ကိုယ်ရံတော်တွေအများကြီးနဲ့ ထိုင်းမင်းသားလေးတစ်ပါးလို ခန့်ညားနေတဲ့ ပိုင်တံခွန်…………….

နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းပြီး ယောကျာ်းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေက ပိုပြီးတော့တောင် ချစ်နေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်မှုတွေ တစ်ခဲနက် ရရှိနေတာ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ ထိုင်းနိုင်ငံ Kanchanaburi ရုပ်ရှင်ပွဲတော်ကို တက်ရောက်ရင်း Kanchanaburi မြို့လေးကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ထိုင်းနိုင်ငံရောက် ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်က ထိုင်းရိုးရာ အမျိုးသားဝတ်စုံလေးနဲ့ မင်းသားလေးတစ်ပါးလို့ ခန့်ညားသန့်ပြန့်နေတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ယောကျာ်းပီသပြီး ရှည်လျားတဲ့ အရပ်အမောင်းရှိတာကြောင့် ထိုင်းရိုးရာဝတ်စုံလေးနဲ့ အရမ်းလိုက်ဖက်နေတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ဘေးမှာလည်း ကိုယ်ရံတော်တွေအများကြီးနဲ့ဆိုတော့ ပိုင်တံခွန်က အိမ်ရှေ့မင်းသားလေးတစ်ပါးလို အရမ်းကို ကြည့်ကောင်းနေတာပဲ ဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ အမျိုးသားသရုပ်ဆောင်တွေကြားမှာ ဆံပင်ရှည်ရှည်လေးနဲ့ ထင်ပေါ်သူတစ်ယောက်မို့ မိန်းကလေး ပရိသတ်တွေက မကြွေပဲနဲ့ မနေနိုင်အောင်ကို သဘောကျနေကြတာပဲ ဖြစ်ပါတယ်။

Crd-Hlataw.com

Add a Comment

Your email address will not be published. Required fields are marked *