ချင်းတိုင်းရင်းသားတီရယ်ထန်း တောင်ကိုရီးယားနိုင်ငံသားကို အနိုင်ရ……

ချင်း တိုင်းရင်းသား တီရဲလ်ထန် အနေနဲ့ မွေးရပ်မြေ မြန်မာပြည်ရဲ့ ပြင်ပမှာ ပထမဆုံး အကြိမ် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲကို ကွာလမ်လာပူမှာ ဒီညနေ ထိုးသတ်ခဲ့ရာ ကိုရီးယားပြိုင်ဘက် ကင်မ်ကို ဒိုင်လူကြီး အမှတ်နဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။ မြေပြင် ချုပ်ကွက်တွေမှာရော၊ လက်သီးထိုးတွေမှာပါ အသာစီးယူနိုင်ခဲ့တဲ့ တီရဲလ်ထန်ကို ဒိုင် ၃ ယောက်လုံးက တညီတညွတ်တည်း အနိုင်ပေးခဲ့ပါတယ်။

တောင်ကိုရီးယားပြိုင်ဘက် ကင်ဝန်ချွမ်း နဲ့ ပွဲမတိုင်ခင်ကတည်းက နံရိုးကျိုးဒဏ်ရာ ရရှိထားခဲ့တယ်လို့ တီရယ်ထန်းက ပြောပါတယ်။ တီရယ်ထန်းအနေနဲ့ ပွဲအပြီး အနိုင်ရ ခဲ့ပြီးနောက်မှ ဒဏ်ရရရထားတဲ့ အကြောင်း ပြေယကြားခဲ့တာဖြစ်ပြီး အောင်လအန်ဆန်ရဲ့ တိုက်တွန်းမူ ကြောင့် ဆက်လက်ထိုးသတ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ မေလက ရန်ကုန်မှာ ကစားခဲ့တဲ့ သူ့ရဲ့ ONE ချန်ပီယံရှစ် သိုင်းပေါင်းစုံ MMA ပွဲဦးထွက် နိုင်ပွဲနဲ့ နှိုင်းယှဉ်ရင် တီရဲလ်ထန်ဟာ သိသိသာသာ နည်းဗျူဟာပိုင်း တိုးတက်လာတာကို တွေ့ရပါတယ်။

လေ့ကျင့်ရင်းနံရိုးကျိုး ဒဏ်ရာရခဲ့လို့ ပွဲ ဖျက်လို့က်ဖို့ စဉ်းစားခဲ့ပေမယ့်လည်း အချိန်ကြာကြီးလေ့ကျင့်ထားခဲ့ပြီးမှ ဒီပွဲကို လွဲချော်လို့မဖြစ်ကြောင်း အောင်လအန်ဆန် ရဲ့ တိုက်တွန်းမူကလည်း ပွဲကိုဆက်လက်ထိုးသတ် ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့တီရယ်ထန်းကပြောပါတယ်။ချင်းတိုင်းရင်းသားတီရယ်ထန်းဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်းပွဲ တွေ ဆက်လက်ထိုးသတ်မှာဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်တဲ့အထိ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Axiata Arena မှာNE Championship ”Mark of Greatness ” ယှဉ်ပြိုင်ထိုးသတ်ပွဲတွင် ချင်းတိုင်းရင်းသား Tial “The Dragon Leg” Thang နှင့် တောင်ကိုးရီးယားနိုင်ငံသား Kim Woon Kyoum ယှဉ်ပြိုင်ထိုးသတ်ကြရာမှာ Tial “The Dragon Leg” Thang ကအနိုင်ရရှိသွားခဲ့ပါပြီ။

တတိယအချီအထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာမှ အမှတ်နဲ့အနိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါပွဲကို မြန်မာပြည်စပါးအုံမြွေအောင်လအန်ဆိုင်းကိုယ်တိုင် ချင်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်ရုံဝတ်ဆင်လျက် Tial “The Dragon Leg” Thang ဘက်က ထောက်ပံ့ကူညီမှုများ ပေးသွားခဲ့ပါတယ်။

zawgyi

ခ်င္း တိုင္းရင္းသား တီရဲလ္ထန္ အေနနဲ႔ ေမြးရပ္ေၿမ ျမန္မာျပည္ရဲ႕ ျပင္ပမွာ ပထမဆုံး အႀကိမ္ သိုင္းေပါင္းစုံ MMA ၿပိဳင္ပြဲကို ကြာလမ္လာပူမွာ ဒီညေန ထိုးသတ္ခဲ့ရာ ကိုရီးယားၿပိဳင္ဘက္ ကင္မ္ကို ဒိုင္လူႀကီး အမွတ္နဲ႔ အနိုင္ယူ နိုင္ခဲ့ပါတယ္။ ေျမျပင္ ခ်ဳပ္ကြက္ေတြမွာေရာ၊ လက္သီးထိုးေတြမွာပါ အသာစီးယူနိုင္ခဲ့တဲ့ တီရဲလ္ထန္ကို ဒိုင္ ၃ ေယာက္လုံးက တညီတညြတ္တည္း အနိုင္ေပးခဲ့ပါတယ္။

ေတာင္ကိုရီးယားၿပိဳင္ဘက္ ကင္ဝန္ခၽြမ္း နဲ႔ ပြဲမတိုင္ခင္ကတည္းက နံရိုးက်ိဳးဒဏ္ရာ ရရွိထားခဲ့တယ္လို႔ တီရယ္ထန္းက ေျပာပါတယ္။ တီရယ္ထန္းအေနနဲ႔ ပြဲအၿပီး အနိုင္ရ ခဲ့ၿပီးေနာက္မွ ဒဏ္ရရရထားတဲ့ အေၾကာင္း ေျပယၾကားခဲ့တာျဖစ္ၿပီး ေအာင္လအန္ဆန္ရဲ့ တိုက္တြန္းမူ ေၾကာင့္ ဆက္လက္ထိုးသတ္ဖို႔ဆုံးျဖတ္ခဲ့တာလို႔ ေျပာ ပါတယ္။

ေလ့က်င့္ရင္းနံရိုးက်ိဳး ဒဏ္ရာရခဲ့လို႔ ပြဲ ဖ်က္လို႔က္ဖို႔ စဥ္းစားခဲ့ေပမယ့္လည္း အခ်ိန္ၾကာႀကီးေလ့က်င့္ထားခဲ့ၿပီးမွ ဒီပြဲကို လြဲေခ်ာ္လို႔မျဖစ္ေၾကာင္း ေအာင္လအန္ဆန္ ရဲ့ တိုက္တြန္းမူကလည္း ပြဲကိုဆက္လက္ထိုးသတ္ ဖို႔ တြန္းအားျဖစ္ေစခဲ့တယ္လို႔တီရယ္ထန္းကေျပာပါတယ္။ခ်င္းတိုင္းရင္းသားတီရယ္ထန္းဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြင္းပြဲ ေတြ ဆက္လက္ထိုးသတ္မွာျဖစ္ၿပီး ကမၻာ့ခ်န္ပီယံ ျဖစ္တဲ့အထိ ရည္မွန္းထားတယ္လို႔ ေျပာပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *