UK ကို ခရီးသွားနေတဲ့ Crush လေးကို ခရီးမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ပိုင်တံခွန်

Posted on

နိုင်ငံကျော် မင်းသားချောလေး ပိုင်တံခွန်က အပြောအဆို ယဉ်ကျေးပြီး သိမ်မွေ့လွန်းသူတစ်ယောက်ပါပဲ။ ပိုင်တံခွန်က ရုပ်ရည်ချောမောရုံသာမကပဲ ယဉ်ကျေးတာကြောင့် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေးသူတစ်ယောက် ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာတော့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ကူးလူးပြီး အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က သူ့ရဲ့ စင်္ကာပူရောက် ပုံလေးတစ်ပုံကို တင်ရင်း ရေးထားတဲ့ စာတစ်ကြောင်းကြောင့် ပရိသတ်တွေ သဘောကျခဲ့ရပါတယ်။

ပိုင်တံခွန်က “ငါတို့ တွေ့ရင် စကားတွေ အများကြီး မပြောခဲ့ကြပေမယ့် ငါ့စိတ်ထဲမှာတော့ မင်းကအမြဲတမ်းရှိနေတယ်။ မင်းရဲ့ ခရီးစဉ်လေးမှာ ပျော်ရွှင်ပါစေ” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ပိုင်တံခွန်က ထိုင်းမင်းသမီးလေး Baifern Pimchanok ကို ရည်ရွယ်ထားတာဖြစ်ပြီး Baifern က သူ့ရဲ့ Crush လေးပါလို့ ဝန်ခံထားတာ ဖြစ်ပါတယ်။ Baifern က လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က Baifern ကို တော်တော်လေး ဂရုတစိုက်ရှိတာပဲနော်။ ပိုင်တံခွန်နဲ့ Baifern က အနုပညာလုပ်ငန်းတွေ အတူတူ လုပ်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paing Takhon’s fb

Leave a Reply

Your email address will not be published. Required fields are marked *