာက အုန်းမှုတ်ခွက်အပေါ်မြင့်လာပါတယ်။ မြင့်လာတော့ ဖြေဖဝါး ရှည်လျား သူများ နင်းအား၊ ကုပ်အား ကောင်းတာကြောင့် ဖြစ်ပါတယ်။ ခပ်မြင့်မြင့် ကလေးဆိုတော့ ခြေဖဝါးကို အမျိုးမျိုး လိမ်ဖယ်ပြီး နင်းလို့ရတာပေါ့။

မေး ။ ။ ဂုန်နီအိတ် နင်းရတာက ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အုန်းမှုတ်ခွက်က အမာ၊ ကြမ်းပြင်က အမာဆိုတော့ နင်းတဲ့ မတော်လို့ ခြေချော် လက်ချော် မဖြစ် အောင်လို့ပါ။

မေး ။ ။ အုန်းမှုတ်ခွက်ကို မျက်ကွင်း ဘက်က နင်းသင့်ပါသလား။

ဖြေ ။ ။ မနင်းသင့်ပါ။ မျက်ကွင်း ဘက်က ရှမှာ စိုးရပါတယ်၊ ဖင်ဘက်က နင်းရန် ဖြစ်ပါတယ်။

မေး ။ ။ တကယ်လို့ အုန်းမှုတ်ခွက်နင်းတဲ့အခါ ခြေထောက်နာရင် ဘယ်နှယ်လုပ်ရမလဲ။

ဖြေ ။ ။ အဝတ်ခုနင်းပါ။

မေး ။ ။ နင်းတဲ့ ပုဂ္ဂိုလ်က အင်မတန်ဝပြီးအလေးချိန်သိပ်များနေပါတယ်၊ နင်းတဲ့ အခါ ခြေထောက် သိပ်နာပါတယ်၊ အဲဒါ ဘယ်လို နင်းသင့်ပါသလဲ။


မေး ။ ။ အုန်းမှုတ်ခွက်ဆိုတော့ တနင်္ဂနွေနံ ဖြစ်ပါတယ်။ တချို့ တနင်္ဂနွေ သား/သမီးတွေက ကိုယ်နံကို မနင်းသူတွေ ရှိပါတယ်၊ အဲဒါ အခြားသစ်သားဘု တစ်ခုခု လုပ်နင်းရင်ကော မဖြစ်ဘူးလား။

ဖြေ ။ ။ ဖြစ်တော့ ဖြစ်ပါတယ်၊ အုန်းမှုတ်ခွက်လောက် မကောင်းပါဘူး၊ ဥပမာ လက်သမား ဆရာတစ်ယောက်ဟာ သံရိုက်လိုတယ်ဆိုပါစို့၊ သံကို နီးရာ ဓားနှောင့်နဲ့လဲ ရိုက်လို့ရပါတယ်။ ကျောက်ခဲတစ်လုံးနဲ့ ကောက်ထုရိုက်ရင်လဲ ဖြစ်တာပါပဲ၊ ဒါပေမယ့် သံကို ရိုက်တဲ့ နေရာမှာ တူနဲ့ ရိုက်တာလောက် ကောင်းမွန်တာ တခြား မရှိပါဘူး။

မေး ။ ။ အုန်းမှုတ်ခွက် တစ်ကြိမ်နင်းရင် ဘယ်လောက်ကြာကြာ နင်းသင့်ပါသလဲ။

ဖြေ ။ ။ အနည်းဆုံး မိနစ် သုံးဆယ်လောက်တော့ နင်းသင့်ပါတယ်၊ အကောင်းဆုံးကတော့ လေးဆယ့်ငါးမိနစ်လောက် ထိပေါ့။ နင်းပြီး ရေမချိုးရပါ၊ ခြေထောက်ကိုပင် ရေမဆေးမိဘို့အထူးသတိထားရပါမယ်။

ဆီချို၊ သွေးတိုး၊ လေငန်းရောဂါများ ဆီးချိုရောဂါ

မေး ။ ။ ဆီးချိုရောဂါရှိသူတွေ နင်းရင်ကော ပျောက်ပါသလား။

ဖြေ ။ ။ ပျောက်ပါတယ်၊ မှန်မှန်သာ နင်းပါ။ နံနက်တစ်ကြိမ်၊ ညအိပ် ရာဝင် တစ်ကြိမ်နင်းပါ၊ နှစ်လ သုံးလအတွင်း ပျောက်ရပါစေ့မယ်။

မေး ။ ။ အုန်းမှုတ်ခွက်နင်းတဲ့အခါ ရှောင်ရမယ့် အစားအစာတွေပြောပါ၊

ဖြေ။ ။ သမားတော်များက ညွှန်ကြားထားတာတွေ ရှိကြမှာပါပဲ၊ အဲဒီအတိုင်း ကျင့်သုံးပါ၊ အုန်းမှုတ်ခွက် နင်းတာကြောင့်တော့ ရှောင်ရမယ့် အစားအစာ မရှိပါ၊ သတိထားရမှာက အုန်းမှုတ်ခွက် နင်းပြီး ရေမချိုးမိဖို့ပါပဲ။

မေး ။ ။ အုန်းမှုတ်ခွက်နင်းပြီးလို့ ဘယ်နှစ်နာရီကြာမှ ရေချိုး သင့်ပါသလဲ။

ဖြေ ။ ။ ငါးနာရီလောက်ကြာမှ ရေချိုးသင့်ပါတယ်။

မေး ။ ။ ရေချိုးပြီးပြီးခြင်း အုန်းမှုတ်ခွက် နင်းသင့်ပါသလား ။

ဖြေ ။ ။ နင်းသင့်ပါတယ်၊ အကောင်းဆုံးပါပဲ၊ ကျွန်တော်တို့ အနင်း အနှိပ်ခံသလိုပဲပေါ့။

မေး ။ ။ ရောဂါကြာ ကြာသလိုပေါ့။ ရောဂါနု နုသလို ပါပဲ၊ အုန်းမှုတ်ခွက်ကိုပဲ ကျကျနန ယုံယုံကြည်ကြည် လေးလေးစားစား နင်းပါ၊ ပျောက်ရပါစေမယ်၊ ဒီလိုနဲ့ ပျောက်ကင်းကြသူတွေ ကိုယ်တွေ့တွေ အများကြီးပါ။

သွေးတိုးရောဂါ

မေး ။ ။ သွေးတိုးရောဂါကိုကော အုန်းမှုတ်ခက်နင်းရုံနဲ့ ပျောက်ပါ့မလား။

ဖြေ ။ ။ ပျောက်ပါတယ်။ လူမှာ အသက်ကြီးလာရင် လေသန်လာ ပါတယ်။ သွေးဟာ လေနဲ့ သွားလာလည်ပတ်နေတာမို့ လေအားနည်းလာရင် တက်မိရင် မဆင်းတဲ့ သဘောပါ။ အုန်းမှုတ်ခွက်နင်းတုန်းမှာကို လေအားကောင်းလာပြီး လေလည်သည်အထိ ဖြစ်ပါတယ်။ ကိုယ်တိုင်နင်း ကြည့်ရင် ကိုယ်တွေ့သိမှာပါ။

မေး ။ ။ ဒူးရောင်နေပါတယ်။ ဒူးရောင်တာကော ပျောက်ပါ့မလား။

ဖြေ ။ ။ ပျောက်ပါတယ်။ နင်းပါ။ တစ်ရက် နင်းတာလောက်နဲ့တော့ မဟုတ်ဘူး၊ မှန်မှန်နင်းရပါမယ်။

လေငန်းရောဂါ

မေး ။ ။ လေငန်းရောဂါ ပျောက်ပါ့မလား။

ဖြေ ။ ။ ပျောက်ပါတယ်၊ အမှန်ကတော့ လူမှာ ပထဝီနဲ့ဝါယော ဓာတ်ကြောင့် ခေါင်းကိုက်၊ ဇက်လေး၊ ဇာတ်ကြောတက်၊ ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်လောက်က စပြီး တစ်စတစ်စ ရောဂါဟာ ကြီးထွားလာတာပါ၊

ဆီးချို၊ သွေးတိုး၊ လေငန်းဆိုတဲ့ ရောဂါတွေဟာ ခုနက ပြောတဲ့ ဇက်ကြောတက်၊ ခါးကိုက်၊ ခါးနာတာတွေက စတင်ပေါ်ပေါက်ကြီးထွားလာတဲ့ ရောဂါတွေပါ။ ဒါတွေ ပျောက်ကင်းနိုင်ကြောင်း အာမခံပါတယ်။

မေး ။ ။ ခုတိုင်းဆိုရင် ခင်ဗျားဟာက လွယ်လွန်းလှချည်လား။

ဖြေ ။ ။ ဟုတ်ကဲ့၊ လွယ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းတွေ ငြိမ်အောင် လုပ်တဲ့ ကုသနည်းဖြစ်ပါတယ်။ ခုနင်း မကြည့်ရသေးလို့မယုံကြည်ကြပါနဲ့ဦး။

နင်းကြည့်ပြီးမှ ကိုယ်တွေ့ကြုံမှ ယုံကြည်လက်ခံပါ။ တောင်းပန်ချင်တာက နင်းဖြစ်အောင်တော့ နင်းကြပါဦး

ဆရာ မကွေးဝင်းမြင့်

Add a Comment

Your email address will not be published. Required fields are marked *