ရဲတပ်ဖွဲ့ဝင် ကို တိုက်ခိုက်ပြီး Q စင်တာ မှ ထွက်ပြေးရန် ကြိုးစားသူအား ထောင်ဒဏ် တစ်နှစ်ခြောက်လ ချမှတ်





zawgyi
ကယားပြည် နယ်၊ လွိုင်ကော်မြို့တွင် စက်တင်ဘာ ၂၁ ရက်နေ့က လားရှိုးမြို့မှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်လာပြီး လွိုင်ကော်တက္ကသိုလ်ရှိ Q စင်တာတွင် ဝင်ရောက်နေသူ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောခူကျေးရွာမှ ဦး……… သည် Quarantine Center မှ ထွက်ပြေးရန် ပြုလုပ်နေသဖြင့်


လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများက တားမြစ်သော်လည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်အား ခိုက်ရန်ပြုပြီး ထွက်ပြေးရန် ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့် ၎င်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆/၂၉ အရ လွိုင်ကော်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်တရားရုံးမှ လက်ခံ၍ တရားလို၊ သက်သေများအား စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အမှုမှ တရားခံအား (၂၉-၉-၂၀၂၀)ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ်(၁)နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၉ အရ အလုပ်နှင့် ထောင်ဒဏ်(၆)လ စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့်(၆)လ ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *