နှမ်း(၂)ပြည် ချေးခဲ့မိတဲ့ အကြွေး ကို နွားဘဝ နဲ့ လာဆပ်ရသော မအေးဘုံ

သံသရာအကြွေး ပေးဆပ်နေရတာပါလား..

မိုးရာသီအစ၏ တစ်ခုသော နံနက်အစောတွင် ဖြစ်သည်။ မလှလူ သည် ရွာဦးဘုန်းတော်ကြီးကျောင်းက နံနက်လေးချက်တီး အုန်းမောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။

ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်း ထုပ်ပေးရန်မီးဖိုချောင်ဝင်၍ ချက်ပြုတ်ဖို့လုပ်နေတုန်း လှလူရေ ဟေ့…လှလူ၊ ခွေးကြည့်ပါဦး။ ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင် ထဲမှ ထွက်လာခဲ့သည်

ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့ အေးဘုံကိုး ဘာအရေးကြီးကိစ္စ ရှိလို့တုန်းဒီမနက်နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်ချေးပါဦး။နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင် သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကိုနှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။

မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသောသား ဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည်။သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော် ကလေး ကောင်းသည်။တစ်ချို့နေရာများတွင် အဝါရောင်ဖက် သန်းနေပြီ

မကြာမီ ရိတ်သိမ်းရတော့မည်။မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော် မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။ ခုတလော…မအေးဘုံတစ်ယောက် နေ့စဉ်လိုလိုနှမ်းခင်းသွားကြည့်သည်။ဒီနေ့နံနက် နှမ်းခင်း မှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ် အမယ်လေး ဘာကောင်ကိုက်မှန်း မသိဘူး
မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ ဝဲဘက် ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေး တစ်ကောင် ကို တွေ့ရသည်။

မအေးဘုံ မျက်လုံးအိမ်တစ်ခုလုံး ပြာဝေသွားခဲ့သည်။မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလား ထင်ရသည်။ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ်ရုတ်ချည်း ခွေလဲကျသွား ခဲ့လေသည်

မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။သည်နေ့ညဘယ်လိုဖြစ်နေသည် မသိ။မလှလူတစ်ယောက် အိပ်၍ မပျော်ပဲ ဖြစ်နေသည်။ညလုံး နီးပါး မျက်စိများက ကြောင်နေသည် လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

လှလူငါ ညည်းတို့နဲ့ လာနေမယ်နော် ညည်းကြိုက်သလို ခိုင်းပါအေ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။အသံက မအေးဘုံအသံ။မြင်ရသည့် မြင်ကွင်းက အေးဘုံမ ဟုတ်။

ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှ ထခဲ့သည်။ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တဝကြီးသောက်အပြီး အေးဘုံရယ် နှမ်းနှစ်ပြည် အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့
ငါ ကျေနပ်ပါတယ်။

အို…ဘုရား…ဘုရား…တပည့်တော်မ အိပ်မက် မဟုတ်ပါစေနဲ့။လွဲပါစေ ဖယ်ပါစေ။မကြာမီ မလှလူတို့ အိမ်က နွားမကြီး မွေးပြီးသားတင်သွားခဲ့သည်။ တိုက်ဆိုင်မှုဟု ဆိုရ မည်လား မသိ။

ထိုနွားမကြီးမွေးသော နွားကလေး မှာ အိပ်မက်ထဲက နွားမလေး အတိုင်း ပုံတူ မွေးလာခဲ့လေသည်။
မလှလူသည် မအေးဘုံတစ်ဖြစ်လဲ နွားမလေးကိုဘာမှ မခိုင်း ပဲ ဘေးမဲ့ပေး ထားခဲ့သည်။သို့သော် နွားမလေးက အလကားမနေပဲ အိမ်ရှိ ပစ္စည်းများ

ကိုစောင့်ရှောက်သည် ညညဆို အိပ်သည် မရှိ။ ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။
နွားမလေးသည် မလှလူတို့ မိသားစု အပေါ် လူတစ်ဦး တစ်ယောက်ပမာအလိုက် သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ် နေခဲ့သည်။
ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကားကြောက်စရာပင် ဖြစ်ပါတော့သတည်း။တင်ရှိနေသော အကြွေးကားကြောက်စရာပင် ဖြစ်ပါတော့သတည်း။

Source : Credit: အရှင်ပုည( ဝကုန်း )

Add a Comment

Your email address will not be published. Required fields are marked *