ဇနီးဖြစ်သူကို ကိုဗစ် ဖြစ်နေတယ် လို့ လိမ်ပြောပြီး မယားငယ် နဲ့ သွားနှပ်နေတဲ့ အမျိုးသား

Posted on

အိန္ဒိယနိုင်ငံက အမျိုးသား (၁)ဦးဟာ ကိုဗစ်ဖြစ်နေပြီလို့ သတင်းလွှင့်ပြီးနောက် နှစ်လ ကြာသည်အထိ ဘယ်သူနဲ့မှ အဆက်အသွယ်မရခဲ့ပါဘူး။ မသင်္ကာလို့ စုံစမ်းမိချိန်မှ အဲဒီအမျိုးသားမှာ တိတ်တိတ်ပုန်း ချစ်သူရှိကြောင်း မယားကြီးကသိခဲ့ရတာပါ။ အဆိုပါ အမျိုးသားဟာ အသက်(၂၈)နှစ်ဖြစ်ပြီး သူမှာကိုဗစ်ဖြစ်နေလို့ ဇနီး အနေနဲ့ လိုက်မရှာဖို့ အကြောင်း၊ ဒီပိုးကြောင့် သူကတော့ လူ့ဘဝမှာတောင် နေချင်စိတ်မရှိတော့ကြောင်း တခြားသူတွေကို ပိုးကူးမှာစိုးလို့ သတ် မှတ် ထားတဲ့ နေရာမှာသီးခြား နေထိုင်ရမှာ ဖြစ်တဲ့အကြောင်း၊ ရောဂါပျောက်လို့ အခြေအနေကောင်းတာနဲ့ ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာပြောမယ်လို့ လှည့်စားခဲ့ တာပါ။ အဲဒီ အမျိုးသားဟာ Navi Mumbai မှာ နေထိုင်သူပါ။ သူဟာ ဇူလိုင် (၂၄)ရက် ကတည်းက အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီကြားကာလမှာ မယားကြီးဖြစ်သူက

ခင်ပွန်းအနေနဲ့ ရောဂါကြောင့် စိတ်ညစ်ပြီး တစ်ခုခု လုပ်သွားမှာကိုတွေးပူခဲ့ရှာပါတယ်။ ဒါပေမယ့် ဘသားချောက မယားငယ်လို့ ပြောလို့ရတဲ့ အိမ်မှာ စည်းစိမ် အပြည့်နဲ့ နှပ်နေခဲ့တာပါတဲ့။ ခင်ပွန်းဖြစ် သူဟာ ဇနီးထံကို ဇူလိုင် (၂၄) ရက်က နောက်ဆုံး ဖုန်းဆက်ခဲ့ပြီး ဇနီးက မှာဖို့ကြားဖို့ ဖုန်းပြန်ဆက် လိုက်တဲ့ချိန်မှာတော့ စက်ကို ပိတ်ထားလိုက်ပြီလို့သိရပါတယ်။ ရက်အတန် ကြာတဲ့အခါမှာ အမျိုးသမီးဟာ သူမရဲ့မောင်ဖြစ်သူ အကူအညီနဲ့ခင်ပွန်း ပျောက်ဆုံးကြောင်း ရဲစခန်းမှာ လူပျောက် တိုင်ခဲ့ပါတယ်။ ရဲတွေကလည်း တရားဝင် Q စင်တာ တွေထံ လူပျောက် တိုင်ခံရသူရဲ့ ကိုယ်ရေး အချက်လက်ကို ပို့ပေးပြီး စုံစမ်းဖို့ တောင်းဆိုခဲ့ ပါတယ် ဒီမှာတင်ပဲ မသင်္ကာစရာ တွေဆက်တိုက် ပေါ်လာခဲ့ပါတယ် ရဲတပ်ဖွဲ့ဝင်တွေဟာ လူပျောက်တိုင်ခံရသူ

ရဲ့ ဆိုင်ကယ်၊ ဦးထုပ်၊ ဟဲလ်မတ်၊ ဘေးဆောင်လွယ်အိတ် တို့ကို Vashi မြို့က လမ်းအပိုင် (၁၇) အနီးမှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်နိုင်ခဲ့ပါတယ်။ တစ်ကိုယ်ရေ လွတ်လမ်းရှာ သွားတဲ့ပုံစံ ဖန်တီးထားတာဆိုပေမယ့် လူကိုတော့ မတွေ့ခဲ့ရပါဘူး။ နောက်ဆုံးတော့ ဇနီးရဲ့အသိုင်းအဝိုင်းက ဒီလူ့မှာ မယားငယ်ရှိတယ်ဆိုတာက စ သိသွားပါတော့တယ်။ ဖုန်းနောက်ဆုံး ပြောထားတဲ့ လိုကေးရှင်းကနေ တစ်လနီးပါးကြာ ခြေရာခံလိုက်တဲ့အခါမှာတော့ အဲဒီအမျိုးသားကို ရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ့ကို တွေ့ရတဲ့နေရာက Navi Mumbai မြို့နဲ့ မိုင်(၃၆၀)အကွာက Indore မြို့မှာ မယားငယ်အိမ်မှာဖြစ်ပါတယ်။ စက်တင်ဘာ(၁၅)ရက်မှာ အဲဒီအမျိုးသားကို ဖမ်းဆီးခဲ့ပြီး၊ ရဲက သူ့ကို စည်းမျဉ်းချိုးဖောက်မှုအတွက် အရေးယူမှာဖြစ်သလို၊ မယားကြီးမိသားစုကလည်း တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

Credit လင်းသုတ

zawgyi

အိႏၵိယႏိုင္ငံက အမ်ိဳးသား တစ္ေယာက္ဟာ မိမိ မွာ ကိုဗစ္ျဖစ္ ေနတယ္လို႔ ဇနီးကို လိမ္ညာၿပီးမ ယားငယ္ အိမ္ကို သြားေရာက္ ေနထိုင္ခဲ့ပါတယ္။သူဟာ ကိုဗစ္ျဖစ္ၿပီလို႔ သတင္းလႊင့္ ၿပီးေနာက္ (၂) ၾကာသည္အထိ ဘယ္သူနဲ႔မွ အဆက္အသြယ္မရခဲ့ပါဘူး။ မသကၤာလို႔ စုံစမ္းမိခ်ိန္မွ အဲဒီအမ်ိဳး သားမွာ တိတ္တိတ္ပုန္း ခ်စ္သူ ရွိေၾကာင္း မယား ႀကီးက သိခဲ့ရတာပါ။ အဆိုပါ အမ်ိဳးသားဟာ အ သက္ (၂၈)ႏွစ္ျဖစ္ၿပီး သူမွာကိုဗစ္ျဖစ္ေနလို႔ ဇနီးအေနနဲ႔ လိုက္မရွာဖို႔အေၾကာင္း၊ ဒီပိုးေၾကာင့္ သူကေတာ့ လူ႔ဘဝမွာေတာင္ ေနခ်င္စိတ္ မရွိေတာ့ေၾကာင္း တျခားသူေတြကို ပိုးကူးမွာစိုးလို႔ သတ္ မွတ္ထားတဲ့ ေနရာမွာ သီးျခား ေနထိုင္ရမွာ ျဖစ္တဲ့ အေၾကာင္း၊ ေရာဂါေပ်ာက္လို႔ အေျခအေနေကာင္းတာနဲ႔ ဘယ္ကို ဆက္သြယ္ရ မယ္ဆိုတာေျပာမယ္လို႔ လွည့္စားခဲ့ တာပါ။ အဲဒီအမ်ိဳးသားဟာ Navi Mumbai မွာ ေနထိုင္သူပါ။ သူဟာ ဇူ လိုင္ (၂၄)ရက္ကတည္းက အဆက္အသြယ္ မရေတာ့ဘဲ ေပ်ာက္ဆုံး သြားခဲ့ပါတယ္။ ဒီၾကားကာ လမွာ မယားႀကီးျဖစ္သူက

ခင္ပြန္းအေနနဲ႔ ေရာဂါေၾကာင့္ စိတ္ညစ္ၿပီး တစ္ခုခု လုပ္သြားမွာကိုေတြ ပူခဲ့ရွာပါတယ္။ ဒါေပမယ့္ ဘသားေခ်ာက မယား ငယ္လို႔ ေျပာလို႔ရတဲ့ အိမ္မွာ စည္းစိမ္ အျပည့္နဲ႔ ႏွပ္ေနခဲ့တာပါတဲ့။ ခင္ပြန္းျဖစ္ သူဟာ ဇနီးထံကို ဇူလိုင္ (၂၄) ရက္က ေနာက္ဆုံး ဖုန္းဆက္ခဲ့ၿပီးဇနီးက မွာဖို႔ၾကားဖို႔ ဖုန္းျပန္ဆက္ လိုက္တဲ့ ခ်ိန္မွာေတာ့ စက္ကို ပိတ္ထားလိုက္ ၿပီလို႔ သိရပါတယ္။ ရက္အတန္ ၾကာတဲ့အခါမွာ အမ်ိဳးသမီးဟာ သူမရဲ႕ေမာင္ျဖစ္သူ အကူအညီနဲ႔ ခင္ပြန္း ေပ်ာက္ဆုံးေၾကာင္း ရဲစခန္းမွာ လူေပ်ာက္ တိုင္ခဲ့ပါတယ္။ရဲေတြကလည္း တရားဝင္ Q စင္တာ ေတြထံ လူေပ်ာက္ တိုင္ခံရသူရဲ႕ ကိုယ္ေရး အခ်က္လက္ကို ပို႔ေပးၿပီး စုံစမ္းဖို႔ ေတာင္းဆိုခဲ့ ပါတယ္ ဒီမွာတင္ ပဲ မသကၤာစရာ ေတြဆက္တိုက္ ေပၚလာခဲ့ပါတယ္ ရဲတပ္ဖြဲ႕ဝင္ေတြဟာ လူေပ်ာက္ တိုင္ခံရသူ

ရဲ႕ ဆိုင္ကယ္၊ ဦးထုပ္၊ ဟဲလ္မတ္၊ ေဘးေဆာင္လြယ္အိတ္ တို႔ကို Vashi ၿမိဳ႕က လမ္းအပိုင္ (၁၇) အနီးမွာ ရွာေဖြပုံစံနဲ႔ သိမ္းဆည္ ႏိုင္ခဲ့ပါတယ္။ တကိုယ္ေရ လြတ္လမ္းရွာ သြားတဲ့ပုံစံ ဖန္တီးထားတာဆိုေပမယ့္ လူကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ေနာက္ဆုံးေတာ့ ဇနီးရဲ႕အသိုင္းအဝိုင္းက ဒီလူ႔မွာ မယားငယ္ ရွိတယ္ဆိုတာကစ သိသြားပါ ေတာ့တယ္။ ဖုန္းေနာက္ဆုံ ေျပာထားတဲ့ လိုေကးရွင္းကေန တစ္လနီးပါးၾကာ ေျခရာခံလိုက္တဲ့အခါမွာေတာ့ အဲဒီအမ်ိဳးသားကို ရဲတပ္ဖြဲ႕ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ သူ႔ကို ေတြ႕ရတဲ့ေနရာက Navi Mumbaiၿမိဳ႕နဲ႔ မိုင္ (၃၆၀) အကြာက Indore ၿမိဳ႕မွာ မယား ငယ္အိမ္ မွာ ျဖစ္ပါတယ္။ စက္တင္ဘာ(၁၅)ရက္မွာ အဲဒီအမ်ိဳးသားကို ဖမ္းဆီးခဲ့ၿပီး၊ ရဲက သူ႔ကို စည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ အေရးယူမွာျဖစ္သလို၊ မယားႀကီးမိသားစုကလည္း တရားစြဲဖို႔ ျပင္ဆင္ေနပါတယ္။

Credit လင္းသုတ