တရုတ် က ဘယ်လိုပဲ ခြိမ်းခြောက်ပြီးတားနေလည်း ထိုင်ဝမ် သို့ ခေတ်မီဒရုန်းနှင့် ဒုံး ကျည်များရောင်းချရေး အမေရိကန်တို့ ရှေ့တိုးဆောင်ရွက်

တရုတ် က ဘယ်လိုပဲ ခြိမ်းခြောက်ပြီးတားနေလည်း ထိုင်ဝမ် သို့ ခေတ်မီဒရုန်းနှင့် ဒုံး ကျည်များရောင်းချရေး အမေရိကန်တို့ ရှေ့တိုးဆောင်ရွက်

ထိုင်ဝမ် ကိုခေတ်မီဆန်းပြား တဲ့ စစ်လက်နက်အသုံးအဆောင်တွေ ပိုမိုရောင်းချဖို့ ရှေ့တိုးဆောင်ရွက်နေတဲ့ အိမ်ဖြူတော် ဟာ Taipei MQ-9 ဒရုန်းနဲ့ ကမ်းခြေကာကွယ်ရေးဒုံး ကျည်စနစ်တွေ ရောင်းချဖို့ ကြိုးပမ်းနေတာကို အမေရိကန်လွှတ်တော်ထံ တင်ပြခဲ့တ ယ်လို့ သတင်းတွေထွက်လာပါတယ်။

သတိပေး ချက်သုံးချက်ကို ရိုက်တာသတင်းဌာနက ပထမဆုံးသတင်းထုတ်ပြန်ခဲ့ပြီးနောက် နောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာတဲ့လက်နက် ရောင်းချမယ့်ဖြစ်နိုင်ခြေသတင်းက နိုဝင်ဘာ ၃ ရက် အမေရိကန် ရွေးကောက်ပွဲအ တွက် ပြင်ဆင်မှုတစ်ရပ်အဖြစ် ထွက်ပေါ်လာပြီး တရုတ်ပြည်မကြီးရဲ့ အမျက်ဒေါသကို ဆွဲဆောင်ခဲ့ပါတယ်။

သတင်းအရင်းအမြစ်(၈)ခုအနက် တစ်ခုအဆို အရ အဲဒီလက်နက်ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံဝန်းကျင် ရှိနိုင်ပါတယ်။ အမေရိကန်ရဲ့ပြည်ပစစ်လက်နက်ရောင်း ချမှုတန်ဘိုးမှာ မကြာခဏဆိုသလို လေ့ကျင့်ရေး၊ အပိုပစ္စည်းနဲ့ လုပ်ခတွေ ပါဝင်တာမို့ လက်နက်တန်ဘိုးအမှန်ကို ခန့်မှန်းဖို့ ခက်ပါတယ်။ စက်တင်ဘာလအတွင်း ရိုက်တာကရရှိခဲ့တဲ့ သတင်းအရ တရုတ်အပေါ် ဖိအားတိုးမြှင့်စေမယ့် ထရမ့်အစိုးရရဲ့ အဓိက လက်နက်ရောင်းချမှု ၇ ခုရှိနေပြီး ပြည်ပပို့ကုန်လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေဆဲလို့ ဆိုပါတယ်။

နိုင်ငံအစိုးရတွေရဲ့ ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေး MTCR စာချုပ်ကို ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုပြီး အရင်ထက်ပိုများတဲ့ နိုင်ငံတွေဆီ ဒရုန်းတွေ ပိုရောင်းချမယ့် အစီအစဉ်ကို ထရမ့်အစိုးရက ရှေ့တိုးဆောင်ရွက်လာတဲ့နောက် ကွန်ဂရက်လွှတ်တော်ကို ကြိုတင်အကြောင်းကြားခဲ့တဲ့ ဂျင်နရယ်အက်တမ်မစ်လုပ် MQ-9 ဒရုန်းတွေ ထိုင်ဝမ်ကိုရောင်းချဖို့ ပထမဆုံး ပေါ်ထွက်လာခဲ့ပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာတော့ ကွန်ဂရက်လွှတ်တော်ကို နောက်ထပ်ကြိုတင် အကြောင်းကြားချက်အဖြစ် ထိုင်ဝမ်က မ်းခြေကာကွယ်ရေးအတွက် အသုံးချနိုင်တဲ့ ဘိုးအင်းလုပ် မြေပြင်အခြေစိုက် ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်တွေ ရောင်းချမယ့်အစီအစဉ် ပေါ်ထွက်လာခဲ့ပါတယ်။

သတင်းရင်းမြစ်တ စ်ခုအဆို ခရုဇ်ဒုံးကျည် အစင်း ၁၀၀ လောက် ပါဝင်ပြီး တန်ဘိုး ဒေါ်လာ ၂ ဘီလီယံလောက်လို့ ဆိုပါတယ်။ ထိုင်ဝမ်အစိုးရသတင်းရင်းမြစ်တွေကလည်း ထိုင်ဝမ်ဟာ လက်နက်စနစ် ၅ မျိုး ရရှိဖို့ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်တွေ ကို နိုင်ငံခြားရေးဌာနက တရားဝင်အကြောင်းမကြားမီ အမေရိကန်ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီနဲ့ အောက်လွှွတ်တော်ကနိုင်ငံခြားဆက်ဆံရေး ကော်မတီတွေက သုံးသပ်ခွင့်၊ ပိတ်ဆို့ခွင့်တွေ ရှိပါတယ်။

ကော်မတီခေါင် းဆောင်တွေဆီ ရောက်ရှိလာတဲ့ လက်နက်ရောင်းချမှုကြိုတင်အသိပေးပေးချက်တွေက ပြည်ပလက်နက်ရောင်းချမှုကို ကြီးကြပ်ရတဲ့ နိုင်ငံခြားရေးဌာနက အတည်ပြုပြီးသားလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာလ (၁၂) ရက်မှာ ရရှိထုတ်ပြန်ခဲ့တဲ့သတင်းက ကွန်ဂရက်လွှတ်တော်ဆီ ကြိုတင်အသိပေးချက် ရောက်လာတဲ့ လော့ခ်ဟိမာတင်ထုတ် အမြန်ရွေ့လျားပစ် ခတ်နိုင်တဲ့ ဒုံးကျည်ပစ်အမြောက် စနစ် (HIMARS)၊ ဘိုးအင်းလုပ် တာဝေးပစ်ဝေဟင်ကမြေပြင်ပစ်ဒုံးကျည် SLAM-ER နဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် တွေကို မြေပြင်နဲ့ အချိန်မဆိုင်း ပုံရိပ်ဒေတာ ပို့လွှတ်နိုင်တဲ့ ထပ်တိုးအာရုံခံ ကိရိယာတွေ ထိုင်ဝမ်ကို ရောင်းချဖို့ အစီအစဉ် ဖြစ်ပါတယ်။

ထိုင်ဝမ်ကိုလက် နက်ရောင်းချမယ့် ဒီအစီအစဉ်တွေက တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို အပြင်းအထန် ထိခိုက်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Zhao Lijian က အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။ ဒီကိစ္စဘယ်လိုဖြစ်လာ မလဲဆိုတဲ့အပေါ်မူတည်ပြီး တရုတ်နိုင်ငံက တရားရေးနဲ့ လိုအပ်တဲ့တုန့်ပြန်မှုတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ထိုင်ဝမ်ကို ကွဲကွာနေတဲ့ပြည်နယ်တစ်ခုအဖြစ် သဘောထားပြီး ပြန်လည်ပေါင်းစည်းဖို့၊ လိုအပ်ရင်အင်အားသုံးဖို့ တရုတ်က ကတိပြုထားပါတယ်။ အမေရိကန်ကတော့ ထိုင်ဝမ်ကို အရေးပါတဲ့ ဒီမိုကရက်တစ်အ ခြေစိုက်စခန်းတစ်ခုအဖြစ် သဘောထားပြီး ထိုင်ဝမ်ကာကွယ်ရေးအတွက် ဥပဒေနဲ့အညီ ပံ့ပိုးဖို့လိုအပ်တယ်လို့ သတ်မှတ်ပါတယ်။

သြဂုတ်လ တုန်းက ထိုင်ဝမ်အရာရှိတစ်ဦးက ထိုင်ဝမ်ဟာ ရေအောက်မိုင်းနဲ့ ကြည်းရေနှစ်သွယ် ကမ်းတက်စစ်ဆင်ရေးတွေ လျှပ်တစ်ပြက်တိုက်ခိုက်မှုတွေကို တားဆီးနိုင်တဲ့ တခြားစွမ်းရည်တွေ အပါအဝင် စစ်ရေးစွမ်းရည်တွေ ရရှိဖို့ ဆွေးနွေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရေအောက်မိုင်း တွေကို အမေရိကန်က ဝယ်ယူမှာမဟုတ်ဘဲ နည်းပညာလွှဲပြောင်းမှုနဲ့ ထိုင်ဝမ်မှာထုတ်လုပ်ဖို့ တခြားလက်နက်တချို့လည်း အလားတူလုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။

ထိုင်ဝမ်အပေါ် တရုတ်ရဲ့ရန်လိုမှု မြင့်တက်လာ တာနဲ့အမျှ ထိုင်ဝမ်မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ကြီးထွားလာဖို့ အမေရိကန်က စိတ်အားထက်သန်နေပါတယ်။ ပြည်မကြီးကျူး ကျော်မယ့်အန္တရာယ် ပိုပြီးရှင်းလင်းလာ တာနဲ့အမျှ ထိုင်ဝမ်ဟာ ကိုယ့်ကိုယ် ကိုကာကွယ်ဖို့ ဖြူကောင်လို ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီလို့ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်က ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ကမ်းခြေကာကွယ်ရေး ခရုဇ်ဒုံးကျည်တွေ၊ ရေတပ်သုံးမိုင်းတွေ၊ အမြန်တိုက်ခိုက်ရေးရေယာဉ်၊ ရွှွေ့ပြောင်းနိုင်တဲ့အမြောက်ကြီးတွေနဲ့ ခေတ်မီစောင့်ကြည့်စနစ်တွေ အပါအဝင် စစ်ရေးစွမ်းရည်တွေ တိုးတက်ဖို့ ပိုမိုသုံးစွဲဖို့ လိုအပ်နေပြီလို့လည်း အိုဘရိုင်ယန်က ပြောဆိုခဲ့ပါတယ်