၁၆ နှစ်သ မီးေ လး ၃ ရက်ကြာ ပျောက် ဆုံးနေ။ မိဘများကလိုက်ရှာနေသည် တွေ့ရှိပါက ကူညီပေးပါရန်

Posted on

လူေ ပျာက်ကြော်ငြာ… ကူညီပေးကြပါခင်ဗျာ။ ဒီပို့စ်ကို ကျေးဇူးပြု၍ Share ပေးခြင်းအားဖြင့် ကူညီပေးကြပါ။

ဖော်ပြပါပုံထဲက ၁၆ နှစ်အရွယ်သမီးလေးကို တွေ့ရှိခဲ့ရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးကြဖို့ပါ AlinnMyay(အလင်းမြေ) ချစ်ပရိသတ်ကြီးတို့ရေ။

“လူပျောက်ကြော်ငြာပါ။ ကူညီရှယ်ပေးပြီး တွေ့ရင် ဆက်သွယ်ပေးကြပါ။ ကူညီပေးကြပါ။ တွေ့ရင်အကြောင်းပေးကြပါ။ ဖခင်နဲ့ မိခင် ကိုယ်တိုင်ရှာဖွေနေပါသည်။ ရဲစခန်းတွတွင်လည်း လူပျောက်တိုင်ချက်ဖွင့်ထားပါသည် ” ဆိုတဲ့ ပို့စ်လေးတစ်ခုကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းကို Ye Kyaw ဆိုတဲ့ အကောင့်ပိုင်ရှင်က သတင်းပေးမျှဝေထားတာ ဖြစ်ပါတယ်ခင်ဗျာ။ သက်သေနဲ့ တကွ ဓာတ်ပုံကိုပါ တင်ရှိပေးထားတာမို့ သမီးဖြစ်သူ မခင်လေး ခေါ် ဖူးဖူး ပျောက်ဆုံးနေလို့ မိဘေ​​တွရဲ့သောကကို​ပါ ခံစားကြရမှာပါ။ ဒါကြောင့်မို့ ကရုဏာသက်စရာ မိသားစုလေးအတွက် ဒီပို့စ်လေးကို လူများများသိအောင် ရှဲပြီး အသိပေးမျှဝေပေးကြပါဦး AlinnMyay(အလင်းမြေ) ချစ်ပရိသတ်ကြီးတို့ရေ။

အဆိုပါ အသက် ၁၆ နှစ်အရွယ် သမီးလေး အမည်ကတော့ မခင်လေး ခေါ် ဖူးဖူးလို့ ခေါ်ပါတယ်။ နေရပ်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ မြို့၊ အမှတ် (၉) ရပ်ကွက်၊ (၃)လမ်းကလို့ သိရပြီး ဖခင် ဦးခင်စိုး နဲ့ မိခင် ဒေါ်ယဉ်လှတို့က သမီးလေးကို စိုးရိမ်ပူပန်စွာနဲ့ ကိုယ်တိုင်ရှာဖွေနေကြတယ်လို့ သိရပြီး လပွတ္တာ မြို့မရဲစခန်းတွင်လည်း လူပျောက်တိုင်ထားကြောင်း သိရပါတယ်။

ဖူးဖူးဟာ 17.10. 2019 ရက်နေ့ နေ့လည် လောက်က အိမ်က ထွက်သွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်မရောက်သေးသော ကြောင့် မိဘများမှ စိတ်ပူနေပါသည်။ ရောက်ရာ အရပ်မှ အမြန်ဆုံး ပြန်လာပါ ညီမလေးရေ ။

တွေ့ ရှိသူများ

09. 260272163

09. 787074211

09. 775269479

သို့ ဆက်သွယ်ပေးပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

အခုလို အမှတ်မထင် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူ့ကို ရှာမရဖြစ်နေကြရတာမို့ ဘယ်နေရာကို ရောက်ပြီး ဘာဖြစ်နေမှန်း လုံးဝ သတင်းမကြားသိရတော့တဲ့ သမီးလေးဖူးဖူးအတွက် မိဘတွေဟာ စိတ်ပူနေကြရမှာ အမှန်ပါ။

သူ့ရဲ့သမီးဖြစ်သူကို အမြန်ဆုံးပြန်လည်ရှာဖွေတွေ့ရှိနိုင်စေဖို့ မိဘတွေက တောင်းပန်ထား​ပြီး မေတ္တာရပ်ခံလို့ အကူအညီတောင်းခံထားတာဖြစ်ပါတယ်။

ပျောက်ဆုံးနေသူ သမီးလေး ဖူးဖူးရဲ့ ဓာတ်ပုံကို​ပါ တစ်ပါတည်း ဖော်ပြပေးလိုက်ရပါတယ်။

ဒီပို့စ်ကို ကျေးဇူးပြု၍ Share ပေးခြင်းအားဖြင့် ကူညီပေးကြပါနော်။ ဒီသတင်းလေးကနေတဆင့် သမီးပျောက်ဆုံးနေသူ မိသားစုလေးအတွက် facebook သုံးနေသူများဝိုင်းရှာပေးကြပါလို့ ထပ်မံမေတ္တာရပ်ခံလိုက်ပါရစေခင်ဗျာ။ မိသားစု အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ကြပါစေ။

EFIL-AlinnMyay(အလင်းမြေ) Source. Ye Kyaw

Leave a Reply

Your email address will not be published. Required fields are marked *