မှတ်ဉာဏ်အားကောင်းလာအောင် အထောက်အကူပေးမယ့် အစားအစာများ

လူ့သက်တမ်း တစ်လျှောက်လုံး လေ့လာသင်ကြားမှုတွေကို ပြုလုပ်ကြရတာမို့ ဦးနှောက်နဲ့မှတ်ဉာဏ်အားကောင်းစေဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ အားတိုးဆေး အမျိုးမျိုးကိုမှီဝဲတာမျိုးတွေကိုလုပ်ဆောင်တတ်ကြပါတယ်။

ဦးနှောက်ရဲ့လုပ်ငန်းစဉ် တွေအားကောင်းပြီး အလုပ်လုပ်နိုင်စွမ်းမြင့်မားမှသာ မှတ်ဉာဏ်အားကောင်းစေမှာပါ။ လူတိုင်းဖြစ် ချင်ကြတဲ့ ဦးနှောက်နဲ့မှတ်ဉာဏ် အားကောင်းစေဖို့အတွက် အထောက်အကူပေးမယ့် အစားအသောက်တွေလည်းရှိတာမို့ ဒီအစား အသောက်တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်နဲ့ အစပြုတတ်ကြပေမယ့် ကော်ဖီမှာအဓိကပါဝင်တဲ့ ကဖိန်းဓာတ်က ဦးနှောက်ကို အကျိုးပြုစေတယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။

ကော်ဖီ

ကမ္ဘာပေါ်မှာ နေ့စဉ်ကော်ဖီသောက်သုံးသူဦးရေက ၁ဘီလီယံဝန်းကျင်ရှိတယ်လို့ အမေရိကန်ကျန်းမာရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ မှာဖော်ပြထားပါတယ်။ လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်နဲ့အစပြုတတ်ကြပေမယ့် ကော်ဖီမှာအဓိကပါဝင်တဲ့ ကဖိန်းဓာတ်က ဦးနှောက်ကိုအကျိုးပြုစေတယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။

ကဖိန်းဓာတ်က အာရုံစူးစိုက်မှုကိုလည်းကောင်းစေပါတယ်။ ကော်ဖီကို စွဲစွဲမြဲမြဲသောက်သုံးတတ်သူတွေဟာ ပါကင်ဆန်၊ အယ်လ်ဇိုင်းမားအစရှိတဲ့ရောဂါတွေကို ခံစားရလေ့မရှိဘူးလို့ ဆေးပညာမှတ်တမ်းတွေအရသိရပါတယ်။

နနွင်း

အိမ်တိုင်းရဲ့မီးဖိုချောင်ထဲမှာ နနွင်းရှိပါတယ်။ အထူးသဖြင့် မြန်မာလူမျိုးတွေရဲ့မီးဖိုချောင်မှာပေါ့။ ဟင်းချက်ရာမှာအသုံးပြုတဲ့ နနွင်းကလည်း ဦးနှောက်နဲ့မှတ်ဉာဏ်ကို အကျိုးဖြစ်ထွန်းစေပါတယ်။ နနွင်းမှာပါဝင်တဲ့ ဆိုတဲ့ ဓာတ်ပစ္စည်းဟာ အယ်လ်ဇိုင်းမား ဝေဒနာသည်တွေမှာ မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သိရပါတယ်။ နနွင်းဟာ စိတ်ကျခြ င်းကိုသက်သာ စေတယ်လို့ လည်း သိရပါတယ်။

ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းမှာ ဗီတာမင် K ဓာတ်ကြွယ်ဝပါတယ်။ သုတေသနအချို့အရ ဗီတာမင် K ပိုမိုရရှိရင် မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ ပန်းပွင့်စိမ်းမှာ ရောင်ရမ်းမှုကျစေတဲ့ ဓာတ်ပစ္စည်းပါဝင်ပြီး ဦးနှောက်ပျက်စီးခြင်းကို သက်သာစေတယ်လို့လည်းသိရပါတယ်။

ရွှေဖရုံစေ့

ရွှေဖရုံစေ့က ဦးနှောက်ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ရွှေဖရုံစေ့မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ ကြေးနီ စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဇင့်ဓာတ်ဟာ အာရုံကြောဆလ်များအကြား ဆက်သွယ်မှုအတွက် အရေးကြီးပါတယ်။ မဂ္ဂနီဆီယမ်ဟာ သင်ယူခြင်း၊ မှတ်သားခြင်းအတွက် မရှိမဖြစ် အရေးပါပါတယ်။

အဆီဓာတ်ကြွယ်ဝတဲ့ငါး

ဆယ်လ်မွန်၊ ထရောက်နဲ့ ငါးသေတ္တာငါးတွေဟာ အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေပါ။ အဆီဓာတ်ဆိုတာ Omega ဓာတ်ကို ဆိုလိုတာပါ။ ဦးနှောက်ဟာ Omega 3 ကို ဦးနှောက်ဆဲလ်များ၊ အာရုံကြောဆဲလ်များ တည်ဆောက်ရာမှာ အသုံးပြုပါတယ်။ ဒါကြောင့် Omega 3 ဟာ သင်ယူခြင်း၊ မှတ်သားခြင်း စတာတွေအတွက် မရှိမဖြစ် အသုံးဝင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *