ပန်းရောင် သတို့သမီး ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ခေးဆက်သွင်…….

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခေးဆက်သွင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ ခေးဆက်သွင် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခေးဆက်သွင် ရဲ့ သတို့သမီးဝတ်စုံလေးနဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေးဆက်သွင်က လတ်တလောသူမသရုပ်ဆောင်ထားတဲ့ နှင်းဆီဇာတ်လမ်း တွဲမှာ ပရိသတ်အားပေးမှုများစွာရရှိနေတာပါ။သူမက နှင်းဆီဇာတ်ကောင်နဲ့ လိုက်ဖက်လွန်းတာကြောင့်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ခေးဆက်သွင် က ပန်းရောင် သတို့သမီး ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတာပဲ ဖြစ်ပါတယ်။ခေးဆက်သွင် က ” တစ်နေ့ ဘေးကသတို့သားရှိမယ့် တစ်နေ့ပင်လယ်ရေတွေ ခမ်းမယ့်တစ်နေ့” ဆိုပြီး စနောက်ထားပါသေးတယ်။

Crd-Hlataw.com

Add a Comment

Your email address will not be published. Required fields are marked *