ဘယ်အရာတွေကများ သင့်ကိုအသက်ပိုကြီးသွားတဲ့ပုံစံ ဖြစ်ပေါ်စေနိုင်တာလည်း

အဖွားကြီးအိုပေါက်စလေးလို့ အခေါ်ခံရနေပြီလား။ ကိုယ်ရှိရမယ့် အသက်အရွယ်ထက် ပိုပြီး ကြီးရင့်တဲ့ပုံ ပေါက်နေတဲ့သူတွေကို အဖွားကြီးအိုပေါက်စလေးလို့ ခေါ်လေ့ရှိကြတယ်မလား။ ဒါဆိုရင်တော့ ကိုယ်က ရှိရင်းစွဲ အသက်ထက် ပိုပြီး ကြီးရင့်တဲ့ ပုံပေါက်နေတာကို ဖြေရှင်းဖို့ လိုပြီလေ။ အသက်ပိုကြီးတဲ့ပုံ ပေါက်အောင် ဘယ်အရာတွေက လုပ်နေလဲ ဖတ်ကြည့်ရအောင်။

ကော်ဖီများများ သောက်တာ

ကော်ဖီကြိုက်လွန်း၊ သောက်လွန်းတဲ့သူတွေအတွက်တော့ သတင်းဆိုးပဲနော်။ ကော်ဖီများများ သောက်တာက ရေဓါတ်ခမ်းခြောက်ပြီး ကဖင်းဓါတ်တွေ ပိုထွက်တာက အသက်အရွယ် ကြီးရင့်စေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်များနေမှ ရမယ်ဆိုတာ မမေ့လိုက်နဲ့နော်။

ဆေးလိပ်သောက်တာ

တစ်ခါတလေတော့လည်း သောက်မိတာမျိုး ရှိတတ်တာပေါ့လေ။ ကိုယ့်ရဲ့ ရှိရင်းစွဲ အသက်ထက် ပိုကြီးစေတဲ့ အချက်တွေထဲမှာ ဆေးလိပ်သောက်တာ ပါတယ်နော်။ ဆေးလိပ်ပါတဲ့ အဆိပ်အတောက်ဓါတ်က ကိုယ့်အသားအရေရဲ့ အောက်စီဂျင်ကို ပြတ်တောက်စေတာကြောင့်ပါ။ နီကိုတင်းဓါတ်ကလည်း ရုပ်ပိုရင့်လွယ်စေတယ်လေ။

စိတ်ဖိစီးမှုနဲ့ ဒေါသထွက်လွယ်ခြင်း

စိတ်ဖိစီးမှုတွေ ရှိနေတာကလည်း ကိုယ့်ရဲ့ ဦးနှောက်ကို အလုပ်ပိုပေးသလို ဖြစ်ပြီး စိတ်ပူပင်တာတွေ ပိုဖြစ်စေတာမု့ိ အသက်အရွယ် ရင့်စေပါတယ်။ နောက်ပြီး ဒေါသထွက်လွယ်တဲ့သူတွေပေါ့။ ဒေါသထွက်တာတွေကလည်း ကိုယ့်ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှု ဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေတာမို့ ရုပ်ရင့်စေပါတယ်။

အသက်အရွယ်ကြီးရင့်တဲ့ရုပ် မပေါက်ချင်ရင် အဆင့်ကို ကျော်ခဲ့လို့ မရဘူး ချစ်တို့ရေ…။ အဆင့်ကို သေချာလုပ်ဖို့ လိုသလို အသားအရေ ထိန်းသိမ်းတဲ့ အဆင့်တွေလည်း လုပ်ဖို့ လိုပါတယ်။ ဒါမှ ရှိရင်းစွဲထက် ပိုနုနေမှာ။

လည်ပင်းနဲ့ လက်တွေကို ဂရုမစိုက်တာ

အသက်ရင့်တဲ့ပုံ မပေါက်ချင်ရင် လည်ပင်းနဲ့ လက်ကိုလည်း ဂရုစိုက်ဖို့ မမေ့နဲ့နော်။ လည်ပင်းနဲ့လက်အတွက်လည်း တွေ ထွက်တာမို့ လိမ်းပေးဦးနော်။ ဒါမှ မျက်နှာ၊ လည်ပင်းနဲ့ လက်က ညီနေပြီး အသက်ပိုငယ်သယောင် ဖြစ်မှာ။
အဝတ်အစား

ချစ်တို့လည်း အဝတ်အစားကလည်း လူတစ်ယောက်ရဲ့ အပြင်ပန်းရုပ်ရှည်ကို အများကြီး ပြောင်းလဲပေးနိုင်တာမလို့ ကိုယ်နဲ့ လိုက်ဖက်ပြီး ငယ်မယ် နုမယ် ထင်ရတဲ့အရောင်လေးတွေ ရွေးချယ်ပါ။ အရောင်ဖျော့လွန်းတာနဲ့ ခပ်ရိုးရိုးအဝတ်အစားတွေ သိပ်မဝတ်ပါနဲ့။
ဆံပင်

ချစ်တို့ရေ ဆံပင်က ဒုတိယမျက်နှာဖြစ်တာမို့ ဆံပင်ကိုလည်း ဂရုစိုက်ရပါမယ်။ ရိုးစင်းလွန်းတဲ့ ဆံပင်က ချစ်တို့ကို အဖွားကြီးအိုပေါက်စ စတိုင်လေး ဖြစ်စေတယ်နော်။ ကိုယ်နဲ့ လိုက်ဖက်မယ့် ဆံပင်လေး ညှပ်လိုက်ရင် ရုပ်ပိုနုသွားမှာ သေချာပါတယ်။

ချစ်တို့ရေ အဖွားကြီးအို ပေါက်စလေးလို မဖြစ်ရအောင် အခုပြောပြထားတဲ့ အချက်လေးတွေ သတိထားပြီး ပြင်ဆင်ပေးပါ။ ဒါဆိုရင် ချစ်တို့အတွက် ပိုတောင်နုသွားမှာပါ။

Add a Comment

Your email address will not be published. Required fields are marked *