ရန်ကုန်အပါအဝင် ဒေသအများစုအအေးပိုလာနိုင်………./

တရုတ်နိုင်ငံဘက်မှလေ အေးများ မြန်မာနိုင်ငံဘက်သို့ ဝင် လာနိုင်၍ ရန်ကုန်အပါအဝင်ဒေ သအများစုတွင် အအေးပိုလာနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုး ဦးကပြောသည်။ တရုတ်နိုင်ငံဘက်မှ လေ အေးများသည် ဗီယက်နမ်၊ လာ အို၊ ထိုင်းနှင့် မြန်မာနိုင်ငံဘက်သို့ ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အ တွင်း ဖြတ်သန်းနိုင်၍ လတ်တ လောအခြေအနေထက်ပို၍ အေး သော ရာသီဥတုကို ခံစားရမည်ဟု ၎င်းကပြောသည်။

လက်ရှိကာလသည်ဆောင်း ရာသီဖြစ်သော်လည်း ဒေသအ များစုတွင် ပုံမှန်ထက်အအေး လျော့နေသည်။ဒီဇင်ဘာ ၇ ရက်ကစ၍ က ချင်၊ ရခိုင်နှင့် ချင်းပြည်နယ်၊ စစ် ကိုင်းတိုင်းဒေသကြီးမှ လွဲ၍ကျန် ဒေသများ အအေးပိုလာနိုင်သည် ဟုဆိုသည်။ ရှမ်းပြည်နယ်သည် ကျန်ဒေသများထက် ပိုအေးနိုင် သည်ဟု သတိပေးထားသည်။

ပြီးခဲ့သည့် ရက်အနည်း ငယ်အတွင်း တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တွင် ပုံမှန်ထက် အအေးပိုပြီး အလယ်ပိုင်းဒေသ များ၌ ပုံမှန်ထက်အအေးလျော့ ကျခဲ့သည်ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင် ဘာ ၅ ရက်တွင် ထုတ်ပြန်ထား သည်။

Crd-Hlataw.com

Tags:

Add a Comment

Your email address will not be published. Required fields are marked *