မြန်မာပြည် မှာ ကိုဗစ် ပိုးတွေ့ရှိမှုနှုန်း လျော့လာပေမယ့်လည်း သေဆုံးမှုနှုန်း မြင့်တက်လာနေရတဲ့ အကြောင်းရင်း

အောက်တိုဘာ (၉)ရက် သုံးသပ်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ သေနှုန်းက ဘာကြောင့်တက်လာတာလဲ?

ကိုဗစ်ကြောင့် သေဆုံးနှုန်းကို လူနာတွေထိုးတက်လာတဲ့ စက်တင်ဘာ(၂၁) ကနေ (၃၀)အထိ ပြန်ကြည့်ပါက တစ်ရက်ပျမ်းမျှ (၁၅)ယောက်သေပါတယ်။ အောက်တိုဘာ(၁) ကနေ(၉)အထိ ပြန်တွက်တာ တရက်ပျမ်းမျှ (၂၈) ယောက်ခန့်သေပါတယ်။

သေဆုံးမှု အများဆုံးနေရာတွေက အောက်တိုဘာ(၅)ရက်အထိ ဒေတာအရဆိုရန်ကုန်က (၂.၈) ရာနှုန်း၊မွန်ပြည်နယ်က ၂.၂၈ ရာနှုန်း၊ ပဲခူးက (၀.၆)ရာနှုန်း မန္တလေးက (၀.၄) ရာနှုန်း၊ ရခိုင်က ၀.၃ ရာနှုန်း ကိုဗစ်လူနာများတဲ့ နိုင်ငံတိုင်းနေရာ တိုင်း လူသေနှုန်းမမြင့်ပါဘူး ပုံကိုကြည့်ရင်မြန်မာကသူများတွေလို ကေစ့်များလို့ အချိုးကျ သေနှုန်းများတာနဲ့မတူပဲ တစုံတရာကြောင့် case သိန်းမချီသေးတာတောင်မှ သေနှုန်းက ၉၀ ဒီဂရီ နီးပါး ထိုးတက်လာတာတွေ့ရပါမယ်

ဘယ်လိုနေရာတွေ နိုင်ငံတွေ သေတာများလဲအရည်အသွေးရှိ ကျန်းမာရေးစောင့်ရှောက်မှု quality care လို့ ခေါ်တဲ့ ဝန်ဆောင်မှုတွေ လျော့ကျသွားရင် သေနှုန်းတွေ တက်လာပါတယ်။ ဥပမာ ဆေးရုံတော့ တက်ပါတယ် ဆရာဝန် အောက်ဆီဂျင် အာဟာရ ဆေးဝါး အစစအရာရာ မနိုင်မနင်းဖြစ်နေရင် အသက်ကြီးသူတွေ သေပါတယ်။

အောက်တိုဘာ ပထမပတ်ပျမ်းမျှ (၂၈) ယောက်ရှိပါတယ် ဒုတိယပတ်ကို စောင့်ကြည့်ပါ ပိုများလာပြီဆို Refine strategy လိုနေပါပြီ။ တနာရီကို ပျမ်းမျှ တယောက်ကျော်သေနေတာ ကို ဘယ်လိုဆွဲချမလဲ ဆိုတာအရေးတကြီးစဉ်းစား ရပါတော့မယ်

ဒီတိုင်း ဆက်သွားမယ်ဆို လူနာသိန်းချီ ရှိနေတဲ့ နိုင်ငံတွေ ရဲ့သေနှုန်းကို လူနာသောင်းဂဏာန်းပဲရှိတဲ့ မြန်မာက (၂) ပတ်အတွင်း ဖြတ်ကျော်သွားပြီး မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုက ဒါပဲလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်ရတော့မှာပါ။

တစ်ကမ္ဘာလုံး စုစုပေါင်းသေနှုန်းမှာ မြန်မာကဒီနေ့ အဆင့် ၇၅ နေရာကို တက်လှမ်းလာပြီး နေ့စဉ် လူနာသစ် သေနှုန်းမှာတော့အဆင့် (၁၈) နေရာ ဆင်းသွားပါတယ်။

ဒေါက်တာဉာဏ်,ဘန်ကောက်၊ အောက်တိုဘာ(၉)

လူ့အသက်တွေတန်ဖိုးရှိပါတယ်