ချစ်ပရိတ်သတ်ကြီး အတွက် ဖိုးချစ်က သတင်းကောင်းလေး တစ်ခုပါး လာခဲ့ပါတယ်

Posted on

ပြည်သူချစ် အနုပညာရှင် ဇာတ်မင်းသား ဖိုးချစ်ကတော့ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေမှာ လှူဒါန်းနိုင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ သဘင်ပညာနဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲကြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာ့ဇာတ်သဘင် လောကရဲ့ ဥက္ကဌတစ်ယောက်ဖြစ် တဲ့အပြင် ဇာတ်သဘင် အဖွဲ့သားတွေရဲ့ အကျိုးကိုပဲ ရှေးရှုပြီး ပရိသတ်တွေ လေးစားချစ်ခင်ရတဲ့ ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင် ဆိုတဲ့ page ကနေတဆင့် အနုပညာလှုပ်ရှားမှုတိုင်း ကို မျှဝေပေးနေခဲ့တာပါ ။

လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကာလကြီးမှာ အိမ်ထဲမှာပဲနေပြီး ပူပင်သောကတွေကို ပြေငြိမ်းနိုင်စေဖို့ ချစ်ပရိတ်သတ်ကြီး အတွက် ဖိုးချစ်က သတင်းကောင်းလေးတစ်ခုပါး လာခဲ့ပါတယ် ။ ဒါကတော့ လာမဲ့အောက်တိုဘာ(၂၃)ရက်နေ့ ည(၇)နာရီအချိန်မှာ ဖိုးချစ်ရဲ့ဇာတ် အလှသဘင်ဟာ ဆိုရင် ကိုဗစ်အတွက် လိုအပ်နေတဲ့နေရာများမှာ လှူဒါန်းနိုင်ရန် ရည်ရွယ်ပြီး ရန်ပုံငွေပွဲကြီးတစ်ခု ကပြဖျော်ဖြေ တင်ဆက်ဖို့ရှိတဲ့အကြောင်းပဲဖြစ်ပါတယ်။

ဒီရန်ပုံငွေပွဲကြီးကို Channel Kရုပ်သံလိုင်းနဲ့ ဖိုးချစ်သဘင် closed group တို့မှာ အခမဲ့ တိုက်ရိုက်live ကြည့်ရှုနိုင်မှာဖြစ်ပြီး live ပြသနေစဉ်အချိန်အတွင်းမှာလည်း ချစ်ပရိတ်သတ်ကြီးအနေနဲ့ အနည်းအများ ပဓာနမထားဘဲ သဒ္ဓါတတ် အားနည်းများမဆိုထည့်ဝင်လှူဒါန်းနိုင်ကြောင်း ဖိုးချစ်က ရေးသားဖော်ပြခဲ့ပါတယ်

အဆိုပါ ရန်ပုံငွေပွဲကြီးက ရရှိလာတဲ့ အလှူငွေများအ ားလုံးနဲ့ sponsor များမှရရှိလာတဲ့ ဝင်ငွေများအားလုံးကို Ayeyarwady Centre, CB Centre နဲ့အခြားသောကိုဗစ်အတွက် လိုအပ်နေတဲ့နေရာများမှာ လှူဒါန်းသွားမှာဖြစ်တယ် လို့လည်းသိရပါတယ် ။ အခုလိုအခက်အခဲတွေ နဲ့ရင်ဆိုင်နေရတဲ့ကာလကြီးမှာ အပေးအကမ်း ရက်ရောတဲ့ မြန်မာလူမျိုး တို့ရဲ့ နှလုံးသားလှစိတ်ထား လေးကို ဖိုးချစ်နဲ့အတူပြသလိုက်ကြရအောင်နော်

Source : Phoe Chit/Cele Gabar