(၁၅.၁၀.၂၀၂၀)ရက်နေ့မှ (၂၁.၁၀.၂၀၂၀)ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း

Posted on

(၁၅.၁၀.၂၀၂၀)ရက်နေ့မှ (၂၁.၁၀.၂၀၂၀)ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေသားသမီး

ယခုကာလ အတွင်း အကောင်းအဆိုးရောထွေးနေသော ကာလဖြစ်သည်။ အဆင်ပြေမည်ဟုတစ်ထစ်ချ တွက်ဆထား သည့်အရာအားလုံးလွဲချော်နေမည်။သင်၏ စီးပွားရေး လုပ်ငန်းများသည်အသွင်သဏ္ဍာန် အမျိုးမျိုး ပြောင်းလဲလာ ပေလိမ့်မည်။ပုံမှန်ငွေဝင် ကောင်းနေရာမှ ရုတ်တရက်ပြောင်းလဲမှုကြောင့် ငွေဝင်နည်းမည်။သို့သော်၊ ပုံမှန်ထားအလုပ်ကျွမ်းကျင်မှု၊ နေသားကျမှုနှင့်အလုပ်ရှင်များ ငွေရှင်များ၏ယုံကြည်အားကိုးမှုကို ခံရမည်။ ယာဉ်၊ကားနှင့်အနုပညာရပ်များ၊ ပန်းချီ၊ စာရေး၊ လုပ်ငန်းများ ဖြစ်လျှင် အလွန်လှပနှစ်သက် ဖွယ်ပုံများ အဖိုးတန်ကုန်ပစ္စည်းများ ထုတ်လုပ် ဖြစ်မည်။ အိမ်ထောင်ရေးတွင်လင်နှင့်မယားလျှာနှင့်သွားဆိုသလို စကားများ၊ ရန်ဖြစ်၊အိမ်က ဆင်းသွားသည်အထိကြီးကျယ်သွား တတ်ပါသည်။

သည်းခံပါ။ ပညာရေးတွင် အမိအဘအကြီးအကဲများရဲ့ အထောက်အပံ့ အပြည့်အဝအကူအညီရနေမည်။ ပျော်ရွှင်သော ပညာသင်ကြား ချိန်ဖြစ်သည်။ အချစ်ရေးတွင် ပညာရှာရင်းနဲ့ကြင်ယာ ပါတွေ့ရတတ်သည် ချစ်သူရှိပြီးသူများ လူချင်းတွေ့ဆုံဖို့ခက် ခဲနေတတ်ပါတယ်။ ကျန်းမာရေးတွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့် အစား အသောက်မှားမှု ကြောင့် ဝေဒနာ များ ခံစားနေရမည်။ တော၊တောင်များသို့ သွားမိ လျှင် အပြန်တွင် ရောဂါရတတ်သည်။ အကျိုးပေးဂဏန်း ၃/၈/၄ အထူးဟော ကျန်းမာရေးရုတ်တရက် ညံ့သွားနိုင်ပါတယ်။ ယတြာ ဒဏ်ကြေလိမ်းဆေးတစ်ဘူး လူကြီးမိဘ တစ်ဦးကိုလှူလိုက်ပါ။

တနင်္လာသားသမီး

ဤကာလ အတွင်း ဂုဏ်သိက္ခာတိုး တတ်မြင့်မားချိန်ဖြစ်၍ အကောင်းဆုံးအခွင့်အရေးသစ်များ ဆေးခြယ်၊ပုံဖေါ်နိုင်မည်။ သင်၏စီးပွားရေးတွင်ငွေမြုပ်နေရာမှ ရုတ်တ ရက် အောင်မြင်မှုလမ်းများပွင့်လာမည်။ ငွေထုတ်ပေးမည့်သူနှင့် မင်းစိုးရာဇာတို့၏ အားပေးကူညီမှုကိုရရှိမည်။ သို့သော် စာချုပ်နှင့်နှုတ်ကတိများ ကိုယ့် ဘက်ကစတင် ပြုလုပ်လျှင်အမှားကြုံတတ်သည်။ အလွန် အာမခံခြင်းကိုရှောင်ပါ။ အစစ ကောင်းမွန်လာသော အချိန်ဖြစ်သော်လည်း ငွေကုန်ကျမှုများ နေဦးမည်။ အချစ်ရေး တွင် ချစ်သူသည် အဝေးတစ် နေရာသို့ အလုပ်ကိစ္စဖြင့် ထွက်ခွာသွားပေလိမ့်မည်။

ချစ်သူ မရှိသေးသူများအတွက် အချစ်သည် မြင်သာမြင်၍ မကြင်နာနိုင်သော အခြေအနေတွင် ရှိ နေမည်။ ကျန်းမာရေးတွင် စိတ်လေလွင့်၍ အိပ်မပျော် ဖြစ်နေမည်။ ခြေထောက်မှာ အနာ၊အဖု၊ အပိန့်များထွက်ဖြစ်မည်။ ကိုယ်ဝန်ဆောင် များ ပျက်ကျရန်အလွန်နီး သဖြင့်သတိပြုသင့်ပါသည်။ အိမ်ထောင်ရေးမှာ ဤကာလ အတွင်း ပျော်ရွှင်ချမ်း မြေ့သော ရက်များ ကို ဖြတ်သန်းရလိမ့်မည်။ ပညာရေး တွင် နယ်ဝေး ပညာသင်သွားလိုသူများ၊ ကျောင်းပြောင်းလို သူများ အလွယ်တကူ ပြောင်းရွှေ့ဖြစ်မည်။ စတင်သင်ကြား ရာတွင် ခက်ခဲမှု၊နားမလည်မှုများ ကြုံတွေ့ရမည်။ အထူးသဖြင့် ဘာသာစကား၌ အခက်ကြုံရ တတ်သည်။ အကျိုးပေးဂဏန်း ၅/၄/၉ အထူး ဟော ကံမြင့်မားတိုး တတ်နေမည်။ ယတြာ လက်ဖက်ထမင်း ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါသားသမီး

ဤ ကာလအတွင်း ထူးခြားသည့်အကူအညီအထောက် အပံ့ကောင်းများ ရရှိမှုများကြောင့်ရာထူးတိုးတတ်ခြင်း၊ လုပ်ငန်းတွင် အကျိုးရှိကြီးပွားမှု များတွေ့ကြုံရင်ဆိုင်ရ တတ်ပါတယ်။ သင်၏စီးပွားရေး လုပ်ငန်းများကို အကြိတ်အနယ် ယှဉ်ပြိုင်လုပ်ကိုင် နေရမည်။ အချိန်တိုင်းစကားများစွာ ပြောဆို နေရ၍ ပြဿနာများ ဖြေရှင်းနေရမည်။ ငွေဝင်ကောင်းချိန်၊ ကံကောင်းနေချိန်ဖြစ်ပါသည်။ ပြိုင်ဘက်များ ထံမှ ငွေများသို့မဟုတ် အကြွေးဟောင်း များ ပြန်ရမည်။ သို့သော် ကိုယ်တိုင် အလိမ်အညာ ခံရ၍ ငွေကုန် တတ်သည်။ အိမ်ထောင်ရေး တွင် အတူသွား၊အတူးစားရင်း ရယ်စရာလေးများ ပြောဆိုကာ သာယာသော အိမ်ထောင်မှု ချမ်းသာကို ရရှိ မည်။ ပညာရေး တွင် ပညာရေးထက် အပျော်အပါးနှင့ကစား၊ အစားဘက်သာများနေမည်။ သင်တန်းတတ်ရန်ငွေသွင်းပြီးမှ

ပြီးဆုံးအောင် မတတ်ရောက်နိုင်မှုနှင့် ဟိုရောင်ရောင်သည်ရောင် ရောင်ဖြစ်နေမည်။ ားကစားတွင် အနိုင်ရ တတ်သည်။ အချစ်ရေးတွင်အချစ်မဲ့သော ကာလဖြစ်သော်လည်းအိမ်ထောင်ပြုလိုသော ဆန္ဒတွေ များနေမည်။ အချစ်မပါပဲ သူတစ်ပါး အောင်သွယ်ပေးမှုကြောင့်အိမ်ထောင်ပြုရန် အလွန်နီးစပ်နေမည်။ ခရီးသွားရင်း အချစ်တွေ့ ရမည်။ ကျန်းမာရေးတွင်ဆီးနည်း ပါးခြင်း၊ ကျောက်ကပ်အားနည်းခြင်းများ ကြုံတွေ့ရမည်။ ညောင်းညာကိုက်ခဲနေမည်။ သွေးသွင်းမှားတတ်သည်။အကျိုးပေ းဂဏန်း ၅/၆/၃ အထူး ဟော စုတ်လာဘ်ဝင်ကိန်းရှိပါတယ်။ ယတြာပန်းသီးလေးတွေ စိပ်ပြီး ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု သားသမီးများ

ဤ ကာလအတွင်း ဖြစ်ချင်သော ဆန္ဒနှင့် ရည်မှန်းချက်မျာ းအားလုံး အခက်အခဲကြားမှ အဆင်ပြေအောင်မြင်မှုများကြုံ ရပါလိမ့်မည်။ မထင်မှတ်၊မမျှော်လင့် ထားသည့် ဝင်ငွေ ကောင်းများ ရရှိလာပါ လိမ့်မည်။ ရုတ်တရက် ခရီးသွားရ ကိန်းမြင်သည်။ သင်၏ စီးပွားရေးများ စတင်လုပ်ကိုင် သင့်သော အချိန်ကာလဖြစ်သည်။ အလုပ်ရှာသူများ အလုပ်ရမည်။ ဘဏ်လုပ်ငန်း၊စာရင်းကိုင်နှင့် အရည်နဲ့ပတ်သက်သော စီးပွားရေးတို့တွင် ကိုယ်နှင့်ဆိုင်ရာ တစ်ခုခုမှ ကောင်းကျိုးပြုလာလိမ့် မည်။ စာချုပ်နှင့်နှုတ်ကတိများ လွဲချော်နိုင်ပါသည်။ သတိထား၍လက်မှတ်ရေး ထိုးသင့်သည်။ ဆောက်လုပ်ရေးဆိုင်ရာများ အခက်အခဲကြုံတွေ့နိုင်သည်။

အိမ်ထောင်ရေးတွင် အေးစက်စက်နှင့် အလုပ်နှင့်တာဝန်ကို ဦးစားပေးနေရသဖြင့် တစ်ယောက်နှင့်တစ်ယောက် လွမ်းရေးထက် ဝမ်းရေးကို ဖြည့်စွက်နေရမည်။ ပညာရေးတွင် လက်ရှိပညာရေးမှ အခြားပညာရပ် တစ်ခုသို့ ကူးပြောင်းရန် ကြံရွယ်ဖြစ်မည်။ သင်ယူလိုသောပညာရပ်ကများနေသောကြောင့် အရွေးရ ခက်နေမည်။ သင်တန်းများပျက် ကွက်နေမည်။ နောက်ပိုင်း အချိန် ကာလတစ်ခုသို့ရောက်မှ ပညာရေးစိတ် ဝင်စားနေမည်။ အချစ်ရေးတွင်ချစ်ကံခေသော အချိန်ဖြစ်၍ အစစ၊ အပြောအဆို သတိပြုသင့်သည်။ ချစ်နေသူများလမ်းခွဲစကားပြောဖြစ်မည်။ ကျန်းမာရေးတွင် အချစ်ဝေ ဒနာကြောင့် အအိပ်ပျက်၊ အစားပျက်ဖြစ်မည်။ စိတ်လေလွင့်မည်။ အကျိုးပေး ဂဏန်း ၄/၀/၆ အထူးဟော ရွှေပျောက်တာ၊ အထားမှားပြီးရှာမရတာ တွေဖြစ်တတ်ပါတယ်။ ယတြာ နို့ကြက်ဥ တစ်ခွက် ဘုရားရှင် အားကပ်လှူပါ။

ကြာသပတေး သားသမီးများ

ယခုကာလ အတွင်း သင်၏စီးပွားရေးလုပ်ငန်းများအတွက် မိတ်ဟောင်းဆွေ ဟောင်းများ အကူအညီပေးလာပါမည်။ စပ်တူနှင့်အကျိုးဆောင် လုပ်ငန်းမှ ငွေဝင်မည်။ စကားအပြာအဆို မမှားမိစေရန် အထူးသတိထား ပြောဆိုသင့်ပါသည်။ ခရီးတိုလုပ်ငန်းများ အောင် မြင်မည်။ ညီငယ်၊ ညီမငယ်များရဲ့လုပ်ငန်း အောင်မြင်မှုများကြားသိရမည်။ မိမိအနေနဲ့ ကြိုးစား လျှင် ကြိုးစားသလောက် အောင်မြင်သော အချိန်ကာလဖြစ်သည်။ အိမ်ထောင်ရေး တွင် အိမ်ထောင်ဖက်မှာ စီးပွားရေးနှင့် သူ့ပညာရေးအတွက်သာ စူးစိုက်လုပ်ကိုင်နေမည်။

အိမ်တွင်းရေး တာဝန်များလစ်ဟင်းနေမည်။ ပညာရေးတွင် ပညာသင်ယူရန်စိတ်ရှိသော်လည်း တခြားအလုပ်များ ကြောင့် ပညာရေး တစ်ပိုင်း တစ်စ ရပ်နားထားရမည်။ ဆရာခေါပြီးမှ မသင်ယူဖြစ်၊ သင်တန်းစုံစမ်းပြီးမှ မတတ်ရေ ာက်ဖြစ်၊ လူမှုရေး၊ အိမ်တွင်းရေး ကိစ္စများကိုသာဦးစားပေးနေဖြစ်မည်။ အချစ်ရေးတွင် ချိန်ထားပြီးမှလွဲချော် နေတတ်သည်။ ချစ်သူ၏ အထင်လွဲမှုစိတ်ကောက်မှုကို ခံရမည်။ အချစ်သစ်ရှာလို သော်လည်း ရှာမရ၍ အချစ်ငတ်နေသော အချိန်ဖြစ်သည်။ ကျန်းမာရေးတွင် အစားအသောက် မှားယွင်းမည်။ အစာမကြေရောဂါနှင့် ဆီးအောင့် ၊ ဆီးပူဝေဒနာများ ခံစား ရမည်။ အပူအအေးမျှတအောင် နေထိုင်စားသောက်သင့်ပါတယ်။ အကျိုးပေ းဂဏန်း ၁/၇/၅ အထူးဟောကံသင့်ပါ တယ်။ ယတြာ အုန်းနို့ခေါက်ဆွဲ ဘုရားကပ် လှူလိုက်ပါ။

သောကြာသား သမီး

ယခု ကာလအတွင်း အင်္ဂါသားသမီးများနှင့်ပူးတွဲဆောင်ရွက်မှုများဖြင့် ကံကောင်းစေ တတ်ပါတယ်။ တပည့်လက်သားများ ကိုယ့်ထံက ထွက်၍ ကိုယ်ပြိုင်ဘက်ထံ ရောက်သွားတတ်သည်။ ဝန်ထမ်းများ သင်တန်းသစ်များ တတ်ရခြင်း၊ အဖွဲ့အစည်းတစ်ခု အတွင်း ပါဝင်နေခြင် းများ ကြုံမည်။ သင်၏စီးပွားရေးတွင် ဆရာမိဘများ၏ အကူအညီကြောင့် စီးပွားရေးကောင်းလာမည်။ ဆက်သွယ်ရေးနှင့် အကျိုး ဆောင်၊ စာချုပ်၊စာတမ်းများ စသောအထွေထွေလုပ်ငန်း တို့ကြောင့် ဟိုနည်းနည်း ၊ဒီနည်းနည်းဖြင့် ငွေများပုံမှန်ဝင်နေမည်။ ဝင်ငွေကောင်းနေ သော အချိန်ကာလဖြစ်သည်။ အိမ်ထောင်ရေးတွင် နှစ်ကိုယ့်တစ်စိတ် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် ဖြင့် အတွဲညီ သော ဇနီးမောင်နှံ ဖြစ်မည်။ သားသမီးတို့ အတွက် နှစ်ယောက်စလုံး စိတ်ပူပန်ဖြစ်မည်။

ပညာရေး တွင် ဟိုစပ်စပ်၊ သည်စပ်စပ်နှင့် ဘယ်တော့မှဆုံးခန်းတိုင်အောင် မရောက်ပဲ ဖြစ်မည်။ အချစ်ရေးတွင် အသက်ကြီးသူ၏ ချစ်မြတ်နိုးမှု၊ စိုးမိုးလွှမ်းမိုးမှုကိုခံရမည်။ အနီးအနားရှိ ငယ်ရွယ်သူများနှင့်လည်း ကြိုးချင်းထ ားပြီး ငြိတွယ်သွားတတ် ကြသည်။ ကျန်းမာရေးတွင် ရေချိုးမှားမည်။ ညဘက်တွင် ခေါင်းလျှော်တာ မျိုးအထူးရှောင်စေချင်ပါတယ်။ မိန်းက လေး များ ချွေးငုတ်၊သွေးငုတ်ဖြစ်တတ်ပါတယ်။ အကျိုးပေး ဂဏန်း ၁/၂/၉ အထူးဟော လုပ်ငန်းတိုးတတ် ကိန်းရှိသည်။ ယတြာအကြော်စုံဘုရား ကပ်လှူပေးပါ။

စနေသားသမီး

ယခုကာလ အတွင်း မမျှော်လင့်ဘဲ ငွေအစုအလိုက်အပုံလိုက် ဝင်ကိန်းရှိ နေပါ၍ ထီကံစမ်းခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ သင်၏ကံဇာတာ အထူးကောင်းနေသော်လည်း အရာရာကိုတော့သတိပြုပါ။ သင်၏ကုသိုလ်ကံ တရားကြောင့် တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲများ ကို ကျော် လွှားသွားနိုင်မည်။ ဝန်ထမ်း ဖြစ်ပါ က ဒီထက်တဆင့်မြင့်သော အလုပ်၊ဋ္ဌာနနှင့်နေရာ ထိုင်ခင်းသစ်များ ပြောင်းလဲနေထိုင်ရခြင်းများ ရှိမည်။ သင်သည် ချေးငှားထားသော ငွေကြေး များ ပြန်လည်မရရှိမှုများကြောင့် စိတ်ညစ်ရခြင်း ရှိ မည်။ ထို့အပြင် အလိမ်ခံရ တတ်ခြင်း၊ အမှုဖြစ်တတ်ခြင်း၊ အမှုပတ်တတ်ခြင်းတွေကိုလည်း သတိထားရန် လိုမည်။

မကြာခဏ ငွေကြေးအရှုပ် အရှင်းပြဿနာများပေါ်ပေါက်လာတတ်သည်။အိမ်ထောင်ရှင်ဖြစ်ပါကအိမ်တွင်းရေး အဆင် ပြေမည်။ ငယ်ရွယ်သူ များ၏ အချစ်ရေးမှာ ကြားစကားကြောင့် တစ်ယောက်နှင့် တစ်ယောက် အထင်အမြင် လွဲမှားခြင်းများရှိနေမည်။ ပညာရေးနှင့်ပတ်သက်၍ ကံကောင်းခြင်းများရှိနေမည်။ပညာအသစ်များသင်ယူခွင့်ရရှိမည်။ ကျန်းမာရေးမှာ မကြာခဏဆေးရုံ၊ ဆေးခန်းရောက် ရတတ်ပါသည်။ ညနေဘက်နေရောင် မရှိတော့သည့် အချိန်တွင် ရေချိုးခြင်းနှင့် အအေးခံခြင်းမျိုးကို လုံးဝရှောင် ကြဉ်သင့်ပါသည်။ အကျိုးပေးဂဏန်း ၂/၃/၀ အထူ းဟော အလုပ်များနေရ တတ်ပါတယ်။ ယတြာမီးကြိုး၊မီးချောင်း၊ဓာတ်ခဲ အပျက်တွေတွေ ရှိရင်စွန့်ပစ်ပါ။

(၇)ရက် သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)09 77 5555 695 09 44 5555 695