အစွမ်းထက် တင်းတိပ်ပျောက် မြန်မာ့ဆေးနည်းကောင်း လုပ်ကြည့်ပါ (လက်တွေ့)

တင်းတိပ်တွေပျောက်ကင်းဖို့ အတွက် အောက်ပါဆေးနည်းလေးကို လုပ်ကြည့်လိုက်ပါ တကယ်လက်တွေ့ စမ်းသပ်ထားပြီး ကိုယ်တွေ့ပျောက်ကင်းသွားတဲ့ အစွမ်းထက် တင်းတိပ်ပျောက်ဆေး ဆေးနည်းကတော့

(၁) မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေနဲနဲထည့်ပြီး မပျစ်မကျဲလေး ဖျော်ထားပါ ။

(၂) အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာ မှာ လိမ်းထားလိုက်ပါ လိမ်းခါစ မျက်နှာတွင် စပ်ဖျင်းဖျင်းကလေး ဖြစ်နေပြီး အေးအေးလေးနဲ့ မျက်နှာတင်းတင်းလေးရှိနေမှာပါ ။ အပြင်သွားခါနီး၊ အလုပ်သွားခါနီး မှ အဲဒီ မန်ကျည်းမှည့်လိမ်းထားတာကို ရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာလိမ်းပြီးသွားပေါ့။

(၃) ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ပြီး အဲဒီမန်ကျည်းမှည့်ဖျော်ရည်ကို မျက်နှာမှာ ပါးပါးလေးလိမ်းပြီး အိပ်လိုက်ပါ ။တစ်နေ့ (၂)ကြိမ်လောက် လိမ်းပေးရင်ရပါတယ် ။ (၁၀)ရက် ၊ (၁၅)ရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။ အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်း ဆေးနည်းနဲ့ သဘာဝအတိုင်း မျက်နှာလေးတင်းပြီး နုချောလာတာကို တွေ့ရမှာပါလို့ လက်တွေ့စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါတယ်။ တင်းတိပ်ဆိုတာ မျက်နှာအသားကို နေပူလောင်တာ၊ မီးပူ မိတာကစတာပါ မီးအပူနဲ့ချက်ရပြုတ်ရ တာတွေလည်း ပါတာပေါ့။

ကျွန်တော် အဲဒီနည်းကို အစ်မကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ်ခိုင်းတာ (၁၀)ရက် – (၁၅)ရက်အတွင်း သိသိသာသာပျောက် သွားတာတွေကို မျက်မြင်တွေ့ရလို့ မျှဝေပေးတာပါ ။

ကိုးကား

(၁) မကွေးဝင်းမြင့် ( တိုင်းရင်းဆေးပညာရှင် )

(၂) ကိုယ့်မိသားစုဝင်များ ၊ နီးစပ်ရာ အစ်မကြီး များအား လက်တွေ့ စမ်းသပ် လေ့လာ ပျောက် ကင်းသွားမှုများကြောင့် မျှဝေပေးလိုက်ပါတယ်။

(၃) သတိထားရမှာက လတ်ဆတ်တဲ့မန်ကျည်းမှည့်ဖြစ်ပြီး ကြာရှည်ခံဆေးဝါးမသုံးတဲ့မန်ကျည်းမှည့်ကို အသုံးပြုပါ ။

REF: ပျိုမေတို့ကမ္ဘာ

Zawgyi

တင္းတိပ္ေတြေပ်ာက္ကင္းဖို႔ အတြက္ ေအာက္ပါေဆးနည္းေလးကို လုပ္ၾကည့္လိုက္ပါ တကယ္လက္ေတြ႕စမ္းသပ္ထားၿပီး ကိုယ္ေတြ႕ေပ်ာက္ကင္းသြားတဲ့ အစြမ္းထက္ တင္းတိပ္ေပ်ာက္ေဆး ေဆးနည္းကေတာ့

(၁) မက်ည္းသီးမွည့္ နည္းနည္းကို ခြက္တစ္ခုထဲမွာေရနဲနဲထည့္ၿပီး မပ်စ္မက်ဲေလး ေဖ်ာ္ထားပါ ။

(၂) အဲဒီ မက်ည္းမွည့္ ေဖ်ာ္ရည္ကို မနက္အိပ္ရာထ မ်က္ႏွာသစ္ၿပီး မ်က္ႏွာ မွာ လိမ္းထားလိုက္ပါ လိမ္းခါစ မ်က္ႏွာတြင္ စပ္ဖ်င္းဖ်င္းကေလး ျဖစ္ေနၿပီး ေအးေအးေလးနဲ႔ မ်က္ႏွာတင္းတင္းေလးရွိေနမွာပါ ။ အျပင္သြားခါနီး၊ အလုပ္သြားခါနီး မွ အဲဒီ မန္က်ည္းမွည့္လိမ္းထားတာကို ေရနဲ႔ မ်က္ႏွာသစ္ၿပီးဖ်က္ၿပီး သနပ္ခါး ၊ မိတ္ကပ္ လိမ္းခ်င္ရာလိမ္းၿပီးသြားေပါ့။

(၃) ညအိပ္ရာဝင္ခါနီး မ်က္ႏွာသစ္ၿပီး အဲဒီမန္က်ည္းမွည့္ေဖ်ာ္ရည္ကို မ်က္ႏွာမွာ ပါးပါးေလးလိမ္းၿပီး အိပ္လိုက္ပါ ။တစ္ေန႔ (၂)ႀကိမ္ေလာက္ လိမ္းေပးရင္ရပါတယ္ ။ (၁၀)ရက္ ၊ (၁၅)ရက္ေလာက္ လိမ္းၾကည့္ရင္ကို သိသာလာမွာပါ ။ အႏၲရာယ္ မရွိတဲ့ ျမန္မာ့ တိုင္းရင္း ေဆးနည္းနဲ႔ သဘာဝအတိုင္း မ်က္ႏွာေလးတင္းၿပီး ႏုေခ်ာလာတာကို ေတြ႕ရမွာပါလို႔ လက္ေတြ႕စမ္းသပ္ခဲ့ၿပီး ေျပာလိုက္ပါတယ္။ တင္းတိပ္ဆိုတာ မ်က္ႏွာအသားကို ေနပူေလာင္တာ၊ မီးပူ မိတာကစတာပါ မီးအပူနဲ႔ခ်က္ရျပဳတ္ရ တာေတြလည္း ပါတာေပါ့။

ကၽြန္ေတာ္ အဲဒီနည္းကို အစ္မႀကီးေတြ ၊ ညီမေတြကို ေပးၿပီး စမ္းသပ္ခိုင္းတာ (၁၀)ရက္ – (၁၅)ရက္အတြင္း သိသိသာသာေပ်ာက္ သြားတာေတြကို မ်က္ျမင္ေတြ႕ရလို႔ မၽွေဝေပးတာပါ ။

ကိုးကား

(၁) မေကြးဝင္းျမင့္ ( တိုင္းရင္းေဆးပညာရွင္ )

(၂) ကိုယ့္မိသားစုဝင္မ်ား ၊ နီးစပ္ရာ အစ္မႀကီး မ်ားအား လက္ေတြ႕ စမ္းသပ္ ေလ့လာ ေပ်ာက္ ကင္းသြားမႈမ်ားေၾကာင့္ မၽွေဝေပးလိုက္ပါတယ္။

(၃) သတိထားရမွာက လတ္ဆတ္တဲ့မန္က်ည္းမွည့္ျဖစ္ၿပီး ၾကာရွည္ခံေဆးဝါးမသုံးတဲ့မန္က်ည္းမွည့္ကို အသုံးျပဳပါ ။

REF: ပ်ိဳေမတို႔ကမၻာ