အောက်တိုဘာ(၁၃)ရက်နေ့မှ စပြီး ရန်ကုန်ဘက်မှ အမြန်လမ်းပေါ်တက်မည့် ယာဉ်များအားလုံး ကိုဗစ် ကင်းစင်ကြောင်း ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုမည်

အောက်တိုဘာ(၁၃)ရက်နေ့မှ စပြီး ရန်ကုန်ဘက်မှ အမြန်လမ်းပေါ်တက်မည့် ယာဉ်များအားလုံး ကိုဗစ် ကင်းစင်ကြောင်း ထောက်ခံစာပါမှ ဖြတ်သန်းသွားခွင့်ပြုမည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး မှထုတ်ပြန်လိုက်သည်

အောက်တိုဘာလ(၁၃)ရက်နေ့ နံနက်(ဝ၆းဝဝ)အချိန်မှစတင်၍ အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၀/၅)နှင့်(၀/၆)အကြား ရန်ကုန်-မန္တလေးသွားလမ်း၌

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအမံဖြင့်ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းမှအမြန် လမ်းမကြီးပေါ်သို့ တက်ရောက်လာသည့်ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကိုယ်ပိုင်ယာဉ်များအားလုံး မှယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါသူအားလုံးတွင်

ကိုဗစ် ၁၉ ရောဂါပိုးမရှိကြောင်းထောက်ခံစာပါရှိခြင်း ရှိ/မရှိစစ်ဆေးသွားမည်ဖြစ်ပြီးထောက်ခံစာပါရှိသူများကိုဆက်လက် သွားလာစေမည်ဖြစ်ပါတယ်လို့ဆိုပါတယ်

ထောက်ခံစာမပါရှိသည့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့်ယာဉ်ပေါ်ပါရှိသူများအားကျန်းမာရေးဝန်ထမ်းများ၏စစ်ဆေးမှုခံယူပြီး ကိုဗစ် ၁၉ ရောဂါပိုးမရှိကြောင်းစစ်ဆေးတွေ့ရှိမှသာ ထောက်ခံချက်ပေးပြီးဆက်လက်သွားလာစေမည် ဖြစ်ပါတယ်လို့သတိပေးချက်ထုတ်ပြန် ထားပါတယ်။

Zawgyi


