လူနာတင်ကား နဲ့ ရန်ကုန်ကနေ သံတွဲ ကို ဝင်လာတဲ့ လူ (၇) ဦးကို ဖမ်းမိ

လူနာတင္ကား နဲ႔ ရန္ကုန္ကေန သံတြဲ ကို ဝင္လာ တဲ့ လူ (၇) ဦးကို ဖမ္းမိ

လူနာတင္ ကားျဖင့္ ရန္ကုန္မွ သံတြဲၿမိဳ႕သို႔ခရီးသည္ပို႔ေဆာင္မွုကို (၂၃.၉.၂၀၂၀)ရက်နေ့က ဖမ္းဆီးနိုင္ခဲ့ေၾကာင္း သံတြဲၿမိဳ႕မရဲစခန္းမွူး သိရပါတယ္။

(၂၃.၉.၂၀၂၀)ရက်နေ့က သံတြဲၿမိဳ႕ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ေဇယ်မဂၢင္အသင္းတံဆိပ္ပါ ေမာ္ေတာ္ယာဥ္ကို တားဆီးစစ္ေဆးစဥ္ လူအမ်ားအျပားပါရွိသျဖင့္ စစ္ေဆးရာမွ ခရီးသည္တစ္ဦးလ်င္ ၇၀၀၀၀ စင္းလုံးငါး သုံးသိန္းခြဲျဖင့္ အခေၾကးေငြယူ၍ သယ္ေဆာင္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါလူနာတင္ယာဥ္တြင္ ခရီးသည္ ၅ ဦး ယာဥ္ေမာင္းတစ္ဦးႏွင့္ ယာဥ္ေနာက္လိုက္တစ္ဦးပါဝင္ၿပီး ခရီးသည္မ်ားမွာ ဆယ္တန္းေအာင္ေက်ာင္းသားမ်ားျဖစ္ကာ ရန္ကုန္တြင္အခက္အခဲျဖစ္ေနသည့္အတြက္ Quarantine Center တြင္ Quarantine ဝင္မည္ဟု အုပ္ခ်ဳပ္ေရးမွူးအား ႀကိဳတင္အေၾကာင္းၾကားကာ ျပန္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

မိသားစုမ်ားကလည္း Quarantine Center တြင္ ေစာင့္ဆိုင္းေနၾကေၾကာင္း၊ ယင္းတို႔မွာ ခိုးဝင္ျခင္း မဟုတ္ဘဲ ခ်ိတ္ဆက္မွုအားနည္းသြားျခင္းေၾကာင့္ ျဖစ္ေၾကာင္း စစ္ေဆးမွုျဖစ္စဥ္အနီးရွိခဲ့သည့္ သိမ္ကုန္း ဆရာေတာ္ ဦးေတဇိႏၵက ကေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ အဆိုပါခုႏွစ္ဦးကို ငပလီစာသင္ေက်ာင္း၌ အသြားအလာကန႔္သတ္မွု ေဆာက္ရြက္ ထားၿပီး သတ္မွတ္ရက္ျပည့္ပါက ႐ုံးတင္စစ္ေဆးသြားမည္ျဖစ္ေၾကာင္းလည္း သိရပါတယ္။

လူနာတင်ကား နဲ့ ရန်ကုန်ကနေ သံတွဲ ကို ဝင်လာ တဲ့ လူ (၇) ဦးကို ဖမ်းမိ

လူနာတင်ကားဖြင့် ရန်ကုန်မှ သံတွဲမြို့သို့ခရီးသည်ပို့ဆောင်မှုကို (၂၃.၉.၂၀၂၀)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သံတွဲမြို့မရဲစခန်း မှ သိရပါတယ်။

(၂၃.၉.၂၀၂၀)ရက်နေ့က သံတွဲမြို့ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇေယျမဂ္ဂင်အသင်းတံဆိပ်ပါ မော်တော်ယာဉ်ကို တားဆီးစစ်ဆေးစဉ် လူအများအပြားပါရှိသဖြင့် စစ်ဆေးရာမှ ခရီးသည်တစ်ဦးလျင် ၇၀၀၀၀ စင်းလုံးငါး သုံးသိန်းခွဲဖြင့် အခကြေးငွေယူ၍ သယ်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါလူနာတင်ယာဉ်တွင် ခရီးသည် ၅ ဦး ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးပါဝင်ပြီး ခရီးသည်များမှာ ဆယ်တန်းအောင်ကျောင်းသားများဖြစ်ကာ ရန်ကုန်တွင်အခက်အခဲဖြစ်နေသည့်အတွက် Quarantine Center တွင် Quarantine ဝင်မည်ဟု အုပ်ချုပ်ရေးမှူးအား ကြိုတင်အကြောင်းကြားကာ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မိသားစုများကလည်း Quarantine Center တွင် စောင့်ဆိုင်းနေကြကြောင်း၊ ယင်းတို့မှာ ခိုးဝင်ခြင်း မဟုတ်ဘဲ ချိတ်ဆက်မှုအားနည်းသွားခြင်းကြောင့် ဖြစ်ကြောင်း စစ်ဆေးမှုဖြစ်စဉ်အနီးရှိခဲ့သည့် သိမ်ကုန်း ဆရာတော် ဦးတေဇိန္ဒက ကပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင် အဆိုပါခုနှစ်ဦးကို ငပလီစာသင်ကျောင်း၌ အသွားအလာကန့်သတ်မှု ဆောက်ရွက် ထားပြီး သတ်မှတ်ရက်ပြည့်ပါက ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *