ရှောင်ရှားအပ်သော ကံညံ့တတ်သည့် အပြုအမူ များနှင့် နမိတ်ကြီးများ (များများသိအောင် ရှဲလ်ထားပေးနော်)



CRD: Cele City

Unicode

(၁) မှန်ကွဲဆိုမကြည့်နဲ့ မသုံးပါနှင့် ကံညံ့တတ်၏။ မျက်မှန်ကွဲ ဖုန်းမှန်ကွဲ လည်း တူတူပါပဲ။(၂) ညစာ စားရင်း သီချင်းမဆိုပါနှင့် မကောင်းဆိုးဝါး ဝင်စားတတ်၏ (၃) လေမိုးကျချိန် အဝတ်အစား အနီရောင်ဝတ်ပြီး အပြင်မထွက်ပါနှင့် မိုးကြိုးပစ်ခံရတတ်၏။ (၄)ကလေးငယ်များ အပေါ် ခုန်ကျော် မကစားပါနှင့် ထိုကလေး သက်ဆိုးမရှည်ဖြစ်တတ်၏။ (၅) အိမ်ရှေ့ တရော်ထုပ် မချိတ်ပါနှင့် အိမ်ရှိလူများ ကျန်းမာရေး ညံ့တတ်၏ ။(၆) နှစ်ယောက်ထိုင်ခုံ တစ်ယောက်တည်းထိုင်ရင် ထောင့်ကပ်မထိုင်ပါနဲ့ ငှက်ပျောတုံး ဖက်ရတတ်၏။

(၇) ဓား ၊ ကတ်ကြေးလက်ဆောင် မပေးပါနဲ့ ကိုယ့်လာပေးလျှင်လည်း ငွေအနည်းငယ် စတိ ပြန်ပေးပါ ထိုသူနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး လမ်းခွဲရတတ်၏။(၈) ကတ်ကြေး မကစားပါနှင့် ကံဆိုးခြင်း ကို ဖိတ်ခေါ်တတ်၏။ (၉) အဝါရောင်ပန်း လက်ဆောင် မပေးပါနဲ့ လက်ခံသူ ကံဆိုးတတ်၏။ (၁၀) စားပွဲပေါ် ဖိနပ်မတင်ပါနှင့် ဖိနပ်ပိုင်ရှင် ထိုအိမ်မှ ထွက်ခွာသွားရတတ်၏ (၁၁) ညအခါ နောက်ပြန်လမ်းမလျှောက် မိပါ‌စေနှင့် နာနာဘာဝ တို့ ကိုယ့် နောက် လိုက်လာတတ်၏။ (၁၂) ထောင်ထားသည့်လှေကားအောက် ဖြတ်မလျှောက်ပါနှင့် ကံဆိုးတတ်၏ (၁၃) စကားပြိုင်တူပြောမိလျှင် ဂေါ်မ စွံဖြစ်တတ်ပါသည် ပြောမိရင် ကိုယ့်နှာခေါင်းပြန်ကိုင်လိုက်ပါ…။

CRD: Cele City