ကာမလိမ်လည်မှုနဲ့ တရားစွဲခံထားရတဲ့ မိုးအောင်ရင် ခရီးလွန်နေပြီး ရုံးချိန်း ပျက်ကွက်…….

ရည်းစားဟောင်းဖြစ်သူမှ သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ ပထမအကြိမ် ရုံးချိန်းကို ယနေ့၊ ဒီဇင်ဘာ ၆ ရက်နေ့၊ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ရာ စွပ်စွဲခံသူဘက်မှ ခရီးလွန်နေတာကြောင့် ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ပျက်ကွက်မှုကိုတော့ တရားလိုဘက်မှ ကန့်ကွက်ခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့ ပြန်လည် ချိန်းဆိုမှုမှာ ထပ်မံပျက်ကွက်ပါက တရားဥပဒေအရ အရေးယူသွားမယ်လို့ ရန်ကင်းမြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့ပါတယ်။

ချစ်သူကောင်မလေးဟာ သူတရားစခန်းဝင်ပြီး ပြန်ထွက်လာတဲ့အချိန်မှာ မူမမှန်ဖြစ်နေပြီး သာမန်ထက်လည်း ပိုပိန်သွားတဲ့အတွက် ဖခင်ဖြစ်သူရဲ့အကြံပေးချက်အရ ဆေးစစ်လိုက်တဲအခါမှာတော့ မူးယစ်ဆေးဝါးပြန်လည်သုံးစွဲနေတာကို သိရှိခဲ့ပြီး ဆက်လက် လက်တွဲလိုစိတ်မရှိတော့ပဲ လမ်းခွဲခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒီအတွက် သရုပ်ဆောင်မိုးအောင်ရင်ရဲ့ချစ်သူ ခင်မြတ်နိုးက မိုးအောင်ရင်ကို ကာမလိမ်လည်မှုနဲ့ ပြန်လည်တရားစွဲဆိုခဲ့တာဖြစ်ပါတယ် ။သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

zawgyi

ရည္းစားေဟာင္းျဖစ္သူမွ သ႐ုပ္ေဆာင္ မိုးေအာင္ရင္အား ကာမလိမ္လည္မႈျဖင့္ တရားစြဲဆိုထားတဲ့ ပထမအႀကိမ္ ႐ုံးခ်ိန္းကို ယေန႔၊ ဒီဇင္ဘာ ၆ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕၊ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွာ ျပဳလုပ္ခဲ့ရာ စြပ္စြဲခံသူဘက္မွ ခရီးလြန္ေနတာေၾကာင့္ ပ်က္ကြက္ခဲ့တယ္လို႔ သိရပါတယ္။အဆိုပါ ပ်က္ကြက္မႈကိုေတာ့ တရားလိုဘက္မွ ကန႔္ကြက္ခဲ့ၿပီး ဒီဇင္ဘာလ ၁၃ ရက္ေန႔ ျပန္လည္ ခ်ိန္းဆိုမႈမွာ ထပ္မံပ်က္ကြက္ပါက တရားဥပေဒအရ အေရးယူသြားမယ္လို႔ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

ခ်စ္သူေကာင္မေလးဟာ သူတရားစခန္းဝင္ၿပီး ျပန္ထြက္လာတဲ့အခ်ိန္မွာ မူမမွန္ျဖစ္ေနၿပီး သာမန္ထက္လည္း ပိုပိန္သြားတဲ့အတြက္ ဖခင္ျဖစ္သူရဲ့အႀကံေပးခ်က္အရ ေဆးစစ္လိုက္တဲအခါမွာေတာ့ မူးယစ္ေဆးဝါးျပန္လည္သုံးစြဲေနတာကို သိရွိခဲ့ၿပီး ဆက္လက္ လက္တြဲလိုစိတ္မရွိေတာ့ပဲ လမ္းခြဲခဲ့တယ္လို႔ သိရပါတယ္ ။ အဲ့ဒီအတြက္ သ႐ုပ္ေဆာင္မိုးေအာင္ရင္ရဲ့ခ်စ္သူ ခင္ျမတ္နိုးက မိုးေအာင္ရင္ကို ကာမလိမ္လည္မႈနဲ႔ ျပန္လည္တရားစြဲဆိုခဲ့တာျဖစ္ပါတယ္ ။သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကိုေတာ့ ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္နိုးက နိုဝင္ဘာလ ၂၂ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕၊ ရန္ကင္းၿမိဳ႕နယ္ တရား႐ုံးမွာ ရာဇသတ္ႀကီးပုဒ္မ ၄၁၇ ျဖင့္ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *