ကယားပြည်နယ် စည်းပေါက်သွားပါပြီ၊ သူနာပြုတဦး တွင် ကိုဗစ်ပိုး တွေ့ရှိ

Posted on

ကယားပြည်နယ် လွိုင်ကော်မြို့ တွင် အသွားအလာ ကန့်သတ်ခြင်းခံထားရ သူများ၏ ဓာတ်ခွဲနမူနာ များကို ယနေ့တွင်တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (PHL) သို့ ပေးပို့စစ် ဆေးခဲ့ရာ တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)၏ ဆေးစစ်ဆေးချက် အဖြေထုတ်ပြန်ချက်အရ ကယားပြည်နယ် လွိုင်ကော်မြို့မှ ရန်ကုန်ပြန် အမျိုးသမီး(၁)ဦး၏ အဖြေမှာ ရောဂါ ပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ကိုဗစ် ရောဂါပိုးတွေ့ရှိသူ (၁)ဦးမှာ လွိုင်ကော်မြို့၊ ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ အထက်တန်း သူနာပြု တစ်ဦးဖြစ်ကြောင်း၊ ရန်ကုန်မှ သင်တန်း တက်ရောက်ပြီး (၅-၁၀-၂၀၂၀)ရက်နေ့ တွင် တစ်ဦးတည်း ရန်ကုန်မှ ငှါးရမ်းလာသော မော်တော်ယာဉ် ဖြင့် ပြန်လာခဲ့ရာ (၆-၁၀-၂၀၂၀)ရက်နေ့ နံနက်၌ လွိုင်ကော်မြို့ ဝါရီကောခူ ဂိတ်သို့ ရောက်ရှိခဲ့ကြောင်း၊

၎င်းဂိတ်မှ တစ်ဆင့် ရွှေလွိုင်ကော် ပရဟိတ ကားဖြင့် လွိုင်ကော်မြို့ ပညာရေးကောလိပ် Quarantine သို့ ပို့ဆောင် ခဲ့ပြီး ပညာရေး ကောလိပ်တွင် Quarantine ဝင်ရောက်နေ သူ ဖြစ်ကြောင်းနှင့် လူနာ၏ လက်ရှိကျန်းမာရေး အခြေအ နေမှာ ကောင်းမွန်လျက်ရှိပြီး လူနာအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး သီးသန့် ဆောင် သို့ပြောင်းရွှေ့၍ စောင့်ကြပ် ကြည့်ရှုကု သပေးလျက် ရှိကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ တြင္ အသြားအလာ ကန႔္သတ္ျခင္းခံထားရ သူမ်ား၏ ဓာတ္ခြဲနမူနာ မ်ားကို ယေန႔တြင္ေတာင္ႀကီးၿမိဳ႕ ၊ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာဌာန (PHL) သို႔ ေပးပို႔စစ္ ေဆးခဲ့ရာ ေတာင္ႀကီးၿမိဳ႕ ၊ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန(PHL)၏ ေဆးစစ္ေဆးခ်က္ အေျဖထုတ္ျပန္ခ်က္အရ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွ ရန္ကုန္ျပန္ အမ်ိဳးသမီး(၁)ဦး၏ အေျဖမွာ ေရာဂါ ပိုးေတြ႕ရွိ (ပိုးေတြ႕ရွိ)ျခင္းျဖစ္သည္ဟု ျပည္နယ္အစိုးရအဖြဲ႕က ေျပာပါတယ္။

ကိုဗစ္ ေရာဂါပိုးေတြ႕ရွိသူ (၁)ဦးမွာ လြိဳင္ေကာ္ၿမိဳ႕၊ ပညာေရးေကာလိပ္တြင္ Quarantine ဝင္ေရာက္ေနသူ လြိဳင္ေကာ္ၿမိဳ႕ ျပည္နယ္ျပည္သူ႔ေဆး႐ုံႀကီးမွ အထက္တန္း သူနာျပဳ တစ္ဦးျဖစ္ေၾကာင္း၊ ရန္ကုန္မွ သင္တန္း တက္ေရာက္ၿပီး (၅-၁၀-၂၀၂၀)ရက္ေန႔ တြင္ တစ္ဦးတည္း ရန္ကုန္မွ ငွါးရမ္းလာေသာ ေမာ္ေတာ္ယာဥ္ ျဖင့္ ျပန္လာခဲ့ရာ (၆-၁၀-၂၀၂၀)ရက္ေန႔ နံနက္၌ လြိဳင္ေကာ္ၿမိဳ႕ ဝါရီေကာခူ ဂိတ္သို႔ ေရာက္ရွိခဲ့ေၾကာင္း၊

၎ဂိတ္မွ တစ္ဆင့္ ေရႊလြိဳင္ေကာ္ ပရဟိတ ကားျဖင့္ လြိဳင္ေကာ္ၿမိဳ႕ ပညာေရးေကာလိပ္ Quarantine သို႔ ပို႔ေဆာင္ ခဲ့ၿပီး ပညာေရး ေကာလိပ္တြင္ Quarantine ဝင္ေရာက္ေန သူ ျဖစ္ေၾကာင္းႏွင့္ လူနာ၏ လက္ရွိက်န္းမာေရး အေျခအ ေနမွာ ေကာင္းမြန္လ်က္ရွိၿပီး လူနာအား လြိဳင္ေကာ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး သီးသန႔္ ေဆာင္ သို႔ေျပာင္းေရႊ႕၍ ေစာင့္ၾကပ္ ၾကည့္ရႈကု သေပးလ်က္ ရွိေၾကာင္း ျပည္နယ္အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။