မြန်မာနိုင်ငံ၏ သမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများ ထဲတွင် တစ်ဆူပါဝင်သော မော်တင်စွန်း ဆံတော်ရှင်မြတ် (အများဖူး မြှော်နိုင်အောင် မျှဝေပေးခဲ့ကြပါဦး)

မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်အ ငူအစွန်းပေါ်တွင်တည် ရှိနေခြင်း၊ပင်လယ်ကြီးနှစ်ခုမှပို့ လွှတ်လိုက်သော သန့်ရှင်းလတ်ဆက်သည့် လေ၊ ရေလှိုင်းများ ကြောင့် ဘုရားဖူးရသည့် အာရုဏ်မှာ အခြား မည်သည့် ထိတွေ့မှုများ၊ခံစားမှုများနှင့် တုနှိုင်းမရ ဖြစ်မိပါသည်။ တခါတရံ နဂါးမောင်နှံတွေများ စံပျော်နေ သလား ခံစားရအောင် ပင်လယ်လှိုင်းလုံး များကဖေါ်ကျူးနေသရောင်၊ ဆံတော်ရှင် စေတီကြီးအား နဂါးမောင်နှံ တို့ လာရောက်ဖူးနေ သရောင်အား ဖျော်ဖြေမှုရသ အပြည့်ပေးနေပါတော့သည်။

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် ကပ္ပလီပင်လယ်(Andaman Sea) နှင့်အနာက်ဘက်ဘင်္ဂလား ပင်လယ်အော် (BayofBenga l) တို့ထိစပ်ရာ၊(သို့မဟုတ်) ပိုင်းခြားထားရာ နေရာလေးတခုဖြစ်သော၊ မြန်မာနိုင်ငံ၏ သမိုင်းဝင်တန်ခိုးကြီးဘုရား စေတီများထဲတွင် တစ်ဆူ အပါအဝင်ဖြစ်သော၊ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် သည်ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်၊ မြန်မာနိုင်ငံ၏ အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။ တဖုသနှင့်ဘလိက္က ကုန်သည်ညီနောင်နှစ်ဦး တို့ မြတ်စွာဘုရား အား လျှောက်ထားချက် အရ ပေးသနားတော်မူသော ဆံတော် ရှစ်ဆူအနက် နှစ်ဆူကို ဇေယျသေန နဂါးမင်းက သက္ကရာဇ်၁၀၃ခုနှစ် ဝါဆိုလပြည့်နေ့ တွင်လွှဲပြောင်းပင့်ဆောင်ပြီး ဌာပနာကာ စေတီတော်ကို တည်ထားကိုးကွယ် သည်ဟု သမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီး အသောကမင်းကြီး လက်ထက်တွင် တစ်ကြိမ်၊ ပုဂံခောတ်အလောင်းစည်သူ မင်းလက်ထက်တွင် တစ်ကြိမ်ထပ်မံမွမ်းမံ တည်ထားခဲ့ပါသည်။

ဆံတော်ရှင်စေတီ တော်မြတ်ကြီးအား နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားဖူးမိဘပြည်သူများ အနေဖြင့်ရှေးယခင်က ဘုရားဖူးရာသီချိန်တွင် ရေလမ်းခရီးမှသာ အထူးရေယာဉ်များဖြင့် သွားရောက်ဖူးမျှော်နိုင်ပြီး ၂၀၁၀ခုနှစ်မေလ၁၄ ရက်နေ့မှစကာ ပုသိမ်သလပ်ခွာ–မော်တင်စွန်းကားလမ်းအတိုင်း(၉၆)မိုင်အကွာ အဝေးဖြင့် လွယ်ကူစွာသွားရောက် ဖူးမျှော်နိုင်ပါသည်။ကားလမ်းမှာ အနောက်ရိုးမတောင်တန်းကိုဖြတ်လျှက်ပုသိမ်၊ ငပုတောနှင့်ဟိုင်းကြီး ကျွန်းမြို့များမှ တဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်း လည်းဖြစ်ပါသည်။ ကားလမ်းတလျှောက်ကို လေ့လာကြည့်ပါက တောင်တက်လမ်း၊တောင်ဆင်း လမ်းများကိုမြွေလိမ်မြွေ ကောက်တွန့်ကာကွေးကာ ဖောက်လုပ်ထားသဖြင့် အသည်းတထိပ်ထိပ်၊

ရင်တဖိုဖိုလည်း ဖြစ်ရပါသည်။တောတောင်သဘာဝ ကိုခံစားရှုစားရင်းစိမ်းလန်းစို ပြေနေသည့်ရှု့ခင်းများ၊ သဘာဝအတိုင်းတည်ရှိ နေ့သည့်ကျေးလတ်ဒေသ ရွာငယ်လေးများကို မြင်တွေရသည်မှာလည်း စိတ်ကိုကြည်လင်လန်းဆန်း စေသည် မဟုတ်ပါလား ခင်ဗျာ။ရိုးသားကြိုးစား ဧရာဝတီသားတို့ နေထိုင်ရာပုသိမ်မြို့ မှထွက်ပြီးငဝန် မြစ်ကူးတံတား ကို ကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှ သည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊ သစ်ကတိုးအိုင်းစခန်း၊ FM စိုက်ပျိုးရေးစခန်း အလီလီကိုဖြတ်သန်းကာ ငပုတောမြို့သို့တ ထောက်နားကျပါသည်။ ထိုမှလွန်သော် ဥသျှစ်ကွင်း၊ တောကြီးရွာ၊ ငရုတ်ကောင်းတောင်ရွာ၊ ဂိုးလောင်းရွာ၊ ငါးပြေမရွာ၊ မရမ်းကွင်းရွာ တို့ကိုကျော်လာပါ ကဆံတော် ရှင်စေတီတော် မြတ်ကြီးအား အားပါးတရ ဖူးမျှော်ကြည်ညိုခွင့် ရပါတော့သည်။