လူတွေအိမ်ထဲမှာနေရင်းနဲ့ကိုဗစ်ကို အနိုင်ယူခဲ့တဲ့ နိုင်ငံတွေနဲ့ ရွှေမြန်မာတွေ မဖြစ်မနေ လိုက်နာရမယ့်ကိစ္စ

လူေတြ အိမ္ထဲမွာ Stay at home ေနရင္း နဲ႔ ကိုဗစ္ ကို အနိုင္ယူခဲ့တဲ့ နိုင္ငံေတြနဲ႔ ေရႊျမန္မာေတြ မျဖစ္မေန လိုက္နာရမယ့္ ကိစၥ

Stay at home အမိန႔္ နဲ႔ ပတ္သက္ၿပီး ေရႊျပည္ႀကီးမွာ အမိန႔္က မရွင္းလင္းဘူး၊ နားမလည္ဘူး ဘာဘူး ညာဘူးေတြ တခ်ိဳ႕ ေျပာေနၾကတာ ေတြ႕လိုက္တယ္။ ေျပာရရင္ အဲဒီလို အမိန႔္မ်ိဳးက ဒီမွာ အေမရိကားမွာလည္း ရြာလည္တာပဲ။ ဘာလို႔ဆိုေတာ့ အေတြ႕အၾကဳံသစ္ ေရာဂါ အသစ္မွာ ၾကဳံသလို ရင္ဆိုင္ရေတာ့ ဒီလို အမိန႔္မ်ိဳးက အေတာ္ေတာ့ ဂြက်တာကိုး။

မျဖစ္မေန အလုပ္သြားရမယ့္သူေတာ့ အျပင္ထြက္လို႔ ရတယ္လို႔ ေျပာျပန္ေတာ့ အားလုံးလိုလိုက သူတို႔ လုပ္ေနရတဲ့ အလုပ္ေတြသည္ မျဖစ္မေန လို႔ ခံယူထားၾကျပန္ေတာ့ ကၽြန္ေတာ့္ အလုပ္စက္႐ုံဆိုရင္ အစိုးရက “မင္းတို႔ ပိတ္ထားေတာ့ကြာ” ဆိုၿပီး စက္႐ုံကို အတိအက် ေျပာလာမွ ၂ ပတ္လား ပိတ္ရတယ္။ တကယ္ဆို ကားပစၥည္းေတြ ထုတ္တာမ်ိဳးက မျဖစ္မေနလား၊ မထုတ္ေသးလည္း ရေသးလား ဆိုတာ မေရမရာနဲ႔ ျငင္းလို႔ အင္မတန္ေကာင္းတာမ်ိဳးကိုး။ ဒါ ဥပမာ ေပးတာပါ။

တအိမ္ တေယာက္ပဲ အျပင္ထြက္ပါ ဆိုေတာ့ တခ်ိဳ႕က လူခြဲ ထြက္ၾကတာ ရွိသဗ်။ အေရးမႀကီးရင္ အျပင္မထြက္ပါနဲ႔လို႔ ေျပာခဲ့တုန္းက “အိမ္ေမြးေခြးကေလးနဲ႔ လမ္းထြက္ေလၽွာက္တာ က်န္းမာေရးမို႔ မပိတ္ပင္သင့္ဘူး” ဆိုၿပီး ထြက္တဲ့လူက ထြက္ၾကတာပဲ။ ဒါနဲ႔ အစိုးရကလည္း “ေအး၊ အဲဒါေတာ့ ရသဟ” ျဖစ္ရျပန္တယ္။

အိမ္ထဲမွာ ေနၾကပါလို႔ အမိန႔္ထုတ္ထားတဲ့ အတြက္ သြားလာေနတဲ့ လူေတြကို ရဲက အရပ္ခိုင္းၿပီး “မင္း ဘာကိစၥ အျပင္ထြက္ေနတာလဲ” လို႔ ေမးမွာလား ဆိုျပန္ေတာ့ “ဟင့္အင္း၊ အဲဒီလိုေတြ မလုပ္ပါဘူး” …တဲ့။ “ဒါျဖင့္ မလိုအပ္ဘဲ သြားလာေနၾကသူေတြကို ဘယ္လို သိနိုင္မွာလဲ” ဆိုေတာ့ တိက်တဲ့ အေျဖက မရွိခဲ့ပါဘူး။

“ဒါ၊ အေမရိကားကြ၊ ငါ့လြတ္လပ္ခြင့္နဲ႔ငါ ငါ့ဘား ငါဖြင့္တယ္” ဆိုၿပီး သူပိုင္တဲ့ ဘားကို မပိတ္ဘဲ ဆက္ဖြင့္တဲ့လူ ရွိလို႔ ရဲက သြားအပိတ္ခိုင္းရ၊ စကားေတြ မ်ားၾကရတဲ့ သတင္းေတာင္ ဖတ္လိုက္မိပါရဲ့။ အိႏၵိယမွာ အဲဒီလို အမိန႔္မ်ိဳးထုတ္၊ အိမ္ျပင္ထြက္လာသူေတြကို ရဲက ေမးျမန္း ရိုက္ႏွက္လႊတ္တာကို ကၽြန္ေတာ္တို႔ ရယ္သြမ္းေသြးခဲ့ၾကေသးသလို သူတို႔ အတြက္ အဲဒီ နည္းလမ္းကလည္း အလုပ္မျဖစ္ခဲ့ပါဘူး။

ဒီလိုဆိုရင္ Stay at home အမိန႔္ႀကီးက အလုပ္ မျဖစ္နိုင္ေတာ့ဘူးလား ဆိုေတာ့ မဟုတ္ဘူး။ အဓိက အေရးႀကီးတာက ျပည္သူက ပူးေပါင္းပါဝင္ဖို႔ပဲ။ ဒီလို အမိန႔္မ်ိဳးက ကပ္သပ္ၿပီး လက္တလုံးျခားေတြ လုပ္ၾကဖို႔ထက္ က်န္းမာေရး အသိစိတ္နဲ႔ အညီ ပူးေပါင္းၾကဖို႔မွပဲ ေအာင္ျမင္မယ္။

“အိမ္ထဲမွာ ေနၿပီး အငတ္ေနရင္းေတာ့ အေသမခံနိုင္ဘူး၊ လမ္းေပၚထြက္ ရွာစားၿပီးေတာ့ပဲ အေသခံလိုက္ေတာ့မယ္” ဆိုတဲ့ စကားကိုလည္း ေတြ႕မိတယ္။ တစက္မွ အျပစ္တင္စရာ မရွိတဲ့ စကားမ်ိဳးပဲ။ သို႔ေသာ္ လမ္းေပၚထြက္ရင္ေတာ့လည္း လိုအပ္တဲ့ ခပ္ခြာခြာေနျခင္းေတြ၊ အကာအကြယ္ တပ္ဆင္ျခင္းေတြေတာ့ လုပ္ဖို႔ လိုမွာေပါ့။ ပူးေပါင္း ပါဝင္မွု ဆိုတာ အဲဒါကို ေျပာတာ။

အုပ္စုလိုက္ႀကီးေတြ နီျပ စိမ္းျပေနတာေတြလည္း ဒီအခ်ိန္မွာ လုံးဝ ရပ္ထားတာ အေကာင္းဆုံးပါ။ အေမ့ကို ခ်စ္တယ္ ေျပာၿပီး အေမ့စကား နားမေထာင္ရင္ အလကားပါပဲ။ လူေျပာစရာ ပိုျဖစ္ပါတယ္။

အိမ္ထဲမွာ ေနၾကပါ ဆိုတဲ့ အမိန႔္မ်ိဳးဟာ အေမရိကားမွာ မေအာင္ျမင္ခဲ့ဘူးလို႔ ေျပာလို႔ ရနိုင္တယ္။ ဒါေပမယ့္ ေအာင္ျမင္ခဲ့တဲ့ နိုင္ငံေတြ ရွိခဲ့တယ္။ ကိုးရီးယား၊ အီတလီ၊ စပိန္ တို႔လို နိုင္ငံေတြဟာ အဲဒီနည္းေတြနဲ႔ပဲ ေရာဂါ ျပန႔္ပြားမွုကို အတိုင္းအတာ တခုအထိ အေတာ္ေလး ေအာင္ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္နိုင္ခဲ့တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ျပည္သူက ပူးေပါင္း ပါဝင္လို႔ပဲ။

အိမ္ထဲမွာပဲ ေနပါ။ ထြက္သင့္တဲ့လူကေတာ့ ထြက္ပါ။ ထြက္သင့္တဲ့ ကိစၥမွပဲ အျပင္ထြက္ပါ။ ဒီအခိုက္အတန႔္ဟာ ခဏေလးလို႔ သေဘာထားပါ။ ျမန္မာနိုင္ငံ အတြက္ ကူးစက္ခံရမွု အျမင့္ဆုံး ကိန္းဂဏန္းကို တန႔္သြားနိုင္ဖို႔က ျမန္မာျပည္သူေတြ လက္ထဲမွာပဲ ရွိတယ္။

ခ်စ္ျခင္းေမတၱာျဖင့္…

ကလိုေစးထူး
စက္တင္ဘာလ ၄ ရက္၊ ၂၀၂၀ ခုႏွစ္။

လူတွေ အိမ်ထဲမှာ Stay at home နေရင်း နဲ့ ကိုဗစ် ကို အနိုင်ယူခဲ့တဲ့ နိုင်ငံတွေနဲ့ ရွှေမြန်မာတွေ မဖြစ်မနေ လိုက်နာရမယ့် ကိစ္စ

Stay at home အမိန့် နဲ့ ပတ်သက်ပြီး ရွှေပြည်ကြီးမှာ အမိန့်က မရှင်းလင်းဘူး၊ နားမလည်ဘူး ဘာဘူး ညာဘူးတွေ တချို့ ပြောနေကြတာ တွေ့လိုက်တယ်။ ပြောရရင် အဲဒီလို အမိန့်မျိုးက ဒီမှာ အမေရိကားမှာလည်း ရွာလည်တာပဲ။ ဘာလို့ဆိုတော့ အတွေ့အကြုံသစ် ရောဂါ အသစ်မှာ ကြုံသလို ရင်ဆိုင်ရတော့ ဒီလို အမိန့်မျိုးက အတော်တော့ ဂွကျတာကိုး။

မဖြစ်မနေ အလုပ်သွားရမယ့်သူတော့ အပြင်ထွက်လို့ ရတယ်လို့ ပြောပြန်တော့ အားလုံးလိုလိုက သူတို့ လုပ်နေရတဲ့ အလုပ်တွေသည် မဖြစ်မနေ လို့ ခံယူထားကြပြန်တော့ ကျွန်တော့် အလုပ်စက်ရုံဆိုရင် အစိုးရက “မင်းတို့ ပိတ်ထားတော့ကွာ” ဆိုပြီး စက်ရုံကို အတိအကျ ပြောလာမှ ၂ ပတ်လား ပိတ်ရတယ်။ တကယ်ဆို ကားပစ္စည်းတွေ ထုတ်တာမျိုးက မဖြစ်မနေလား၊ မထုတ်သေးလည်း ရသေးလား ဆိုတာ မရေမရာနဲ့ ငြင်းလို့ အင်မတန်ကောင်းတာမျိုးကိုး။ ဒါ ဥပမာ ပေးတာပါ။

တအိမ် တယောက်ပဲ အပြင်ထွက်ပါ ဆိုတော့ တချို့က လူခွဲ ထွက်ကြတာ ရှိသဗျ။ အရေးမကြီးရင် အပြင်မထွက်ပါနဲ့လို့ ပြောခဲ့တုန်းက “အိမ်မွေးခွေးကလေးနဲ့ လမ်းထွက်လျှောက်တာ ကျန်းမာရေးမို့ မပိတ်ပင်သင့်ဘူး” ဆိုပြီး ထွက်တဲ့လူက ထွက်ကြတာပဲ။ ဒါနဲ့ အစိုးရကလည်း “အေး၊ အဲဒါတော့ ရသဟ” ဖြစ်ရပြန်တယ်။

အိမ်ထဲမှာ နေကြပါလို့ အမိန့်ထုတ်ထားတဲ့ အတွက် သွားလာနေတဲ့ လူတွေကို ရဲက အရပ်ခိုင်းပြီး “မင်း ဘာကိစ္စ အပြင်ထွက်နေတာလဲ” လို့ မေးမှာလား ဆိုပြန်တော့ “ဟင့်အင်း၊ အဲဒီလိုတွေ မလုပ်ပါဘူး” …တဲ့။ “ဒါဖြင့် မလိုအပ်ဘဲ သွားလာနေကြသူတွေကို ဘယ်လို သိနိုင်မှာလဲ” ဆိုတော့ တိကျတဲ့ အဖြေက မရှိခဲ့ပါဘူး။

“ဒါ၊ အမေရိကားကွ၊ ငါ့လွတ်လပ်ခွင့်နဲ့ငါ ငါ့ဘား ငါဖွင့်တယ်” ဆိုပြီး သူပိုင်တဲ့ ဘားကို မပိတ်ဘဲ ဆက်ဖွင့်တဲ့လူ ရှိလို့ ရဲက သွားအပိတ်ခိုင်းရ၊ စကားတွေ များကြရတဲ့ သတင်းတောင် ဖတ်လိုက်မိပါရဲ့။ အိန္ဒိယမှာ အဲဒီလို အမိန့်မျိုးထုတ်၊ အိမ်ပြင်ထွက်လာသူတွေကို ရဲက မေးမြန်း ရိုက်နှက်လွှတ်တာကို ကျွန်တော်တို့ ရယ်သွမ်းသွေးခဲ့ကြသေးသလို သူတို့ အတွက် အဲဒီ နည်းလမ်းကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီလိုဆိုရင် Stay at home အမိန့်ကြီးက အလုပ် မဖြစ်နိုင်တော့ဘူးလား ဆိုတော့ မဟုတ်ဘူး။ အဓိက အရေးကြီးတာက ပြည်သူက ပူးပေါင်းပါဝင်ဖို့ပဲ။ ဒီလို အမိန့်မျိုးက ကပ်သပ်ပြီး လက်တလုံးခြားတွေ လုပ်ကြဖို့ထက် ကျန်းမာရေး အသိစိတ်နဲ့ အညီ ပူးပေါင်းကြဖို့မှပဲ အောင်မြင်မယ်။

“အိမ်ထဲမှာ နေပြီး အငတ်နေရင်းတော့ အသေမခံနိုင်ဘူး၊ လမ်းပေါ်ထွက် ရှာစားပြီးတော့ပဲ အသေခံလိုက်တော့မယ်” ဆိုတဲ့ စကားကိုလည်း တွေ့မိတယ်။ တစက်မှ အပြစ်တင်စရာ မရှိတဲ့ စကားမျိုးပဲ။ သို့သော် လမ်းပေါ်ထွက်ရင်တော့လည်း လိုအပ်တဲ့ ခပ်ခွာခွာနေခြင်းတွေ၊ အကာအကွယ် တပ်ဆင်ခြင်းတွေတော့ လုပ်ဖို့ လိုမှာပေါ့။ ပူးပေါင်း ပါဝင်မှု ဆိုတာ အဲဒါကို ပြောတာ။

အုပ်စုလိုက်ကြီးတွေ နီပြ စိမ်းပြနေတာတွေလည်း ဒီအချိန်မှာ လုံးဝ ရပ်ထားတာ အကောင်းဆုံးပါ။ အမေ့ကို ချစ်တယ် ပြောပြီး အမေ့စကား နားမထောင်ရင် အလကားပါပဲ။ လူပြောစရာ ပိုဖြစ်ပါတယ်။

အိမ်ထဲမှာ နေကြပါ ဆိုတဲ့ အမိန့်မျိုးဟာ အမေရိကားမှာ မအောင်မြင်ခဲ့ဘူးလို့ ပြောလို့ ရနိုင်တယ်။ ဒါပေမယ့် အောင်မြင်ခဲ့တဲ့ နိုင်ငံတွေ ရှိခဲ့တယ်။ ကိုးရီးယား၊ အီတလီ၊ စပိန် တို့လို နိုင်ငံတွေဟာ အဲဒီနည်းတွေနဲ့ပဲ ရောဂါ ပြန့်ပွားမှုကို အတိုင်းအတာ တခုအထိ အတော်လေး အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူက ပူးပေါင်း ပါဝင်လို့ပဲ။

အိမ်ထဲမှာပဲ နေပါ။ ထွက်သင့်တဲ့လူကတော့ ထွက်ပါ။ ထွက်သင့်တဲ့ ကိစ္စမှပဲ အပြင်ထွက်ပါ။ ဒီအခိုက်အတန့်ဟာ ခဏလေးလို့ သဘောထားပါ။ မြန်မာနိုင်ငံ အတွက် ကူးစက်ခံရမှု အမြင့်ဆုံး ကိန်းဂဏန်းကို တန့်သွားနိုင်ဖို့က မြန်မာပြည်သူတွေ လက်ထဲမှာပဲ ရှိတယ်။

ချစ်ခြင်းမေတ္တာဖြင့်…

ကလိုစေးထူး
စက်တင်ဘာလ ၄ ရက်၊ ၂၀၂၀ ခုနှစ်။

Add a Comment

Your email address will not be published. Required fields are marked *