အိမ်ပြန်ခရီးမှာ ဒေသခံပြည်သူတွေရဲ့ တစ်ခဲနက်ကြိုဆိုအားပေးခြင်းခံခဲ့ရတဲ့ နော်စေးစေးထူး

နော်စေးစေးထူးကတော့ မြန်မာအိုင်ဒေါဆန်ကာတင်(၁၁)ယောက်စာရင်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ “ဆောင်းရာသီအမှတ်တရ” သီချင်းများသီဆိုယှဉ်ပြိုင်မှုအပတ်မှာ ပြိုင်ပွဲကိုနူတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

လီဆူးနဲ့ကရင်စပ်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ နော်စေးစေးထူးဟာ အသံကာလာထူးခြားကောင်းမွန်တဲ့အပြင် သီချင်းတွေကို စီးမျောခံစားပြီး သီဆိုနိုင်တာကြောင့် ပြိုင်ပွဲစဉ်တလျှောက်လုံးမှာတစ်ကြိမ်သာရမယ့် အခွင့်အရေးတစ်ခုဖြစ်တဲ့ ဒိုင်တွေရဲ့ Safe လုပ်ခြင်းကို ခံခဲ့ရသူပါ။ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီးနောက် ဒီနေ့မနက်မှာတော့ နေရပ်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ကချင်မြေမှ တစ်ခဲနက်ကြိုဆိုနူတ်ခွန်းဆက်ခဲ့ကြတာဖြစ်ပါတယ်။ နော်စေးစေးထူးကိုတော့ ဒေသခံတွေက မြစ်ကြီးနားလေယာဉ်ကွင်းမှာ မနက်(၁၀)နာရီတုန်းက ကြိုဆိုခဲ့ကြပြီး ကားနဲ့မြို့တွင်းနူတ်ဆက်ဖို့ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

နေ့လည်(၂)နာရီမှာတော့ မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက်မှာရှိတဲ့ လီဆူစာပေယဉ်ကျေးမှုဗဟိုကွင်းမှာ ဂုဏ်ပြုအခမ်းအနားကျင်းပခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စေးစေးကတော့ နယ်ခံတွေရဲ့တစ်ခဲနက်ကြိုဆိုအားပေးခြင်းကို ရရှိခဲ့တာမို့ ပျော်နေမယ်လို့ထင်ပါတယ်နော်။ စေးစေးရဲ့ပရိသတ်ကြီးအတွက်လည်း စေးစေးကိုကြိုဆိုနေတဲ့ ပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *