မင်းသား DWAYNE JOHNSON တို့ တမိသားစုလုံး COVID-19 ကူးစက် ခံခဲ့ရ

Posted on

နာမည်ကျော် ဟောလိဝုဒ် မင်းသား Dwayne “The Rock” Johnson က သူအပါအဝင် သူ့ဇနီးနဲ့ ကလေးနှစ်ဦးတို့ဟာ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက်က COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အခုတော့ အားလုံး နေပြန်ကောင်းလာပြီး ကျန်းကျန်းမာမာရှိတယ်လို့ စက်တင်ဘာလ ၂ ရက်နေ့မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲ မှာ ပြောဆိုထားပါတယ်။

အသက် ၄၈ နှစ်အရွယ် မင်းသား The Rock က “သူနဲ့ အသက် ၃၅ နှစ်အရွယ် ဇနီး Lauren၊ သမီးလေးတွေဖြစ်ကြတဲ့ အသက် ၄ နှစ်အရွယ် Jasmine နဲ့ အသက် ၂ နှစ်အရွယ် Tiana တို့ဟာ ဘယ်ကနေ ဘယ်လို ကူးစက်လာမှန်း မသိတဲ့ သူတို့နဲ့ အရမ်းရင်းနှီးသူ မိတ်ဆွေတွေထံကနေ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ခွဲလောက်က ကူးစက်ခံ ခဲ့ရတယ်လို့ Instagram ပို့စ်မှာ ပြောဆိုထားပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ မင်းသားက “မိသားစုတခု အနေနဲ့ ရော၊ ကိုယ်ရေးကိုယ်တာ အရရော ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အထဲ စိန်ခေါ်မှုအများဆုံးနဲ့ အခက်အခဲဆုံး အရာတခု ဖြစ်ခဲ့တယ်ဆိုတာကို ကျနော် ခင်ဗျားတို့ကို ပြောနိုင်ပါတယ်” လို့ ပြောဆိုထားပါတယ်။မင်းသားနဲ့ သူ့မိသားစုဟာ ဗိုင်းရပ်စ်ပိုး အရင်ဆုံး ကူးစက်ခံခဲ့ရတဲ့ သူတို့ရဲ့ မိတ်ဆွေတွေလိုပဲ ဗိုင်းရပ်စ် ကို ရှောင်ရှားဖို့ ဘေးကင်းလုံခြုံမှုရှိတဲ့ ဆောင်ရွက်ဖွယ်ရာတွေကို စည်းကမ်းတကျ လိုက်နာခဲ့တယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ သမီးနှစ်ဦးကတော့ ပထမဆုံး နှစ်ရက်လောက်မှာ လည်ပင်းနည်းနည်း နာခဲ့ပေမယ့် နောက်တော့ သက်သာလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းသားနဲ့ သူ့ဇနီးကတော့ တော်တော်လေး ရောဂါဝေဒနာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။မင်းသားက “ဒါပေမဲ့ ကျနော်တို့ဟာ မိသားစုတခုအနေနဲ့ ကောင်းမွန်ပြည့်စုံတယ် ဆိုတာကို ခင်ဗျားတို့ဆီ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ အဲ့ဒါကို အဆုံးသတ် လိုက်နိုင်ပါတယ်။ ကျနော်တို့ဟာ ကူးစက်နိုင်မှု လုံးဝ မရှိတော့ပါဘူး။ ကျနော်တို့ ကျန်းမာ လာတာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့နပမ်းအဖွဲ့ချုပ်ကနေ နာမည်ရ လာခဲ့တဲ့ မင်းသား Johnson ဟာ “The Rock” ဆိုတဲ့ နာမည်ပြောင်ရတဲ့အထိ ကြမ်းတမ်း မာကျောတဲ့သူတယောက် ဖြစ်ခဲ့ပြီးတဲ့နောက် ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေမှာတော့ ဖျော်ဖြေရေးလောကထဲကို ရောက်လာခဲ့ပါတယ်။ အခုတော့ သူဟာ ကမ္ဘာကျော် မင်းသားတယောက်အဖြစ် ရည်တည်နေပြီ ဖြစ်ပါတယ်။

မင်းသားဟာ “The Mummy Returns”, “The Scorpion King, Baywatch” နဲ့ “Jumanji: Welcome to the Jungle” တို့လိုမျိုး ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အခုတော့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးနဲ့ ဟောလိဝုဒ်မှာ စီးပွားရေးအရ အအောင်မြင်ဆုံး မင်းသားတယောက် ဖြစ်လာခဲ့ပါတယ်။သူဟာ မီယာမီမြို့မှာနေထိုင်ကြတဲ့ NFL ကစားသမားတွေ အကြောင်း ရိုက်ကူးထားတဲ့ “Ballers” စီးရီးမှာ ထုတ်လုပ်သူ အဖြစ် ဆောင်ရွက်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: CNA

unicode