သင့် အသက်နဲ့ မွေးနေ့သာ မှန်နေပါစေ…မှန်လွန်း လို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ် တဲ့ ဇနက ဟောကိန်း

မိမိက တနင်္ဂနွေ သားသမီး အခုရောက်သက် (၂၅) နှစ် ဆိုရင် တနင်္ဂနွေ ဇယားကွက် ထဲတွင် (၂၅) ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ ၍ ထိုအဟောကိုဖတ်ပါ။မိမိက တနင်္လာသားသမီး အခု ရောက်သက် (၂ဝ) နှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် (၂၀) ကိုရှာပါ။ * ပျက်* အ ကွက်ထဲတွင်ရှိ သောကြောင့် ထိုအဟောကိုဖတ်ပါ။

**တည်**တည်ဆိုတာ သင်္ဘောတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေ အတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေ အစပြုဆဲ အခြေအနေ ကိုရောက်နေတယ်လို့ ပြောတာပါ။ လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံ ဖို့ ရန်ရှာရာတွင် လွယ်ကူလိမ့်မည်။ လုပ်ငန်းအကြံ အစည်အောင်မြင်မည်။ အလုပ်ရှာနေ လျှင် အလုပ်ရမည်။
လုပ်လျှောက်ထားလျှင် အလုပ်ရမည်။ အမှုကိစ္စတွေ၊ အလုပ်တွေများမည်။ ငွေဝင်များသလို ငွေထွက်လဲများမည်။

**ထွက်** ထွက်ဆို တာ ဇမ္ဗန ဂိုရ်ပြည်က သင်္ဘောစထွက်တာကို ပြောတာပါ။ ကောင်းမွန်သောမိတ်ဆွေ သစ်များ တိုးမည်။ စပ်တူရှယ်ယာလုပ်ငန်း များ လုပ် ရမည့်အချိန် ကောင်းပါ။ ပြည်တွင်း၊ပြည်ပ ခရီးများ သွားရမည်။နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။**ပျက်**ပျက်ဆိုတာ သင်္ဘော ပျက်သွားတာကို ပြောတာပါ။ ကံဇာတာ ညံ့ချိန်ပါ။ စီးပွားရေး ကျဆင်းမယ်။ သူများမကောင်း ကြံတာခံရတတ်သည်။ မတော်တဆ ထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲ ဝေဒနာများ ဖြစ်တတ်သည်။

ရာထူးလုပ်ငန်းကိုနှောင့်ယှက်မည့်သူ ပေါ်လာလိမ့်မည်။အိမ်ထောင်ရေးကို အထူး သတိထားပါ။**ကျောက်**ကျောက်ဆိုတာ မေခလာ နတ်သမီးက ကျောက်ဖျာထက်မှာ တင်ပေးထားတဲ့ ကိန်းဆိုက် ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ။ မမျှော်လင့်ပဲကူညီမယ့်သူတွေပေါ်မယ်။ အောင်ဘာလေသိန်းထီဆုကြီးများ ပေါက်မယ်။မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ်။ ဆရာကောင်းနဲ့တွေ့ပြီလို့ဟောပါ။ အ မှုရှိရင် ရှိနိုင်မည်။ အချုပ်နှောင်ခံ နေရရင် လွတ်မည်။ ကျဆင်းနေသော စီးပွားရေးများ ပြန်တက်လာမည်။ ပညာရေးလဲကောင်းမည်။ အိမ် ထောင်ကျလျှင် အိမ်ထောင်ဖက်ကောင်း နှင့်တွေ့ပြီလို့ဟောပါ။ ကြံအစည်များ အောင်မြင်မည်။

**ထီး**ထီးဆိုတာ ထီးဖြူဆောင်းတဲ့ကိန်းပါ။ နာမည် ကျော်ကြား ထင်ရှားမည်။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ။ ဆုလာဘ် တွေရ မည်။ ဘွဲ့ထူးဂုဏ်ထူးများ ရမည်။ စာမေးပွဲဖြေထားရင် စာမေးပွဲ အောင်မည်။ရာထူးတိုးမည်။ စီးပွားရေးလုပ် ငန်းများ တိုးချဲ့ရမည်။ အိမ် သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်းပေါ်မည်။**နန်း**နန်းဆိုတာ နန်းအပ်ခံရတဲ့ကိန်းပါ။ ကံဇာတာ ကောင်းပြီလို့ဟောပါ။ ရာထူး တိုးမည်။ စီးပွားဖြစ်ထွန်းမည်။ အမွေအနှစ်တွေရမည်။ အပြိုင်အဆိုင်တွေမှာ အနိုင်ရမည်။ ရွေးကောက်ပွဲ တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်ကျလျှင်လဲ ကံကောင်းမည်။ အလှူပြုလုပ်ရမည်။ မင်းစိုးရာဇာ အကြီးအကဲဖြစ်မည်။

**စံ**စံဆိုတာ မင်းစည်းစိမ်ကိုခံ ယူရတဲ့ကိန်းပါ။ ဘေးအန္တာရာယ်ကင်းပြီး စုတ်ကြီး၊ လာဘ်ကြီးတွေဝင်မည်။ လုပ်ငန်းတွေတိုးတက်မည်။ ကြီးမားတဲ့ရာထူးတွေရမည်။ သိုလှောင် ပစ္စည်းတွေက အကျိုးအမြတ်ရမည်။ အခြွေအရံမိတ်ဆွေ အပေါင်းအသင်း တိုးမည်။ ငွေကြေး စုဆောင်းမိမည်။ ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန်ရည်ရွယ်၍ ကူးယူရေးသားပါသည်။

ဘုရားအ လောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ် ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာ ကြီးများက တီထွင်၍ တွက်ကိန်း ဆင်ထားခြင်းဖြစ်သည်။ အလွန် လွယ်ကူရှင်းလင်း၍ ယနေ့ ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။ တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာ ဘုတ်စသော အခြား တွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။

REF: CELE CITY