မိန်းက​လေး​များ သတိ​ပေးချင်​လို့. ကိုယ်ချစ်​လဲမရှာ သူချစ်​လဲမရှာနဲ့ လူစိတ်​ရှိတဲ့လူကိုပဲရှာပါ

မိန်းက​လေး​များ သတိ​ပေးချင်​လို့. ကိုယ်ချစ်​လဲမရှာ သူချစ်​လဲမရှာနဲ့ လူစိတ်​ရှိတဲ့လူကိုပဲရှာပါ
နှလုံး​ရောဂါရှိတယ်​ က​လေးယူမရဘူး လို့ ဆရာဝန်​​မှာထားတယ်​ သူ့​ယောက်​ကျားက က​လေးလိုချင်​တယ်​ က​လေးယူ​ပေးလို့ ခနခန​ပြောတယ်​ သူကိုယ်​ဝန်​ရှိ​နေပြီး ကျွန်​မနဲ့​ပြောပြလာတယ်​ ကျွန်​မကမယုံဘူးမယုံဘူးနင်​ငါ​ရှေ့မှာဆီးစစ်​ပြဆိုပြီး သူကစစ်ပြ​ပေးတယ်​ ကျွန်​မက​ပျော်​​လည်း​ပျော်​တယ်​ စိတ်​​လည်းပူတယ်​ သူက ကျန်​းမာ​ရေးမ​ကောင်​းဘူး ဆရာဝန်​​လေက​လေးယူရင်​အသက်​အန္တရာယ်​ရှိတယ်​လို့မှာထားတယ်​ ကျွန်​မစိတ်​ပူ​နေမိတယ်​ိကိုယ်​ဝန်​ရှိ​နေတဲ့အ​ကြောင်​းသူ​ယောကျာ်​းနဲ့ သူ​ပြောပြတယ်​ သူ​ယောကျာ်း​ပျော်​မယ်​လို့ထင်​ထားတယ်​ မပျော်တဲ့အပြင် ဖျက်​ချဖို့​ပြောလာတယ်​

နင်​ပဲလိုချင်​တယ်​ ငါရ​တော့မှ ဖျက်​ချဖို့ဆိုတာ မလုပ်​​ပေးနိုင်​ဘူးတဲ့ ကိုယ်​ဝန်​ရပြီးတယ်​​နောက်​ပိုင်း သူ​ယောကျာ်​း သူ့ကိုနည်းနည်း​လေးမှ ဂရုမစိုက်​​တော့ဘူး အိမ်​မှာမ​နေဘူး သူကနှလုံး​ရောဂါရှိတယ်​​လေ စိတ်​ဓာတ်​ကျတယ်​ စားမဝင်​အိပ်​မ​ပျော်​​တော့ဘူး ကျွန်​မက အား​ပေးစကား​ပြောတယ်​ သူ့နဲ့အ​ဖော်​​နေ​ပေးတယ်​ ​နောက်​တစ်​​နေ့မှာ သူ​ယောကျာ်းအ​မေအိမ်ပြန်​သွားတယ်​ သူကဆံပင်​​ဖျောင့်ချင်​တယ်​ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘဲ ကျွန်​မ အိမ်​ကို​ရောက်​လာတယ်​ အဲဒီ​နေ့က ကျွန်​မနားအရမ်းနာ​နေတယ်​ ​နောက်​​နေ့မှသွားလို့မရဘူးလား

သူကဒီ​နေ့ပဲ​ဖျောင့်ချင်​တယ်​ကျွန်​မက သူအမိန့်အတိုင်းပဲ ​ခေါ်ဇာမြို့မှာ ဆံပင်​သွား​ဖျောင့်တယ်​ ဆံပင်​​ဖျောင့်​နေတဲ့အချိန်​က သူ့​ယောက်​ကျား ဖုန်းဝင်​လာတယ်​ ကျွန်​မပဲကိုင်​တယ်​ သူဆံပင်​​ဖျောင့်​နေတယ်​လို့ခန​နေပြီး​တော့မယ်​ သူ့​ယောက်ကျားက ​ဒေါသထွက်​​နေတဲ့အသံ သူ့ကိုဖုန်း​ပေး​ပြောလို့ ကျွန်​မက ဖုန်း​ပေးလိုက်​တယ်​ သူတို့နှစ်​​ယောက်​ဘာ​တွေ​ပြော​နေလဲ ကျွန်​မမသိဘူး ​သေချာတာတစ်​ခုက ရန်​ဖြစ်​​နေတယ်​ သူ့ယောက်ျားက ကျွန်​မနဲ့လိုက်​တာမကြိုက်​ဘူး ကျွန်​မမသိ​အောင်​သူဖုံးကွယ်​ထားတယ်​ ကျွန်​မစိတ်​ဆိုးသွားမှာကို သူ​ကြောက်​တယ်​ သူ့​ယောက်​ကျားက အခုချက်​ချင်းပြန်​လာခဲ့လို့

​ပြောလာတယ်​ ဆံပင်​​ဖျောင့်တာမပြီး​သေးဘူး ပြီးရင်​ပြန်​လာမယ်​ သူ့​ယောက်​ကျားကမရဘူးအခုချက်​ချင်းပြန်​လာတဲ့ သူ​ယောက်​ကျားလိုက်​လာတယ်​ လမ်းမှာဆုံတယ်​ အရှိန်းနဲ့​မောင်​းလာတယ်​ ကျွန်​မဆိုင်​ကယ်​အ​ရှေ့မှာပိတ်​ရပ်​တယ်​ နှလုံး​ရောဂါ မရှိတဲ့ ကျွန်​မ​တောင်​​တော်​​တော်​လန့်သွားတယ်​ ကျွန်​မသူငယ်​ချင်းဘယ်​​လောက်​​တောင်​လန့်သွားလဲမသိဘူး ဆိုင်​ကယ်​ရပ်​ပြီး လမ်းမှာပဲ သူ့​ယောက်​ကျား သူ့ကိုလည်​ပင်ညှစ်​တယ်​ သူက​လေးတစ်​​ယောက်​လို​အော်​ငိုတယ်​ ကျွန်​မကသူ့​ယောက်​ကျာ်းကို ​တောင်းပန်​တယ်​ သူ့ကိုဒီလိုမရိုက်​ပါနဲ့ သူ​ရောဂါရှိတယ်

​ ထပ်​ခါထပ်​ခါ​တောင်းပန်​လဲ သူ့​ယောက်​ကျားသူ့ကိုလည်​ပင်​ညှစ်​ထားတုန်းပဲ လမ်းသွားလာလူ​တွေလဲ တစ်​​ယောက်​မှမကူညီကြဘူး ဘယ်​သူမှလည်း ဝင်​မကူညီရဲဘူး ကျွန်​မဘာမှမတတ်​နိုင်​​တော့ ကျွန်​မ​လေ မျက်​ရည်​ကျတယ်​ ဟိုဘက်​ကြည့်လိုက်​ဒီဘက်​ကြည့်လိုက်​ ကျွန်​မ ခြံ​စောင့်သမားဦး​လေးတစ်​​ယောက်​​တွေ့သွားတယ်​ အဲဒီဦး​လေးကို ကျွန်​မအကူညီ​တောင်းတယ်​ ဦး​လေးက​ခြေ​ထောက်​မ​ကောင်းဘူး လမ်း​လျှောက်​ထွက်​လာတယ်​ ဦး​လေးကဝင်​ကူညီ​ပေးတယ်​ ကျွန်​မတို့အိမ်​ပြန်​သွားတယ်​ တစ်​လမ်းလုံးသူငိုလာတယ်​ သူ့​ယောက်​ကျား​လေ ကျွန်​မဆိုင်​ကယ်​​နောက်​လိုက်​လာတယ်

သူအိမ်​အထိကျွန်​မလိုက်​ပို့တယ်​သူအိမ်​​ရောက်​ပြီဆို​တော့ ကျွန်​မလည်း သူများလင်​မယားကိစ္စဝင်​မပါဘူးဆိုပြီးအိမ်​ပြန်​သွားတယ်​ အဲဒီညက သူ့​ယောက်​ကျား အခန်းတံခါးပိတ်​ပြီး သူ့ကိုရိုက်​တယ်​လို့ ရပ်​ကွက်​ကလူ​တွေကျွန်​မနဲ့လာ​ပြောပြတယ်​ ကျွန်​မအရမ်း​ဒေါသထွက်​တယ်​ ကျွန်​မသူငယ်​ချင်း​နေ့တိုင်းစိတ်​ဆင်းရဲ​နေတယ်​ ကျွန်​မနဲ့လိုက်​လို့ သူရိုက်​တာတဲ့ သူအ​မေ​ပြောပြတယ်​ ကျွန်​မစိတ်​ဆိုးသွားတယ်​ သူအိမ်​မသွား​တော့ဘူး သူကမ​နေနိုင်​ဘူးကျွန်​မအိမ်​မလာရင်​ ကျွန်​မဆီလာတယ်​ စဉ်းစားကြည့်လေကျွန်​မတို့ ငယ်​​ပေါင်း​တွေ​လေ မ​တွေ့ပဲ​နေနိုင်​မလား

ကိုယ်​ဝန်​က​လေ တစ်​ဖြည်းဖြည်းကြီးလာပြီးကျန်းမာ​ရေးလည်းမ​ကောင်းဘူးဆို​တော့ အလုပ်​လုပ်​ဖို့​ပြောလာတယ်​ သူ့​ယောက်​ကျာ်းကို ပိုက်​ဆံစုဖို့​ပြောတယ်​ သူ့​ယောကျာ်းက နင်​အဲ​လောက်​ထိပိုက်​ဆံလို​နေရင်​ ဖာသည်​မ သွားလုပ်​လိုက်​ပါလားတဲ့ သူလည်းစိတ်တိုမှာ​ပေါ့​နော်​ နင်​ညီမ​လေး သုံး​ယောက်​ရှိတယ်​ ​ပေးလုပ်​လိုက်​ပါလားလို့ ​ပြော​တော့ သူ့​ယောကျ်ားကပါးရိုက်​တယ်​ ၁၀ နာရီ ​ကျော်​​နေပြီး ကျွန်​မသူငယ်​ချင်​းအ​မေအိပ်​​ပျော်​​နေပြီး သူ​ယောက်​ကျားသူ့ကိုပါးရိုက်​တာဘယ်​​လောက်​နာလဲ​တော့မသိဘူး

ကျွန်​မသူငယ်​ချင်းအ​မေနိုးလာတယ်​ အိမ်​​ပေါ်​ကမောင်းထုတ်​တယ်​ သူ့​ယောက်​ကျ်ားပြန်​သွားတယ်​ ​နောက်​သုံး​လေးရက်​ကြာ​တော့ သူတို့နှစ်​​ယောက်​ကွာရှင်းတယ်​ ပြီး​တော့ ကျွန်​မဆီ​ရောက်​လာတယ်​ သုံး​လေရက်​​တောင်​ကြာတယ်​ သူ့မျက်​နှာ​ရော​ခြေလက်​​တွေ​ရောမဲ​နေ​သေးတယ်​ ကွာရှင်းပြီး​နောက်​ပိုင်​း သူ့​ယောက်​ကျား ရည်းစား ရသွားပြီး​လေ သူကိုယ်​ဝန်​​လေ ၄ လ​ကျော်​သွားတယ်​ ​နေ့တိုင်းစိတ်​ဆင်​းရဲ​နေတယ်​ ကျန်းမာ​ရေး ကလဲမ​ကောင်းနဲ့ သူ​ယောက်​ကျား ရည်းစားရသွားပြီး ပိုပြီးခံစားရတယ်​သူက​ဆေးခန်းမကြာမကြာသွားပြရတယ်​

​သူ့​ယောက်​ကျား​လျော်​​ကြေးမ​ပေးဘူး​ဆေးခန်းတစ်​ခါပြရင်​ တစ်​ခါလာရှင်း​ပေးမယ်​​ ​ဆေးခန်းပြဘယ်​​လောက်​ကုန်​လဲ ​ဆေးခပဲ ​ပေးတယ်​ ကားခ ဘာညာဘာမ​ပေးဘူး အချိုရည်​တစ်​ဘူး​တောင်​ မ​သောက်​ရဘူး ဘယ်​​လောက်​ဝမ်းနည်းဖို့​ကောင်းလဲ ဆရာဝန်​​တွေက သူ့ကိုဂရုစိုက်​​ပေးဖို့်မှာတယ်​ မ​ကောင်းတဲ့စကား​တွေ သူ့အ​ရှေ့မာမ​ပြောပါနဲ့ တစ်​ခုခုဖြစ်​ရင်​​ဆေးခန်းလာပြပါ

ဒါ​ပေမဲ့ သူက ​နေ့တိုင်းစိတ်​ဆင်းရဲ​နေတယ်​ ကိုယ်​ဝန်​က ကြီးလာ​လေ လူက အသက်​ရှူမရလာ​လေပဲ အုန်းရည်​​သောက်​ချင်​တယ်​ ကိုယ်​​ယောက်​ကျားမရှိ​တော့ ဝယ်​​သောက်​ရတယ်​ ​​နောက်​ဆုံး ကိုယ်​ဝန်​ ၇ လ နဲ့ ကျွန်​မသူငယ်​ချင်း​လောကကြီးက ထွက်​သွားခဲ့ရပြီး စိတ်​​ရောဂါ​ကြောင့်ကျွန်​မဘယ်​သူမှအပြစ်​မတင်​ချင်တော့ပါဘူး မိန်းက​လေး​တွေကို သတိ​ပေးချင်​လို့. ကိုယ့်ချစ်​လဲမရှာ သူ့အချစ်​လဲမရှာနဲ့ လူစိတ်​ရှိတဲ့လူကိုပဲရှာပါ
စာရှည်သွားတာခွင့်လွှတ်ပါနော် အရမ်းစိတ်မကောင်းဖြစ်ရလို့ပါ

Add a Comment

Your email address will not be published. Required fields are marked *