အလွန် အကျိူးထူး စေသော ဂုဏ်တော် ကိုးပါး ပုတီး (10)ပတ် ရအောင် စိပ်နည်း လေးပါ

ဂုဏ်တော်ကိုးပါးကို ပုတီး (၁၀)ပတ် ရအောင်ခွဲ၍ စိပ်နည်း ဖြစ်ပါတယ်။မည်သည့်နေ့ သားသမီးမဆို တနင်္ဂနွေ ည(၉)နာရီမှ ည (၁၂)နာရီအတွင်း အဆင်ပြေသည့်အချိန်တွင် စိပ်ပါ။ နောက်တစ်ပတ် တနင်္ဂနွေနေ့ထိ ညရှစ်နာရီတိတိ ညစဉ်စိပ်ပါ။ နေ့စဉ် (၁၀) ပတ် စိပ်ရမှာ ဖြစ်ပါတယ် ။
စိပ်ရမယ့် အချိန် အတူတူပါဘဲ။

ဘုရားရှင်အား သောက်တော်ရေချမ်းများ ဖယောင်းတိုင် အမွှေးတိုင်များပူဇော်၍ စိပ်ပါ။သတိပြုရန်မှာ ပုတီးစိပ်နေသော ရှစ်ရက်အတွင်း မိမိအလိုချင်ဆုံး အဖြစ်ချင်ဆုံး ဆုတစ်ခုသာ တောင်းရန်ဖြစ်သည်။ ဤပုတီးစိပ်နည်းကို အလုပ်ရှာနေသော ညီမငယ်တစ်ဦးအား စိပ်စေရာ တစ်လအတွင်း ခန့်မှန်းထားသည်ထက် လစာပိုကောင်းသော အလုပ်ရသွားသည်ကို တွေ့ရပါသည်။အိမ်ထောင်ရေး အဆင်မပြေ၍ မိဘအိမ်ပြန်နေသူ ညီမငယ်တစ်ဦးက ပုတီးစိပ်ပြီး ရက် (၂၀) အကြာတွင် ခင်ပွန်းဖြစ်သူမှ မိဘများအားတောင်းပန်၍ လိုက်လံ ခေါ်ဆောင်ကြောင်း သိရပါသည်။

လူမှုရေး.စီးပွားရေး.ပညာရေး.ကျန်းမာ ရေး.အချစ်ရေး.အိမ်ထောင်ရေး မည်သည့်ကိစ္စရပ်မဆို အဆင်ပြေရန် စိပ်နိုင်ပါသည်။ (၁၀၈) လုံး ပုတီးဖြင့်သာ စိပ်ပါ။ မှတ်ချက်။ ။ ဂုဏ်တော် ဆယ်ပါး မဟုတ်ပါ။ ဂုဏ်တော် ကိုးပါးကို ပုတီး ဆယ်ပတ်ရအောင် စိပ်ခြင်း ဖြစ်ပါသည်။

zawgyi

ဂုဏ်တော်ကိုးပါးကို ပုတီး (၁၀)ပတ် ရအောင်ခွဲ၍ စိပ်နည်း ဖြစ်ပါတယ်။မည်သည့်နေ့ သားသမီးမဆို တနင်္ဂနွေ ည ကိုးနာရီမှ ည ဆယ်နှစ်နာရီးအတွင်း အဆင်ပြေသည့်အချိန်တွင် စိပ်ပါ။နောက်တစ်ပတ် တနင်္ဂနွေနေ့ထိ ညရှစ်နာရီတိတိ ညစဉ်စိပ်ပါ။ နေ့စဉ် (၁၀) ပတ် စိပ်ရမှာ ဖြစ်ပါတယ် ။စိပ်ရမယ့် အချိန် အတူတူပါဘဲ။

ဘုရားရှင်အား သောက်တော်ရေချမ်းများ ဖယောင်းတိုင် အမွှေးတိုင်များပူဇော်၍ စိပ်ပါ။သတိပြုရန်မှာ ပုတီးစိပ်နေသော ရှစ်ရက်အတွင်း မိမိအလိုချင်ဆုံး အဖြစ်ချင်ဆုံး ဆုတစ်ခုသာ တောင်းရန်ဖြစ်သည်။ ဤပုတီးစိပ်နည်းကို အလုပ်ရှာနေသော ညီမငယ်တစ်ဦးအား စိပ်စေရာ တစ်လအတွင်း ခန့်မှန်းထားသည်ထက် လစာပိုကောင်းသော အလုပ်ရသွားသည်ကို တွေ့ရပါသည်။အိမ်ထောင်ရေး အဆင်မပြေ၍ မိဘအိမ်ပြန်နေသူ ညီမငယ်တစ်ဦးက ပုတီးစိပ်ပြီး ရက် (၂၀) အကြာတွင် ခင်ပွန်းဖြစ်သူမှ မိဘများအားတောင်းပန်၍ လိုက်လံ ခေါ်ဆောင်ကြောင်း သိရပါသည်။

လူမှုရေး.စီးပွားရေး.ပညာရေး.ကျန်းမာ ရေး.အချစ်ရေး.အိမ်ထောင်ရေး မည်သည့်ကိစ္စရပ်မဆို အဆင်ပြေရန် စိပ်နိုင်ပါသည်။ (၁၀၈) လုံး ပုတီးဖြင့်သာ စိပ်ပါ။ မှတ်ချက်။ ။ ဂုဏ်တော် ဆယ်ပါး မဟုတ်ပါ။ ဂုဏ်တော် ကိုးပါးကို ပုတီး ဆယ်ပတ်ရအောင် စိပ်ခြင်း ဖြစ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *