မြင်ရ ကြားရသူတိုင်း အံ့သြသွားစေမယ့် ထိုင်းနိုင်ငံက Ex တစ်သိုက်နဲ့မင်္ဂလာပွဲ…………/

မင်္ဂလာဆောင်ဆိုတာ သတို့သားနဲ့သတို့သမီးတို့ ဘဝနှစ်ခုပေါင်းဖက်ရတဲ့ ပွဲတစ်ပွဲမလို့ အရှုပ်အရှင်းကင်းစွာနဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်နဲ့ လက်တွဲတွေမြဲမြဲနဲ့ အစချီရတဲ့နေ့မဟုတ်လား။ ဒါကြောင့်မင်္ဂလာဆောင်တွေဆိုရင် တော်ရုံကိုယ်နဲ့ မရှင်းမရှင်းဖြစ်ခဲ့ဖူးသူတွေကိုတောင်မှပဲ မဖိတ်တတ်ကြတာလေ။ ဒါပေမဲ့ ထိုင်းနိုင်ငံကသတို့သမီးကတော့ ဒီလိုမဟုတ်ပါဘူး။

World of Buzz အရ ထိုင်းနိုင်ငံကမင်္ဂလာပွဲတစ်ခုဟာ သတို့သမီးရဲ့ ex တစ်သိုက်နဲ့အတူတူ ပျော်ပျော်ကြီး ကျင်းပခဲ့ပါသတဲ့လေ။ Tunchanok Boonkacha ဆိုတဲ့ သတို့သမီးလေးပါ။ သူမကို Sine လို့လည်း ခေါ်ပါတယ်။ Sine ဟာ သူမရဲ့ချစ်သူနဲ့အတူတူ နိုဝင်ဘာလ ၂၅ ရက်နေ့တုန်းက လက်ထပ်မင်္ဂလာဆောင်ခဲ့ပါတယ်။ နောက် Sine တစ်ယောက်တင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် လူတွေကြားထဲ အံ့အားသင့်မှုတွေဖြစ်ခဲ့ပါတော့တယ်။

အဲဒါကတော့ သတို့သမီး၊ သတို့သားနဲ့ သတို့သမီးရဲ့ ရည်းစားဟောင်း ၃ ယောက်တို့ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့်ပါပဲ။ပုံမှာတော့ Sine နဲ့လက်တွဲထားသူဟာ သူမရဲ့သတို့သားဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့ သူမရဲ့ရည်းစားဟောင်းတွေပေါ့။ စင်ပေါ်မှာတင်မဟုတ်ဘဲ ဇာတ်လမ်းစင်ပြီးတောင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့ကြပါတယ်တဲ့လေ။ ဥပမာ ဒီလိုပုံပေါ့။ ရည်းစားဟောင်းတစ်ယောက်နဲ့ ဖက်ပြီး နှုတ်ဆက်နေတာကို သတို့သားဖြစ်သူက စိတ်ဆိုးချင်ဟန်ဆောင်ကာ မဲ့ရွဲ့နေတာမျိုးလေး။

တကယ်တော့ Sine ဟာ သူတို့သုံးယောက်စလုံးနဲ့ ပြတ်သွားပြီးသည့်တိုင်အောင် အခင်ရဆုံးမိတ်ဆွေတွေအဖြစ် ဆက်ရှိနေခဲ့တာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဒါကိုလည်း သတို့သားဖြစ်တဲ့ Pun က သိပါတယ်တဲ့။ နောက် Pun ရဲ့ အရင်ကောင်မလေးကိုလည်း မင်္ဂလာပွဲလာဖို့ ဖိတ်ခဲ့ပေမယ့် ပြည်ပကိုရောက်နေခဲ့တာကြောင့် ပွဲကိုမချိန်မှီမတက်ရောက်လာနိုင်ခဲ့တာပါတဲ့။

အဓိကကတော့ ရည်းစားဟောင်းပဲဖြစ်ဖြစ်၊ အခင်ဆုံးသူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုရှိရှိနဲ့ နားလည်နိုင်စွမ်းတွေ အပြည့်ပေးထားခဲ့မယ်ဆိုရင် တတိယလူအတွက် ဘယ်တော့မှ စိတ်ရှုပ်ရမှာမဟုတ်ပါဘူး။

ခင်ဗျားတို့ရော ရည်းစားဟောင်းကို ကိုယ့်မင်္ဂလာပွဲကျ ဖိတ်မှာလား၊ အဲဒီလောက်ခင်ရတဲ့ ရည်းစားဟောင်းရော ရှိနေလား။

Tags:

Add a Comment

Your email address will not be published. Required fields are marked *