မိမိနေတဲ့အိမ်မှာ လာဘ်လာဘ ပေါများစေ ဖို့ ဆောင်ရန်/ရှောင်ရန် အချက်များ

မိမိနေတဲ့အိမ်မှာ လာဘ်လာဘပေါများစေ ဖို့ ဆောင်ရန်/ရှောင်ရန် အချက်များ

လာဘ် မတိတ်အောင် ဒါတွေဆောင်

အိမ်ထောင်စုတစ်ခုသာယာချမ်းမြေ့စေခြင်းမှာ စီးပွားရေးကဏ္ဍမပါမဖြစ်ပါနေသည် ။ လာဘ်လာဘတွေ ပွင့်လန်းနေပါမှ လိုရာဆန္ဒတွေ ပြည့်ဝစွာ ဖန်တီးနိုင်လျက် ပျော်ရွှင်စရာကောင်းနေလိမ့်မည်သာ ဖြစ်၏။

“အလုပ်လည်း ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားထုတ် လုပ် ဆောင်ကြည့်တာပါပဲ။ ဒါပေမဲ့ အဆင်ပြေတယ်ရယ်လို့ မရှိဘူး။ ပိတ်လည်း ပိတ်တဲ့လာဘ်လို့တောင် ညည်းတွားရမလိုပဲ။ အဲဒါဘာတွေ ဖြစ်နေလို့လဲဟင်”

တစ်နေ့ မှာတော့ စာရေးသူထံသို့ အိမ်နီးချင်း ညီမငယ် ယဉ်ထွေးနိုင် ရောက်လာသည်။ သူတို့ အိမ်ထောင်စုကလေးက လူဦးရေ သိပ်မများလှ။ သူမ၏ခင်ပွန်းကလည်း ရိုးသားကြိုးစားသူပါပေ။ သို့ပါသော်ငြား လာဘ်လာ ဘတွေက ဝင်သင့် သလောက် မဝင်။ သည်တော့လည်း သူမ၏အိမ်သို့ ရောက်ပြီး အနေအထားတွေကို လေ့လာကြည့်ရသည်။

“အိမ်ရှင်မဆိုတာ ပေါ့သေးသေး မဟုတ်ဘူး။ ညီမရဲ့ လာဘ်လာဘ ပွင့်လန်းအောင် ဖန်တီးနိုင်သလို ပိတ်ဆို့အောင်လည်း လုပ်နိုင်တယ်။ ခု ညီမတို့ လာဘ်လာဘတွေ ပိတ်နေတယ်မဟုတ်လား”

“ဟုတ်တာပေါ့” “အဲဒီတော့ လာဘ်မပိတ်အောင်ရှောင်ရမယ့် ကိစ္စတွေကို ပြောပြမယ်။ အဲဒီအချက်တွေ ကိုယ့်အိမ်မှာ ဖြစ်နေရင် တိုက်ဆိုင်နေရင် ရှောင်ပေါ့ ကွယ်” သို့ဆိုရင်း စာရေးသူလည်း လာဘ်မပိတ်အောင် ရှောင်ရမည့် ကိစ္စ များကို သတိပေး ပြောကြားမိပါတော့သည်။

၁။ ဈေးဆိုင်ဖွင့်ထားပါက ဈေးဦးပေါက် စတင် ရောင်းချစဉ် အကြွေး မဖြစ်စေရ။  ၂။ နံနက်အိပ်ရာထ၌ မျက်နှာမသစ်၊ သွားမတိုက်ဘဲ အစားမစားရ၊ ဧည့်ခန်းတွင် ငူငေါင်ကာ ထိုင်ငေးမနေရ။  ၃။ ညအိပ်ရာဝင်တော့မည်ဆိုပါက ခြေလက်မဆေးဘဲ မဝင်ရ။  ၄။ စားသုံးထားသော အိုးပန်းကန် ခွက်ယောက်များကို မဆေးကြောဘဲ ညသိပ်မထားရ။

၅။ ဈေးဆိုင်၊ အလုပ်စားပွဲ စသည်တို့ကို နောက်ခိုင်း၍ မထိုင်ရ။ အလုပ် စားပွဲပေါ်သို့ တက်ထိုင်ခြင်း၊ အိပ်စက်ခြင်း မပြုလုပ်ရ။  ၆။ နံနက်စောစော(သို့မဟုတ်) ညဘက်၌ ခြေသည်း၊ လက်သည်းများ လှီးဖြတ်ခြင်း မပြုလုပ်ရ။ ၇။ နံနက်စောစော၌ ဆဲဆိုခြင်း၊ ကြိမ်း မောင်းခြင်း၊ ငိုကြွေးခြင်း၊ အမင်္ဂလာစကား ပြောခြင်း တို့ မပြုရ။  ၈။ နံနက်စောစော၌ ကျက်သရေ ကင်းမဲ့သော သီချင်းများ၊ ဇာတ်လမ်းများ မဖွင့်ရ။

၉။ နံနက်စောစော၌ မေထုံမှီဝဲခြင်း မပြုလုပ်ရ။  ၁၀။ အိမ်ရှေ့မျက်နှာစာ၌ လမ်းဘက်သို့ နောက်ခိုင်း မထိုင်ရ။
၁၁။ အိမ်ဝင်ပေါက်ရှေ့၌ ကြိုးတန်း၊ ဝါးလုံး တန်းများ သွယ်တန်း မထားရ။ ၁၂။ အိမ်ရှေ့မျက်နှာစာ၌ အမျိုးသမီး အတွင်းခံအဝတ်များမလှန်းရ။ ၁၃။ အိမ်ရှေ့မျက်နှာစာ၌ ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။ ၁၄။ နံနက်စောစော လေမချွန်ရ၊ ဇယ်မခုတ်ရ။

(၁၅) ဈေးဆိုင်ခုံဖြစ်စေ၊ အလုပ်စားပွဲဖြစ်စေ အရောင်းကောင်တာ ဖြစ်စေ စသည်တို့ပေါ်တွင် မေးမထောက်ရ၊ လက်မထောက်ရ။ (၁၆) သောက်ရေအိုးမှ ရေဖြင့် လက်မဆေးရ။ (၁၇) သောက်ရေအိုးမှရေဖြင့် မျက်နှာမသစ်ရ။ (၁၈) အိမ်ရှေ့ခန်း၌ မီးပူ၊ မီးဖိုတို့ မထားရ။

အထက်ပါအချက်များကို ရှောင်ကြဉ်ကြမည်ဆိုလျှင်ဖြင့် ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်လျက် ကြံတိုင်းအောင်၊ ဆောင်တိုင်း မြောက်ကြပါမည့်အကြောင်း ရေးသားတင်ပြလိုက်ရပါ၏။

သုတေသီဆရာငြိမ်း

Add a Comment

Your email address will not be published. Required fields are marked *