ထူးထူးခြားခြား ဖြစ်သွားအောင် သူကိုယ်တိုင်ပဲ Rap တွေ ရွတ်ဆိုထားကာ နားဆင်ခွင့် ရတော့မဲ့ လင်းလင်း ရဲ့ NLD သီချင်းအသစ်

အောက်တိုဘာလ(၂)ရက်နေ့မှာ ကျရောက်မည့် မွေးနေ့မှာ ပရိသတ်တွေ အတွက် သီချင်းတစ်ပုဒ် ထုတ်လွှင့်ပေးမယ်လို့ လင်းလင်းက အသိပေးလာခဲ့ပါတယ် ။ လင်းလင်းကိုတော့ ဆယ်စုနှစ်တစ်စုရဲ့ ဟိုဘက် အတော်ကြာကြာကာလတစ်ခုမှာ မန္တလေးသား တေးရေးဆရာတစ်ဦးအဖြစ် စတင် သတိထားမိခဲ့ကြပြီး ဆန်းသစ်တဲ့ အတွေးစိတ်ကူးတွေ၊ ထူးခြားပြောင်မြောက်တဲ့ စကားလုံးအသုံးအနှုန်းတွေရယ်က လင်းလင်း ဆိုတဲ့တေးရေးဆရာ တစ်ယောက်ကို ဂီတနယ်ပယ်မှာ ပိုပြီး သတိပြုမိခဲ့ကြတာပဲဖြစ်ပါတယ်။သူ့ရဲ့ သီချင်းစာသားတွေဟာ တစ်ခါတစ်ရံ ကဗျာ လိုလဲ ခံစားရပြီး ခေတ်တစ်ခေတ် ရဲ့ အမှန်တရားတွေလည်း ဖြစ်နေပြန်ပါတယ်။

“ငါတို့ စိတ်ထား အလှတရား”၊ “ကျွန်တော် မြန်မာ” အစရှိတဲ့ တေးသီချင်းတွေဟာ သူ့ရဲ့ နိုင်ငံ နဲ့ လူမျိုးအပေါ် ထားရှိတဲ့ သဘောထားကို ရင်ဘတ်ထဲ အထိမြင်ယောင်နိုင်ပြီး နိုင်ငံရေးနောက်ခံ တေးသီချင်းတွေဟာ ပရိသတ်အားပေးမှု တစ်ခဲနက်ရရှိခဲ့တာပါ ။ လာမယ့် အောက်တိုဘာ (၂) ရက်မှာ မွေးနေ့ ရောက်ရှိတော့မယ့် လင်းလင်းဟာ မွေးနေ့ အမှတ်တရ အထိမ်းအမှတ်အနေနဲ့ သူချစ်တဲ့ပရိသတ်တွေကို သီချင်းတစ်ပုဒ် ထုတ်လွှင့်ပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီသီချင်းဖြစ်တည်ဖို့အတွက် နှစ်လခွဲလောက် အချိန်ယူရေးသားခဲ့ရပြီး အောက်တိုဘာ ၂ ရက်၊ သောကြာနေ့မှာ ပရိသတ်တွေ အတွက် Lyric Video တင်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

ဒီသီချင်းမှာ ရပ်(ပ်) သီဆိုရတဲ့ အပိုဒ် လည်း ပါဝင်ပြီး မူလက သူနှစ်သက်တဲ့ Rapper လူငယ် အဆိုရှင်ကို သီဆိုဖို့ ရည်ရွယ်ထားပေမယ့် ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်သွားအောင် သူကိုယ်တိုင်ပဲ Rap တွေပါရွတ်ဆိုထားတာကို နားဆင်ခံစားရမှာလည်း ဖြစ်ပါတယ်။ လင်းလင်းကို အားပေးတဲ့ ပရိသတ်ကြီးလည်း Rocker ကြီးသီဆိုမယ့် Rapping တွေကို နားဆင်ချင်နေကြ ပြီထင်ပါတယ်နော် ။

credit-cele gabar

zawgyi

ေအာက္တိုဘာ (၂) ရက္ေန႔ ေမြးေန႔ မွာ ပရိသတ္ေတြ အတြက္ သီခ်င္းတစ္ပုဒ္ ထုတ္လႊင့္ေပးမယ္လို႔ လင္းလင္းက အသိေပးလာခဲ့ပါတယ္ ။ လင္းလင္းကိုေတာ့ ဆယ္စုႏွစ္တစ္စုရဲ႕ ဟိုဘက္ အေတာ္ၾကာၾကာကာလတစ္ခုမွာ မႏၲေလးသား ေတးေရးဆရာတစ္ဦးအျဖစ္ စတင္ သတိထားမိခဲ့ၾကၿပီး ဆန္းသစ္တဲ့ အေတြးစိတ္ကူးေတြ၊ ထူးျခားေျပာင္ေျမာက္တဲ့ စကားလုံးအသုံးအႏႈန္းေတြရယ္က လင္းလင္း ဆိုတဲ့ေတးေရးဆရာ တစ္ေယာက္ကို ဂီတနယ္ပယ္မွာ ပိုၿပီး သတိျပဳမိခဲ့ၾကတာပဲျဖစ္ပါတယ္။သူ႔ရဲ႕ သီခ်င္းစာသားေတြဟာ တစ္ခါတစ္ရံ ကဗ်ာ လိုလဲ ခံစားရၿပီး ေခတ္တစ္ေခတ္ ရဲ႕ အမွန္တရားေတြလည္း ျဖစ္ေနျပန္ပါတယ္။

“ငါတို႔ စိတ္ထား အလွတရား”၊ “ကြၽန္ေတာ္ ျမန္မာ” အစရွိတဲ့ ေတးသီခ်င္းေတြဟာ သူ႔ရဲ႕ ႏိုင္ငံ နဲ႔ လူမ်ိဳးအေပၚ ထားရွိတဲ့ သေဘာထားကို ရင္ဘတ္ထဲ အထိျမင္ေယာင္ႏိုင္ၿပီး ႏိုင္ငံေရးေနာက္ခံ ေတးသီခ်င္းေတြဟာ ပရိသတ္အားေပးမႈ တခဲနက္ရရွိခဲ့တာပါ ။ လာမယ့္ ေအာက္တိုဘာ ၂ ရက္မွာ ေမြးေန႔ ေရာက္ရွိေတာ့မယ့္ လင္းလင္းဟာ ေမြးေန႔အမွတ္တရ အထိမ္းအမွတ္ အေနနဲ႔ သူခ်စ္တဲ့ပရိသတ္ေတြကို သီခ်င္းတစ္ပုဒ္ ထုတ္လႊင့္ေပးဖို႔ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီသီခ်င္းျဖစ္တည္ဖို႔အတြက္ ႏွစ္လခြဲေလာက္ အခ်ိန္ယူေရးသား ခဲ့ရၿပီး ေအာက္တိုဘာ ၂ ရက္၊ ေသာၾကာေန႔မွာ ပရိသတ္ေတြအတြက္ Lyric Video တင္ဆက္ေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

ဒီသီခ်င္းမွာ ရပ္(ပ္) သီဆိုရတဲ့ အပိုဒ္ လည္း ပါဝင္ၿပီး မူလက သူႏွစ္သက္တဲ့ ရပ္ပါ လူငယ္ အဆိုရွင္ကို သီဆိုဖို႔ ရည္႐ြယ္ထားေပမယ့္ ပရိသတ္ေတြအတြက္ ထူးထူးျခားျခားျဖစ္သြားေအာင္ သူကိုယ္တိုင္ပဲ ရပ္ပင္ေတြပါ႐ြတ္ဆိုထားတာကို နားဆင္ခံစားရမွာလည္း ျဖစ္ပါတယ္။ လင္းလင္းကို အားေပးတဲ့ ပရိသတ္ႀကီးလည္း Rocker ႀကီးသီဆိုမယ့္ Rapping ေတြကို နားဆင္ခ်င္ေနၾက ၿပီထင္ပါတယ္ေနာ္ ။

credit-cele gabar

Add a Comment

Your email address will not be published. Required fields are marked *