ပင်ပန်းလွန်းပြီး အိပ်ပျော်နေပေမယ့် ရောင်းမယ့်ပန်းကုံးလေးတွေကိုတော့ အောက်မကျစေချင်ဘူး

Posted on

ပင်ပန်းလွန်းပြီး အိပ်ပျော်နေပေမယ့် ရောင်းမယ့်ပန်းကုံးလေးတွေကိုတော့ အောက်မကျစေချင်ဘူး

ယနေ့မြန်မာပြည်တွင် မိသားစုရဲ့ အိမ်စားရိတ်ကို ကူညီပြီးရှာဖွေနေရတဲ့..ဒီလိုကလေးတွေရဲ့ဘဝမျိုး အများကြီးရှိနေပါတယ် နေရာတိုင်းလိုလို အမြဲတွေ့နေရပါတယ် ဆင်းရဲပေမယ့် တောင်းမစားဘူး ပန်းရောင်းစားတယ်

ပင်ပန်းလွန်းပြီး အိပ်ပျော်နေပေမယ့်ရောင်းမယ့်ပန်းကုံးလေးတွေကိုလက်ထဲမှာ ကိုင်ထားတာ မြဲနေရောပဲ မြင်ရတာ စိတ်မကောင်းလိုက်တာ

မြန်မာနိုင်ငံမှာ ချမ်းသာတဲ့ အလှူရှင်ကြီးတွေက ပြည့်စုံပြီးသားနေရာတွေမှာ သိန်းပေါင်း ထောင်သောင်းချီပြီး လှူနေကြတာ မကြာခဏတွေ့နေရပါတယ်

ပြည့်လျှံနေတဲ့ နေရာတွေမှာ ထပ်ထည့်နေမယ့်အစား ခုလို ကလေးတွေကို ကယ်တင်ပေးကြပါလားဗျာ.သူတို့ရဲ့ ဘ၀တစ်ခုလုံးကို မကယ်တင်ပေးနိုင်ရင်တောင် ရောင်းနေတဲ့ ပန်းလေးတွေကို အားပေးရင်း ကုသိုလ်လုပ်လို့ရပါ တယ်

ကလေးလေးရယ် သနားလိုက်တာ

photo – Zayar Zayar

Leave a Reply

Your email address will not be published. Required fields are marked *