သရုပ်ဆောင် မင်းသမီးကြီး ခိုင်သင်းကြည် ရဲ့ သမီးချော လေးဖြစ်တဲ့ စံထိပ်ထားဦး ကတော့ မိခင် ရဲ့ အနုပညာသွေး အပြည့်ပါ သူလေးပဲ ဖြစ်ပါ တယ်..။ ခိုင်သင်းကြည် ရဲ့ တစ်ဦးတည်း သော သမီးလေးဖြစ် တဲ့ ထိပ်ထိပ် က လူကြီးလေး တစ်ယောက် လို အရွယ်ရောက် နေပြီဖြစ်ပေမယ့် လည်း မျက်နှာလေး က ကလေးဆန်ပြီး ချစ်ဖို့ကောင်း နေတာပဲ ဖြစ်ပါ တယ်..။ ပိုးမွေးသလို ယုယပြီး သေချာ ပြုစုခဲ့ ရတဲ့ ထိပ်ထိပ်လေးက ခိုင်သင်းကြည် ရဲ့ အချစ်ရဆုံး နဲ့ အတွယ်တာ ရဆုံး သမီးလေးဖြစ် လို့ ပရိသတ်တွေ ကလည်း အားကျ နေကြပါ တယ်..။
မိခင်နဲ့ အတူ အနုပညာ လမ်းကြောင်းထက် မှာ လျှောက်လှမ်း နေပြီဖြစ်တဲ့ ထိပ်ထိပ် လေးက ပရိသတ်တွေ ရဲ့ အားပေးအချစ် ပိုမှုကို ရရှိနေတာဖြစ် ပြီး အောင်မြင်မှုတွေ လည်း ပိုင်ဆိုင်နေ တာဖြစ်ပါ တယ်..။ ရုပ်ရှင်ဇာတ်ကားကြီး တွေမှာတော့ ပါဝင်ရိုက် ကူးလေ့မရှိ သေးတဲ့ ထိပ်ထိပ်က ကြော်ငြာ တွေနဲ့ Photo shooting တွေ ကို လက်ခံရိုက်ကူးနေ ရပြီဖြစ်ပါ တယ်..။ အနုပညာလှုပ်ရှားမှု အားလပ်ချိန် မှာတော့ TIKTOK လေး တွေ ဆော့ကစားလေ့ရှိ တာကို တွေ့ရပါ တယ်..။
ထိပ်ထိပ်က အကပိုင်းမှာ လည်း ထူးချွန်သူ ဖြစ်လို့ Tiktok ဆော့ကစားရာမှာ ပရိသတ် အကြိုက်တွေ့စေတာလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း ကကွက်ဆန်းလေးတွေ နဲ့ ကြည့်မိသူ တွေ အချစ်ပို ရလောက်အောင် ကပြ ထားပြန်ပါ တယ်..။ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာထားလေးနဲ့ ကိုယ်လုံးလေးကို လှုပ်ရမ်း ကာ အမိုက်စားကပြထားတဲ့ ထိပ်ထိပ် လေးရဲ့ ဗီဒီယိုက ပရိသတ်အကြည့် ကို ဖမ်းစားနိုင်မိ မှာ အသေအချာပဲဖြစ်လို့ ပြန် လည်ဝေမျှပေးလိုက်ပါ တယ်…။
Photo credit – San htate Htar Oo’s FB account
Zawgyi