စာအုပ် တအုပ်ကြောင့် ဘဝ ပြောင်းသွားတဲ့ လူငယ်တဦး (လူငယ်တွေ ကိုယ်ပိုင်ဝင်ငွေရှိတာ ဝမ်းသာစရာပါ)

Posted on

လွန်ခဲ့သော(၂)နှစ်ကျော်လောက်က ယုဇနပလာဇာဘက်က လမ်းဘေး လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး ကိုယ့်ကိုလာပြောဖူးတယ်။

ကျနော် ဒီဆိုင်မှာ မနေတော့ဘူး အလုပ်ထွက်တော့မယ်” ဆိုပြီး လာတိုင် ပင်ဖူးတယ်။ ကိုယ်ကလည်း “မအေးမေ”ဆေးပေါ့ လိပ် တစ်လိပ်ကို မီးညှိလိုက်ပြီး ရော့ဒီစာအုပ်ဖတ် ဆိုပြီး မင်းမြတ်သူရဝတ္ထု တစ်အုပ်ပေးဖတ်လိုက်တယ်။

နောက်တစ်ရက် ရောက်တော့ “အကိုပေးတဲ့ စာအုပ်က ကောင်းတယ်ဗျာ ကျနော်အားတွေ ရှိသွားပြီ မနက်ဖြန်အလုပ် ထွက်တော့မယ် ဒါပေမယ့် ဘယ်ကစလုပ်ရမှန်း မသိဘူး” လို့လာပြောတယ်။ ကိုယ်က လည်း ကာကာဆိုင် က ခပ်ညံ့ညံ့ဂျုံနဲ့ လုပ်ထားတဲ့ သကြားပ လာတာကို ကောက်ဝါး လိုက်ရင်း မင်းမနက်ဖြန် ကာကီ ဘောင်းဘီဝတ်” ဗျာ ကာကီ ဘောင်းဘီ မရှိဘူးဗျ ကျနော့်မှာ” “အေး ကာကီဘောင်းဘီမရှိရင် ဂျေဂျေ ဘောင်းဘီဝတ်” “ဟုတ်ပြီးတော့ရော”
ယုဇန ပလာဇာ ထိပ်ကနေ တွေ့ရာလိုင် းကားစီး ဂိတ်ဆုံးထိလိုက် ဂိတ်ဆုံးတာနဲ့ အဲ့မှာဆင်းတော့ အဲ့မှာမင်းဘဝစပြီ” စားပွဲထိုးကလေးရဲ့ မျက်နှာမှာပီတိတွေဖြာလို့

အကို စာအုပ်တွေ ထဲကလို ပညာရှိအဘိုးကြီးတွေကတကယ်ရှိလားဟင်” ကျနော်က နှုတ်ခမ်းလေး ကွေးရုံမျှပြုံးလိုက်ပြီး မင်းသိလာမှာပေါ့ကွာ ဆိုပြီး သူ့ပုခုံးကိုကိုင် အားပေးပြီး ထွက်လာခဲ့ပါတယ်။

နောက်နေ့တွေကစပြီး အဲ့ဒီစားပွဲထိုးလေးကို မတွေ့တော့ပါဘူး။ ဘယ်ဘဝရောက် သွားမှန်းလဲ မသိဘူး။ ကြာခဲ့ပါပြီ။ ဟိုးတရက်က သူ့ဆိုင်ရှင် ကာကာမာမူ နဲ့တွေ့လို့ မေးကြည့် တော့ ဒလဘက် မှာ တောင်းစား နေတယ်ဆိုလားဘာဆိုလား ။ ဘာပဲဖြစ်ဖြစ် လူငယ်တွေ အတွက် ဝမ်းသာခြင်း ဖြစ်မိပါတယ် ကိုယ့်ဝင်ငွေ ကိုယ့်အလုပ်အကိုင် လေးနဲ့အတည်တကျဖြစ်သွားလို့

Zaw Myo Hlaing

လြန္ခဲ့ေသာ(၂)ႏွစ္ေက်ာ္ေလာက္က ယုဇနပလာဇာဘက္က လမ္းေဘး လက္ဖက္ရည္ဆိုင္က စားပြဲထိုးေလး ကိုယ့္ကိုလာေျပာဖူးတယ္။

က်ေနာ္ ဒီဆိုင္မွာ မေနေတာ့ဘူး အလုပ္ထြက္ေတာ့မယ္” ဆိုၿပီး လာတိုင္ ပင္ဖူးတယ္။ ကိုယ္ကလည္း “မေအးေမ”ေဆးေပါ့ လိပ္ တစ္လိပ္ကို မီးညႇိလိုက္ၿပီး ေရာ့ဒီစာအုပ္ဖတ္ ဆိုၿပီး မင္းျမတ္သူရဝတၳဳ တစ္အုပ္ေပးဖတ္လိုက္တယ္။

ေနာက္တစ္ရက္ ေရာက္ေတာ့ “အကိုေပးတဲ့ စာအုပ္က ေကာင္းတယ္ဗ်ာ က်ေနာ္အားေတြ ရွိသြားၿပီ မနက္ျဖန္အလုပ္ ထြက္ေတာ့မယ္ ဒါေပမယ့္ ဘယ္ကစလုပ္ရမွန္း မသိဘူး” လို႔လာေျပာတယ္။ ကိုယ္က လည္း ကာကာဆိုင္ က ခပ္ညံ့ညံ့ဂ်ဳံနဲ႔ လုပ္ထားတဲ့ သၾကားပ လာတာကို ေကာက္ဝါး လိုက္ရင္း မင္းမနက္ျဖန္ ကာကီေဘာင္းဘီဝတ္” ဗ်ာ ကာကီ ေဘာင္းဘီ မရွိဘူးဗ် က်ေနာ့္မွာ” “ေအး ကာကီေဘာင္းဘီမရွိရင္ ေဂ်ေဂ် ေဘာင္းဘီဝတ္” “ဟုတ္ၿပီးေတာ့ေရာ”
ယုဇန ပလာဇာ ထိပ္ကေန ေတြ႕ရာလိုင္ းကားစီး ဂိတ္ဆုံးထိလိုက္ ဂိတ္ဆုံးတာနဲ႔ အဲ့မွာဆင္းေတာ့ အဲ့မွာမင္းဘဝစၿပီ” စားပြဲထိုးကေလးရဲ့ မ်က္ႏွာမွာပီတိေတြျဖာလို႔

အကို စာအုပ္ေတြ ထဲကလို ပညာရွိအဘိုးႀကီးေတြကတကယ္ရွိလားဟင္” က်ေနာ္က ႏႈတ္ခမ္းေလး ေကြး႐ုံမၽွျပဳံးလိုက္ၿပီး မင္းသိလာမွာေပါ့ကြာ ဆိုၿပီး သူ႔ပုခုံးကိုကိုင္ အားေပးၿပီး ထြက္လာခဲ့ပါတယ္။

ေနာက္ေန႔ေတြကစၿပီး အဲ့ဒီစားပြဲထိုးေလးကို မေတြ႕ေတာ့ပါဘူး။ ဘယ္ဘဝေရာက္ သြားမွန္းလဲ မသိဘူး။ ၾကာခဲ့ပါၿပီ။ ဟိုးတရက္က သူ႔ဆိုင္ရွင္ ကာကာမာမူ နဲ႔ေတြ႕လို႔ ေမးၾကည့္ ေတာ့ ဒလဘက္ မွာ ေတာင္းစား ေနတယ္ဆိုလားဘာဆိုလား … ။ ဘာပဲျဖစ္ျဖစ္ လူငယ္ေတြ အတြက္ ဝမ္းသာျခင္း ျဖစ္မိပါတယ္ ကိုယ့္ဝင္ေငြ ကိုယ့္အလုပ္အကိုင္ ေလးနဲ႔အတည္တက်ျဖစ္သြားလို႔

Zaw Myo Hlaing