တရုတ်‌အပေါ် မှီခိုနေရ သည့် ကွင်းဆက်များ အားဂျပန်အပြတ်ဖြတ် တော့မည်

Posted on

ဂျပန်နိုင်ငံအနေဖြင့် တရုတ်အပေါ်မှီခို ရလွန်းသော ထောက်ပံ့ဖြည့် ဆည်းမှုကွင်း ဆက်များ ကို အမျိုးအစားများ စွာ တိုးချဲ့ထုတ်လုပ် နိုင်ရန်အတွက် အရှေ့တောင် အာရှ၌ ထုတ်လုပ်ရေး နေရာများတည် ဆောက်သွားမည့် စီးပွားရေးလုပ် ငန်းများကို အားပေးရေး အစီအစဉ်အား သိသိ သာသာ တိုးမြှင့်လုပ်ဆောင်သွားတော့ မည်ဖြစ်သည်။

ဂျပန်အစိုးရ သည် ကုမ္ပဏီကြီး များနှင့် ပိုမိုသေးငယ်သေ ာစီးပွားရေးလုပ်ငန်း သုံးပုံနှစ်ပုံခန့် အတွက် အရှေ့တောင်အာရှ အတွင်း ထိုကဲ့သို့သောရင်းနှီးမြှုပ်နှံမှု ၏ ကုန်ကျစရိတ်ထက်ဝက်ခန့်အထိ ကျခံပေးမည်ဖြစ်သည်။ ထောက်ပံ့ငွေသည် သတ်မှတ်နိုင်ငံ၌ ထုတ်လုပ်မည့်ထုတ်ကုန်နှင့် သက်ဆိုင်ပေမည်။

ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါသည် ဂျပန့်ခေါင်းဆောင် အဖြစ် ပထမဆုံး တရားဝင်ပြည်ပ ခရီးတွင် အရှေ့တောင် အာရှ၏အရေးပါပုံကို ထပ်မံမီးမောင်းထိုးပြလျက် ယခုလ ဗီယက်နမ်သို့သွား ရောက်မည့်ခရီးစဉ်အတွင်း အဆိုပါအစီအစဉ်ကို ကြေညာမည်ဖြစ်သည်။

ရည်ရွယ်ချက်မှာ ကုမ္ပဏီများအား လုပ်ငန်းလည်ပတ်သည့် ပြည်ပနိုင်ငံအရေအတွက်တိုးလာစေရန်ဖြစ်ပြီး တချို့သောနိုင်ငံမှ ထွက်ခွါရန်ဖြားယောင်းသွေးဆောင်ခြင်းမဟုတ်ပေ။ အစီအစဉ်တွင် တရုတ်ကို အမည်အားဖြင့် တိတိကျကျဖော်ပြမထားသော်လည်း ထိုနိုင်ငံအား မှီခိုမှုလျှော့ချမည့် ရည်ရွယ်ချက်ဖြစ်ဟန်ရှိသည်။

အရှေ့တောင် အာရှ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး လုပ်ဆောင်စီမံချက်များကို တိုက်တွန်းရန် အာဆီယံခရီးစဉ်ကို အသုံးချပေလိမ့်မည်။ ဆူဂါ၏အာဆီယံ ခရီးစဉ်တွင် အင်ဒိုနီးရှား နိုင်ငံလည်း ပါဝင်မည်ဖြစ်သည်။ ဤအစီအစဉ်သည်အထူ းသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ထုတ်လုပ်မှုကွန်ရက်များတိုးချဲ့ခြင်းနှင့်သက်ဆိုင်သော စီမံကိန်းများကို ထောက်ပံ့ရန်ရည်ရွယ်သည်။

နိုင်ငံတစ်ခုအတွင်းမှကုမ္ပဏီများအား ဆွဲထုတ်မည့် အစီအစဉ်များ ပါဝင်ဖွယ်မရှိပေ။ သို့သော် တရုတ်နိုင်ငံမှ ထွက်ခွါလျက် အရှေ့တောင်တောင် အာရှတစ်နိုင်ငံတွင် စက်ရုံသစ်တစ်ခု ဆောက်ခြင်းသည် ကုန်ပစ္စည်းများကို တိုးချဲ့ထုတ်လုပ်သည့် ပုံစံဖြစ်သည်။

လွတ်လပ်သောကုန် သွယ်မှုကို ပုံဖျက်သည်ဟု ဝေဖန်ကြမည့်အန္တရာယ်ရှိ သောကြောင့် အစီအစဉ်တွင် တရုတ်နိုင်ငံ အမည်ကို ထည့်သွင်းဖော်ပြမထားပေ။ အစီအစဉ်သည် သတ်မှတ်ကုမ္ပဏီများကို ထောက်ပံ့ခြင်းထက် ထိုသို့မတည်ထောက်ပံ့ရန်အတွက်

ရည်ရွယ်ချက်စံနှုန်းများရှိနေပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းအရ စိုးရိမ်စရာ ရှိလိမ့်မည်မဟုတ်ဟု ဂျပန် Kansai University of International Studies မှ နိုင်ငံရေးရာစီးပွားရေး ပါမောက္ခ ယိုရီဇူမီ ဝါတာနာဘဲက ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားသည့် အစောပိုင်းကာလ၌ တရုတ်မှ ကားပစ္စည်းအ စိတ်အပိုင်းများ မရနိုင်ခဲ့သည့် အချိန်တွင် မော်တော်ကား စက်ရုံများပိတ်လိုက်ရသည်ကို ကိုးကား လျက် ဆူဂါသည် ဝန်ကြီးချုပ် မဖြစ်မီအချိန်ကပင် နိုင်ငံများ ကို ထောက်ပံ့ဖြည့်ဆည်း မှုကွင်းဆက်အတွက် အလွန်အမင်း မှီခိုအားထားမှုကို ရင်ဆိုင်ရန်လိုအပ်ကြောင်း အလေးထားပြောဆိုခဲ့သည်။

ဂျပန်အစိုးရသည် အစီအစဉ် ၏ အရေးပါမှုကို မူဝါဒပဏာ မခြေလှမ်းအဖြစ် ပြသရန် တတိယ အပိုဆောင်း ဘတ်ဂျက်တွင် ငွေကြေးအမျာ းအပြား ဘေးဖယ်ထားဖွယ် ရှိသည်။စီးပွားရေးလုပ်ငန်းများ အနေဖြင့် အရှေ့တောင်အာ ရှတွင် ၎င်းတို့၏ထောက်ပံ့ဖြည့်ဆည်းမှု ကွန်ရက်များ ချဲ့ထွင်နိုင်ရန် ဂျပန်အစိုးရက ၂၀၂၀ ဘဏ္ဍာနှစ် ၏ ပထမအကြိမ် အပိုဆောင်း ဘတ်ဂျက်အဖြစ် ယန်း ၂၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၃ သန်း) ကြိုတင်လျာထား သည်။ ဇွန်လတွင် အဆုံးသတ်ခဲ့သော ပထမအကြိမ် လျှောက်ထားမှုများတွင် စီမံကိန်းပေါင်း ၃၀ ကို အစိုးရ အတည်ပြုခဲ့သည်။

အမေရိကန်က အထိအခိုက်မခံသော သတင်းအချက်အလက် များ တရုတ်ဆီပေါက်ကြား မည်ကို စိုးရိမ်ကြောင်း ဖော်ပြလျက် အမေရိကန်ဈေးကွက် တွင် တရုတ်နိုင်ငံ ထုတ် ဆက်သွယ်ရေးပစ္စည်းများ ကို တားမြစ်ခဲ့ပြီး ယူကေ၊ ဩစတြေးလျ နှင့် ဂျပန်အပါအဝင် မဟာမိတ်နိုင်ငံများ ကိုလည်း ထိုသို့လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သည်။ တရုတ်သည် အမေရိကန်မှ ထုတ်ကုန်များအပေါ်တင်းကျပ်သော ထိန်းချုပ်မှုများလုပ်ဆောင် ကာ တုံ့ပြန်ခဲ့သည်။ ဂျပန်စီးပွားရေး လုပ်ငန်းများသည်လည်း တရုတ်တွင်ရှိနေခြင်း အားဖြင့် တုံ့ပြန်မှုသံသရာ အလယ်တွင် မထွက်ခွါနိုင် ဘဲ သောင်တင်နေခဲ့သည်။

REF : Mizzima