ရုပ်ရှင်ရိုက်ဖို့အောက်ကျို့ပြောတာတောင် မခေါ်ကြတော့ဘူးဆိုတဲ့ ဧရာ……

ဟာသသရုပ်ဆောင် လူရွှင်တော် ဧရာကို ပရိသတ်တွေတော်တော်များများက ငယ်စဉ်ကတည်းက Video တွေ ရုပ်ရှင်တွေမှာ ဇာတ်ရုပ်ပေါင်းစုံနဲ့မြင်ဖူးပြီး ရင်းနှီးနေခဲ့သလို မြန်မာကားတွေမှာ ဧရာမပါရင်တစ်ခုခုလိုနေသလိုမျိုးခံစားရလောက်အောင် ဧရာက ရုပ်ရှင်ကားတိုင်းနီးပါးမှာ ပါဝင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်ပါတယ်အခုတော့ ဦးဧရာဟာ ဇရာထောက်လာပြီဖြစ်တဲ့အလျောက် ရုပ်ရှင်ဗီဒီယိုတွေရိုက်ရတာကျဲပါးလာပြီဖြစ်ပြီး ကျန်းမာရေးကလည်း သိပ်မကောင်းတော့တာကြောင့် ပရိသတ်တွေနဲ့အနည်းငယ်အလှမ်းဝေးသလိုဖြစ်နေခဲ့တာပါ။

ဦးဧရာက မကြာသေးမီက အကုန်သိ မီဒီယာနဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေကိုပြောပြထားပြီး ရုပ်ရှင်ရိုက်ဖို့မခေါ်ကြတော့တဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်ထားပါတယ် ဦးဧရာက လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေအကြောင်း “ပြဇာတ်တွေဘာတွေကတယ်။ သီချင်းတွေဘာတွေဆိုတယ်။ ရယ်စရာတွေပြောပေါ့နော်။အဲဒါတွေလုပ်နေတယ်။ လူကောင်းလောက်တော့မဟုတ်ဘူးပေါ့နော်။ ခါးလေးနာရင်ပြန်ထိုင်လိုက် ပြီးရင်ပြန်ထပြီးပြောလိုက်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ကျန်းမာရေးမကောင်းပေမယ့် အလုပ်လုပ်နေတဲ့အကြောင်းလည်း “ကျန်းမာရေးကိုစိုးရိမ်နေရင်တော့ ဦးဘယ်တော့မှဒီအလုပ်ပြန်လုပ်ဖြစ်မှာမဟုတ်ဘူးလေ။ အဲ့တော့ ဖြစ်ခါမှဖြစ်ရော အခွင့်အရေးရသလောက်လေးတော့ လုပ်ချင်တယ်”လို့ ဖြေကြားထားပါတယ်။ကျန်းမာရေးချူချာနေတဲ့ ဦးဧရာက ဘုရားတရားတွေလုပ်ဖြစ်နေတယ်လို့လည်း “အခု ဦးက ရွှေသောင်ယံဘက်မှာ ကိုကျော်သူတို့နဲ့အတူ ဗြဟ္မစိုရ် အောင်တော်မူစေတီတည်နေတယ်ပေါ့။ ရွှေတိဂုံပုံ ညဏ်တော်ဆယ့်ရှစ်တောင်ရှိတယ်ပေါ့။အဲဒါတည်တဲ့အထဲမှာ နာယကအဖြစ်ပါပြီးဝင်လုပ်နေတယ်။အဲဒါလုပ်လို့လည်းကျန်းမာရေးပြန်ကောင်းလာတယ်လို့ထင်တယ်။ဦးတိို့အသက်အရွယ်က ကိုုယ်ဘယ်လောက်နေရမလဲဆိုတာ သက်တမ်းချိန်လို့ရပါတယ်။ ကိုယ့်ဟာကိုယ်တွက်ချက်ပြီးလုပ်သင့်တာလုပ်သွားရမယ်ဆိုတဲ့သဘောပါ”လို့ ပြောထားပါတယ်။

ဇာတ်ကားတွေရိုက်ဖို့ကို အောက်ကျို့ပြီးပြောနေပေမယ့်လည်းမခေါ်ကြတဲ့အကြောင်း “ဦးက လက်ခံဖို့ပြောတယ်ပေါ့နော်။ တစ်ခါမှအောက်မကျို့ဖူးဘူး။အခု အောက်ကျို့ခံပြီးပြောတယ်။ ခေါ်ပါကွာ။ ပြေးတာလွှားတာတော့မရဘူးပေါ့။စကားပြောတဲ့အခန်း လမ်းလျှောက်ပြီးသွားတဲ့အခန်းဘာညာတော့ ရိုက်လို့ရနေပါပြီ။ ပြေးတဲ့လွှားတဲ့အခန်းရိုက်ချင်ရင်တော့ ဓားအစစ်နဲ့လိုက်အဲဒါဆိုကြောက်ပြီးပြေးရင်ပြေးမယ်ပေါ့။ ဒါပေမယ့်ခေါ်တာရှားပါတယ်။မခေါ်ကြပါဘူး။ ရိုက်တာလည်းနည်းပးါတယ်။ ရိုက်တဲ့အားလည်းမရှိကြလို့ပါ။

အခုတော့ ဦးကိုယ်တိုင်ရေးထားတဲ့ တစ္ဆေရွေးကောက်ပွဲဆိုတာလေးကို ဆရာသီကိုအပ်ထားတယ်။ ဇာတ်လမ်းတွဲပေါ့။ episode 20 အထိရေးထားပြီးသား။ ဒါလေးကိုရိုက်ချင်တယ်။ ပရိသတ်တွေလည်းအဲဒါလေး ရိုက်ခွင့်ရအောင်ဆုတောင်းပေးကြပါ”လို့ ရင်ဖွင့်ပြောပြထားပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *