ရန်ကုန်-မန္တလေး ကုန်စည် ပို့ဆောင်ရေး ၈၀ ရာခိုင်နှုန်း ခန့် ရပ်ဆိုင်းသွားပြီ

ရန်ကုန်-မန္တလေး ကုန်စည် ပို့ဆောင်ရေး ၈၀ ရာခိုင်နှုန်း ခန့် ရပ်ဆိုင်း သွားပြီဖြစ်ကြောင်းသိရ

ရန်ကုန်-မန္တလေးလမ်းပိုင်း တစ်လျှောက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ (၈၀) ရာခိုင်နှုန်းခန့်ရပ်ဆိုင်းနေတယ်လို့ သတင်းရရှိပါတယ်။


ရန်ကုန်မှာ Stay at Home သတ်မှတ်လိုက်ခြင်း၊ မြို့တစ်မြို့နဲ့တစ်မြို့ ဝင်ထွက်သွားလာရခက်ခဲခြင်း၊ ကွာရာတင်းဝင်စေခြင်းအပါအဝင် ရွှေလီမှာပါ ရက်ပိုင်း ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့အတွက် ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ ရပ်နားလိုက်ကြတယ်လို့ မန္တလေးတိုင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်သူရက ပြောပါတယ်။
ကုန်တင်ယာဉ်အများစုဟာ မဖြစ်မနေပို့ဆောင်ရတဲ့ စားသောက်ကုန်နဲ့ဆေးဝါးတို့ကလွဲပြီး ကျန်တဲ့ ကုန်စည်အများစု ပို့ဆောင်မှုကို ရပ်နားလိုက်တာလို့ ဆိုပါတယ်။


မန္တလေးတိုင်းဒေသကြီးအတွင်းကို ဖြတ်သန်းသွားလာမယ့် ကုန်တင်မော်တော်ယာဉ်များပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ ကိုဗစ် ရောဂါပိုးမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ၂ ပတ်အတွင်း ထုတ်ပြန်ပေးထားတဲ့ ထောက်ခံချက်ပါရှိမှ ဖြတ်သန်းခွင့်ပြုမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
အရင်က ရန်ကုန် – မန္တလေးလမ်းပိုင်း မှာ နေ့စဉ် အနည်းဆုံး ကုန်တင်ယာဉ်အစီးရေ ၆၀၀ကျော်ဖြတ်သန်းလေ့ရှိခဲ့တာပါ။

Add a Comment

Your email address will not be published. Required fields are marked *