စိုင်းထီးစိုင်ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့”ဒီဆောင်းတစ်ည”နဲ့အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့တဲ့ အေးမြဖြူ…….

မြန်မာအိုင်ဒေါကတော့ ပရိသတ်တွေအတွက်ပိုပိုပြီးတော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပါပြီ။ဒီနေ့ညကတော့ ပြိုင်ပွဲဝင်တွေအတွက် ဟေမာန်ဆောင်းသီချင်းများသီဆိုယှဉ်ပြိုင်မှုဖြစ်ပါတယ်။Top 6 တွေကတော့ အကြိတ်အနယ်ကိုယှဉ်ပြိုင်နေခဲ့ပါပြီ။

အဲ့ဒီအထဲကမှ အေးမြဖြူကတော့ပရိသတ်စိတ်ဝင်စားမှုအခံရဆုံး ပြိုင်ပွဲဝင်တွေထဲကတစ်ယောက်လည်းဖြစ်တယ်။ဒီတစ်ညမှာတော့ ပရိသတ်တွေကြားဖူးနေကြ စိုင်းထီးစိုင် ရဲ့ နာမည်ကြီး ဒီဆောင်းတစ်ညသီချင်းကို ရွေးချယ်ကာယှဉ်ပြိုင်ခဲ့ပါတယ်။

ဦးအောင်ကိုလတ်ကတော့ “မိန်းကလေးဘက်ကနေခံစားမှုအပြည့်အဝပေးနိုင်ခဲ့တယ်” ဆိုပြီးတော့ မှတ်ချက်ချခဲ့ပါတယ်။ဖြူဖြူကျော်သိန်းကတော့ ကိုယ်ပိုင်ပုံစံနဲ့ Version အသစ်နဲ့သီဆိုနိုင်တာကို ချီးကျူးခဲ့သလို ဆုံးသွားတဲ့အထိကိုနားထောင်ချင်အောင်ဆိသွားနိုင်တယ် ဆိုပြီးလည်းပြောခဲ့ပါတယ်။ဒါ့အပြင် bottom ထိုင်ရတာနှစ်ခါရှိပြီဖြစ်တဲ့ အေးမြဖြူကို လေနောက်မှာလက်ပါတဲ့ Voting လေးများရပါစေလို့ ဆုတောင်းလိုက်ပါသေးတယ်။စိုင်းထီးဆိုင်ရဲ့သီချင်းကို အကောင်းဆုံးပြန်လည်သီဆိုသွားနိုင်ခဲ့တဲ့ အေးမြဖြူကတော့ ပရိသတ်ကြီး သဘောကျနှစ်ခြိုက်မိသွားခဲ့ပြီလားနော်။

Crd-Hlataw.com

Add a Comment

Your email address will not be published. Required fields are marked *