မြန်မာအိုင်ဒေါရဲ့Top 5 မှာ ကျန်ရှိနေမယ့်ပြိုင်ပွဲဝင်တွေက ဘယ်သူတွေဖြစ်မလဲ…….
ပရိသတ်စိတ်ဝင်စားမှုများစွာရရှိထားတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးဟာ week 6 ကိုတောင်ရောက်ရှိနေခဲ့ပါပြီ။လက်ရှိအချိန်မှာလည်း ပြိုင်ပွဲဝင်(၆)ယောက်သာကျန်တော့တာပါ။လက်ရှိကျန်နေတဲ့ ပြိုင်ပွဲဝင်တွေဟာလည်း အလွန်ကိုကြိုးစားလာကြတာကိုသတိထားမိကြမှာပါ။
ဒီတစ်ပတ်မှာတော့ “ဟေမာန်ဆောင်းသီချင်းများ” သီဆိုယှဉ်ပြိုင်မှု Performance show ဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေကတော့ ပရိသတ်တွေကြားဖူးတဲ့ နာမည်ကြီးသီချင်းတော်တော်များများနဲ့ယှဉ်ပြိုင်ခဲ့ကြပါတယ်။
နော်စေးစေးထူးကတော တိုးတက်လာမှုကို ဒိုင်တွေရဲ့ချီးကျူးခြင်းခံထားရပါတယ်။ချစ်စရာကောငးအောင်ကသွားတဲ့ ယောကီးကတော့ ပရိသတ်တွေသဘောကျသလို ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားပါတယ်။အေးမြဖြူကလည်း စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်ခဲ့တာကြောင့် သဘောကျခဲ့ကြပါတယ်။
အက်စမာကတော့ ချီးကျူးစကားသံတွေဝေဆာနေတဲ့ ညတစ်ညဖြစ်ခဲ့တာပါ။မူးလာကတော့ အရင်အပတ်တွေထက်သိသိသာသာ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တာပါ။ဘင်ဂျမင်ဆုမ်းကလည်းပဲ ကောင်းမွန်တဲ့မှတ်ချက်များစွာရရှိထားပြန်ပါတယ်။ ပိုပိုပြီးစိတ်ဝင်စားစရာကောင်းလာတဲ့ မြန်မာအိုင်ဒေါကတော့ ဒီညမှာResult show ကျင်းပတော့မှာဖြစ်ပါတယ်။မြန်မာပရိသတ်ေွတွကဘယ်သူတွေကို ဝန်းရံပြီး ဘယ်သူတွေကတော့ Top 5 မှာ ကျန်မလဲဆိုတာ အရမ်းကိုရင်ခုန်စရာကောင်းနေပါပြီနော်။
zawgyi
Add a Comment
Your email address will not be published. Required fields are marked *