အ သင့္စားေ ခါက္ဆြဲေ တြအစား မ်ားၿပီး အရှေ့အာရှ နိုင်ငံတွေက ကလေးငယ်တွေ အာဟာရချိုတဲ့နေကြောင်း ယူနီဆက်ဖ်ထုတ်ပြန်

Posted on

အာရှအေ ရှ့ပိုင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ အသင့်ပြုတ်စားရတဲ့ ခေါက်ဆွဲပြုတ်တွေဟာ အဓိကဟင်းအနေနဲ့ပါဝင်နေတတ်ပါတယ်။ ကယ်လိုရီနည်းပါးလွန်းပြီး၊ ဘေးထွက်ဆိုးကျိုးပိုများပေမဲ့ စားသုံးနေရတဲ့အပေါ် ယူနီဆက်ဖ်က သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ယူနီ ဆက်ဖ်ရဲ့ ထုတ်ပြန်ကြေညာချက်က သတင်းကောင်းမဟုတ်ခဲ့ပါဘူး။ အရှေ့အာရှနိုင်ငံ သုံးနိုင်ငံဟာ ဆိုးဆိုးဝါးဝါးကို ခံစားနေရတဲ့အပြင် အာဟာရချို့တဲ့မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် သုံးနိုင်ငံမှာ အဆိုးဆုံးဖြစ်နေတဲ့ အဆိုပါထုတ်ပြန်ချက်အရ သုံးနိုင်ငံလုံးဟာ အရှေ့တောင်အာရှကဖြစ်နေတာကိုတွေ့ရပါတယ်။

အဲဒီနိုင်ငံတွေရဲ့ အသက် (၅)နှစ်အောက်ကလေးငယ်တွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အာဟာရမပြည့်ကြပါဘူး။ ပြီးခဲ့တဲ့နှစ်ကို နောက်ဆုံးထားပြီး အသက် (၅)နှစ်နဲ့ ကလေးတွေကို စစ်တမ်းကောက်ချိန်မှာ အင်ဒိုနီးရှားမှာကလေး (၂၄.၄)သန်း၊ မလေးရှားမှာ (၂.၆)သန်း၊ ဖိလစ်ပိုင်မှာ (၁၁)သန်းနဲ့ ငါးနှစ်ကလေးဟာ စုစုပေါင်း (၃၈)သန်းရှိခဲ့ပါတယ်။

အဲဒီထဲက (၄၀)ရာခိုင်နှုန်း (၁၅.၂)သန်းသော အသက် (၅)နှစ်နဲ့ (၅)နှစ်အောက်ကလေးတွေဟာ အာဟာရလုံးဝမပြည့်တဲ့ကလေးတွေပါ။ မပြည့်ရတဲ့အကြောင်းကလည်း သူတို့စားသုံးနေရတဲ့ အဓိက ဟင်းလျာက အသင့်ပြုတ်စားလို့ရတဲ့ ခေါက်ဆွဲပြုတ်တွေကြောင့်ဖြစ်နေပြီး ဒီအချက်ဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်ခဲ့ပါတယ်။

အသင့်စားခေါက်ဆွဲတွေရဲ့ အားသာချက်က ဈေးပေါပေါနဲ့ လွယ်လွယ်ကူကူရနေတာဖြစ်သလို အရသာပြင်းတဲ့အတွက် ပမာဏများအောင်ချဲ့လို့ရနေတာကြောင့်ပါ။ ဒီအချက်ဟာ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေပြီး မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ခေါက်ဆွဲခြောက်တွေ အစားအာဟာရရှိရှိကျွေးဖို့ ပိုလိုအပ်နေပြီလို့ ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့ပါတယ်။

သူရေး (ApannPyay)

Leave a Reply

Your email address will not be published. Required fields are marked *