ပဲခူး ဆေးရုံကြီးအနီးက စားသောက်ဆိုင်အချို့ ဆေးရုံကြီး ဝန်ထမ်းများလာရောက် စားသောက်သည်ကို လက်မခံ

ပဲခူးမြို့ ဆေးရုံကြီးအနီးတွင် ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်/ထမင်းဆိုင် တစ်ချို့က ပဲခူးဆေးရုံကြီး မှ ဝန်ထမ်းများ လာရောက် ဝယ်ယူစားသောက်ခြင်းကို ယနေ့မှစ၍ လက်မခံသည်များရှိနေကြောင်း သိရပါတယ်။ “ပဲခူးဆေးရုံပတ်ပတ်လည်ကဆိုင်တွေထဲက တချို့ ဆေးရုံထဲက သူနာပြု/ ဝန်ထမ်းငယ်လေးတွေ အခု နေ့ခင်း ထမင်းဟင်းထွက်ဝယ်တော့ အခြားစားသုံးသူတွေ ရှိပါလျှက်နဲ့ ရောင်းစရာဘာမှမရှိဖူးလို့ ဆိုင်ထဲမဝင်အောင် ငြင်းလွှတ်လိုက်လို့ သူတို့ ချုံးပွဲချ ငိုနေရရှာတယ်” ဟု သကျနွယ်မှ ကိုဆံနီက ပြောပါတယ်။

“လူလိမ်လူနာ တယောက်ကြောင့် ဆရာဝန်သူနာပြုတွေ Q ကုန်ရတာ။ ဝိုင်းဝန်း ဖေးမ အားပေးရမှာလေ ကြောက်ရင် ဆိုင်လာမထွက်ကြပါနဲ့ ဆိုင်လာထွက်ရင်လည်း အပြစ်ကင်းစင်သူတွေကို ထပ်မစော်ကားကြဖို့ ပြင်းပြင်းထန်ထန်လေး သတိ ပေးချင် ပါတယ် ။ မိသားစုတွေ မတော်တဆ ပိုးကူးရင် ကျန်းမာရေးဝန်ထမ်းတွေက အသက်စွန့် ကုသပေးနေတာ နားလည် ပါဗျာ အဲလောက် အတ္တမကြီးကြပါနဲ့ “ဟု ၎င်းကပြောပါတယ်။ ယမန်နေ့က ပိူးတွေ့လူနာဟု အတည်ပြု သတ်မှတ်လိုက်သော လူနာက ထိတွေ့မှု ရာဇဝင်လိမ်ခဲ့သောကြောင့် ပဲခူးဆေးရုံကြီး ရှိ ဆရာဝန် ဆရာမများ ထိတွေ့မှုခဲ့ရာ Swab ယူရမည့် အခြေအနေနှင့် ရင်ဆိုင် နေရပါတယ်။

အဆိုပါ ပိုးတွေ့ လူနာသည် ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ ပြန်လာသူ ဖြစ်ပြီး သနပ်ပင်မြို့ စဉ့်အိုးဘိုရွာတွင် နေထိုင်သူဟုသိရပါတယ်။ ၎င်းနှင့် ထိတွေ့ခဲ့သည့် ပဲခူးဆေးရုံကြီးမှ ဆရာဝန် သူနာပြု ဆေးရုံဝန်ထမ်း စုစုပေါင်း ကနဦး စိစစ်မှုအရ (၂၃) ဦး ရှိပြီး FQ ထား၍ ယနေ့ swab ယူရတော့မည် ဖြစ်ကြောင်း သိရှိရ ပါတယ်။ ယင်းဖြစ်စဉ် အပေါ် အခြေခံ၍ ပဲခူးဆေးရုံကြီးအနီးရှိ စားသောက်ဆိုင်တစ်ချို့က ဆေးရုံကြီးမှ ဝန်ထမ်းများ လာရောက်စားသောက်ခြင်းကို လက်မခံသည်များရှိနေခြင်း ဖြစ်ပါတယ်။

crd

unicode

ပဲခူးမြို့ ဆေးရုံကြီးအနီးတွင် ဖွင့်လှစ်ထားရှိသော စားသောက်ဆိုင်/ထမင်းဆိုင် တစ်ချို့က ပဲခူးဆေးရုံကြီး မှ ဝန်ထမ်းများ လာရောက်
ဝယ်ယူ စားသောက်ခြင်းကို ယနေ့မှစ၍ လက်မခံသည်များရှိနေကြောင်း သိရပါတယ်။ “ပဲခူးဆေးရုံပတ်ပတ်လည်ကဆိုင်တွေထဲက တချို့ ဆေးရုံထဲက သူနာပြု/ ဝန်ထမ်းငယ်လေးတွေ အခုနေ့ခင်း ထမင်းဟင်းထွက်ဝယ်တော့ အခြားစားသုံးသူတွေ ရှိပါလျှက်နဲ့ ရောင်းစရာ ဘာမှ မရှိဖူးလို့ ဆိုင်ထဲမဝင်အောင် ငြင်းလွှတ်လိုက်လို့ သူတို့ ချုံးပွဲချ ငိုနေရရှာတယ်” ဟု သကျနွယ်မှ ကိုဆံနီက ပြောပါတယ်။
“လူလိမ်လူနာ တယောက်ကြောင့် ဆရာဝန်သူနာပြုတွေ Q ကုန်ရတာ။ ဝိုင်းဝန်း ဖေးမ အားပေးရမှာလေ ကြောက်ရင် ဆိုင်လာမထွက်ကြပါနဲ့ ဆိုင်လာထွက်ရင်လည်း အပြစ်ကင်းစင်သူတွေကို ထပ်မစော်ကားကြဖို့ ပြင်းပြင်းထန်ထန်လေး သတိ ပေးချင် ပါတယ် ။ မိသားစုတွေ မတော်တဆ ပိုးကူးရင် ကျန်းမာရေးဝန်ထမ်းတွေက အသက်စွန့် ကုသပေးနေတာ နားလည် ပါဗျာ အဲလောက် အတ္တမကြီးကြပါနဲ့ “ဟု ၎င်းကပြောပါတယ်။ ယမန်နေ့က ပိူးတွေ့လူနာဟု အတည်ပြု သတ်မှတ်လိုက်သော လူနာက ထိတွေ့မှု ရာဇဝင်လိမ်ခဲ့သောကြောင့် ပဲခူးဆေးရုံကြီး ရှိ ဆရာဝန် ဆရာမများ ထိတွေ့မှုခဲ့ရာ Swab ယူရမည့် အခြေအနေနှင့် ရင်ဆိုင် နေရပါတယ်။
အဆိုပါ ပိုးတွေ့ လူနာသည် ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ ပြန်လာသူ ဖြစ်ပြီး သနပ်ပင်မြို့ စဉ့်အိုးဘိုရွာတွင် နေထိုင်သူဟုသိရပါတယ်။ ၎င်းနှင့် ထိတွေ့ခဲ့သည့် ပဲခူးဆေးရုံကြီးမှ ဆရာဝန် သူနာပြု ဆေးရုံဝန်ထမ်း စုစုပေါင်း ကနဦး စိစစ်မှုအရ (၂၃) ဦး ရှိပြီး FQ ထား၍ ယနေ့ swab ယူရတော့မည် ဖြစ်ကြောင်း သိရှိရ ပါတယ်။ ယင်းဖြစ်စဉ် အပေါ် အခြေခံ၍ ပဲခူးဆေးရုံကြီးအနီးရှိ စားသောက်ဆိုင်တစ်ချို့က ဆေးရုံကြီးမှ ဝန်ထမ်းများ လာရောက်စားသောက်ခြင်းကို လက်မခံသည်များရှိနေခြင်း ဖြစ်ပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *