အိမ် မရှိလျှင် ဇိမ်မရှိနိုင် ပါ ကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများ အတွက် ရည်ရွယ်ပြီး တင်ပေးခြင်းဖြစ်ပါတယ်.

ကိုယ်ပိုင်အိမ်အရိပ် မရှိကြသေးသူများအတွက် ရည်ရွယ်ပြီး တင်ပေးခြင်းဖြစ်ပါတယ်.
အိမ် မရှိလျှင် ဇိမ်မရှိနိုင် ပါ

နံနက်စောစောထပါ ပျင်းရိခြင်း မောဟကိုပယ်ပါ။ သရဏဂုံ ၃ ပါးဆောက်တည်ငါးပါးသီလခံယူပါ အဓိဋ္ဌာန်ဝင်ပါ

ဖြစ်နိုင်ရင်ကျနော်အခု တင်ပေးထားသည့် အိမ်တော်ရာစေတီပုံတော်ကိုဝယ်ကြပါ။ မန္တလေး အိမ်တော်ရာစေတီ ရန်ကုန်အိမ်တော်ရာ စေတီကြိုက်ရာ စေတီပုံတော်ကို ဝယ်ယူထားပါ။ အိမ်ပြင်ဆောက်ရန်အတွက်အခက်အခဲဖြစ်နေကြသူများ

အိမ်ဆောက်လက်စဆက်မဆောက်နိုင်ကြသူများ အဓိဋ္ဌာန်ဝင်ကြည့်ကိုယ်တိုင်သိရပါလိမ့်မယ် လူတိုင်းကိုယ်ပိုင်အိမ်နဲ့ နေချင်ကြစမြဲပါ မကြာခင် သူရဇ္ဇမဂ္ဂဇင်းမှာ အကျယ်ပါလာပါလိမ့်မယ်။

စာမူတွေ ရောက်သွားပါပြီ။ မိမိသည်အဓိဋ္ဌာန်ဆောက်တည်ပါ ပုတီး ၂ပတ် အနည်းဆုံး စိပ်ပါ ၉ ပတ်စိပ်လျှင်ပိုကောင်းပါသည်။ သစ္စာပြု ဆုတောင်းပါ ကိုယ်ပိုင် အိမ်အရိပ် ရရှိရပါလို၏လို့။ ပုတီစိပ်ရန် ဂုဏ်တော်ကား ဗောဓိ ဗုဒ္ဓေါ မဟာဃရော။

ပုတီးတစ်လုံးဗောဓိ ဗုဒ္ဓေါ မဟာ ဆာယော။ ပုတီးတစ်လုံးအနက်မြန်မာပြန်ဗောဓိသစ္စာလေးပါးကိုသိမြင်တော်မူသောဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဃရော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အိမ်ကြီးသဖွယ်နှင့် လည်းတူတော်မူပါပေ၏

။ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသော ဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဆာယော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ်မြင့်မြတ်သော အရိပ်ကြီး သဖွယ်နှင့်လည်းတူတော်မူပါပေ၏အားလုံးကိုယ်ပိုင်အိမ် အရိပ်ရရှိကြပါစေ။

ဤမဟာဂုဏ်တော်၂ပါးကို အမြဲအာစိန္နကံအဖြစ်နေ့စဉ် ပုတီးစိပ် ပူဇော်သွားပါက ပစ္စုပ္ပန် တွင်မက သံသရာပါ ဖြစ်ရာဘဝ နေစရာ အိမ်ဘုံဗိမာန်များ အတွက် ပူစရာမလိုတော့ပဲ သိကြားဖန်ဆင်းသော အိမ်ကိုပင် နေရသော ဇောတိက သူဌေးကဲ့သို့ ဘုန်းတန်ခိုး ကြီးမားပါလိမ့်မည်။

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *