ခြံခုန်တဲ့ နွားတွေကို အထိနာစေမယ့် စကားတစ်ခွန်းကို ပြတ်ပြတ်သားသား ပြောပစ်လိုက်တဲ့ ဂျေနော် ( J NAW )

Posted on

လက်ရှိ မြန်မာနိုင်ငံမှာ ထိပ်တန်းမော်ဒယ်ထဲက တစ်ယောက်ဖြစ်တဲ့ ဖက်ရှင် စူပါလ်မော်ဒယ်လ် J Naw ဟာ သူမဟာ ဖက်ရှင်ကျကျနဲ့ အမြဲတမ်း စမတ်ကျကျ ဝတ်ဆင် တတ်သူတစ်ယောက်ဖြစ်ပါတယ်။ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးစား ကိုပိုင်ဆိုင်ထားပရိတ်တွေ အများဆုံးဝန်းရံ ခြင်းခံနေရတာ လည်းဖြစ်ပါတယ်။ မီဒီယာ တွေ့ဆုံမှုတစ်ခုမှာတော့ ဂျေနော် က ခြံခုန်တဲ့နွားတွေကို အထိနာစေမယ့် စကားတစ်ခွန်းကို ပြတ်ပြတ်သားသားပြော လာခဲ့တာပဲဖြစ်ပါတယ် “အမှန်အတိုင်းပြောရရင် ကိုယ်လည်း လူငယ်တစ် ယောက်ဖြစ်တဲ့ အတွက်ကြောင့် ရည်းစားတော့ တစ်ယောက်မကောင်းရင် တစ်ယောက်တော့ ထားနေအုန်းမှာပဲ

အိမ်ထောင်ပြုဖို့တော့ လောလောဆယ် အစီအစဉ် မရှိဘူး ဒါပေမယ့် နော် ပြောသလိုပဲ အဲ့ဒီ ခြံခုန်သွားတဲ့ နွားကိစ္စ ကလည်း မကောင်းတဲ့ ယောကျာ်းတွေ ကို ရည်ညွှန်းပြီး ပြောတာပါ တကယ်ချစ်တတ်ပြီးတော့ တကယ်ကောင်း တဲ့ မအိမ့်ချစ် ယောကျာ်းတို့ ဘာတို့ဆို ဘယ်လောက်အား ကျဖို့ ကောင်းလဲ Paris သွားပြီးတော့ Propose လုပ်ခံရတယ်၊

မိန်းမပျိုလေး တိုင်းကတော့ ရိုမန့်တစ် ဆန်တာ ကြိုက်တယ် ကိုယ့်အပေါ်မှာ ချစ်ပေးတာ လည်းကြိုက်တယ် သစ္စာရှိပေးတာ လည်းကြိုက်တယ် ဒါကိုမိန်းမတိုင်းကြိုက်တယ် မကြိုက်တဲ့မိန်းမမရှိဘူး ဆိုတော့ နော် ပြောချင်တဲ့ ရည်ညွှန်းချက် ကလည်း ဘာလဲဆိုတော့ မကောင်းတဲ့ ယောကျာ်းတွေ ကိုပဲပြောတာ ခြံခုန်သွားတဲ့ ယောကျာ်းတွေကို လည်း မေးကြည့်လိုက်လေ သူတို့ မိန်းမကောင်း ရလားလို့ လူဆိုတာတန်ရာ တန်ရာပဲရတာကွာ သိလား ကိုယ်ခုန်သွားတယ်ဆိုရင် ခြံခုန်တယ်ဆို ကတည်း က အဲ့ဒါနွား နွားဆိုကတည်းက နွားမပဲရမှာ အဲ့ဒါရှင်းရှင်း လေးပဲ ပိုပြီးပြောတာလဲမဟုတ်ဘူး

ဒါပေမယ့် တစ်ခုရှိတယ်နော် အဲ့ဒီခြံခုန်သွားတဲ့နွားတွေက ကိုယ့်ခြံထဲကမြက် စိမ်းလန်းစိုပြေပြီး လှပနေလားဆိုတာ တခါတလေကျရင် ပြန်ပြန်လာကြည့်တာမျိုးဖြစ်တတ်တယ် တခြားခြံမှာ တခြားမြက်တွေဝ အောင်မစားရလို့လည်း ဖြစ်ရင် ဖြစ်မှာပေါ့ အဲ့လိုလည်းရှိတတ်တယ် အဓိကကတော့ မိန်းကလေးတွေရဲ့အားနည်းချက်က နော် အပါအဝင်ပေါ့ အားနည်းချက်က မိခင်စိတ် အရမ်းရှိတယ် သည်းခံတတ်တယ် ခွင့်လွှတ်တတ်တယ် သားသမီးဆိုး တစ်ယောက်အမှားလုပ်ပြီး ပြန်လာရင် မိဘတွေက ခွင့်လွှတ်ပေးတတ်တယ် နော်တို့လည်းအဲ့လိုပဲ တခါတလေကျရင် ပြုပြုင်များ ပြုပြင်မလားပေါ့ ပြောင်းလဲများ ပြောင်းလဲမလားဆိုတဲ့ စိတ်ကလေးနဲ့ ပြုပြင်ကြည့် ကြတာပေါ့နော် First Chance Second Chance စသဖြင့်ပေါ့

နော် သိလိုက်တာက လူအစုတ်တစ်ယောက်ကို ဘယ်လောက်ပြင်ပြင် လူကောင်းဖြစ်လာမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူက စုတ်ပြီးသားလေ ဘာလိုလဲဆိုတော့ လူရဲ့ ဗီဇကပြုပြင်လို့မရဘူး ပြောင်းလဲလို့မရဘူး ကိုယ့်ကိုအရမ်းချစ်လို့ ကိုယ့်အပေါ်မှာ ကိုယ့်ကို အဆုံးရှုံးမခံနိုင်လို့ ကောင်းပြတာပဲဖြစ်ရင်ဖြစ်လိမ့်မယ် တစ်သက်လုံးကောင်းသွးတာမဟုတ်ဘူး ဒါပေမယ့် ကိုယ်နဲ့ အတူမရှိတော့ရင် အဲ့ဒီဗီဇက ပြန်ထွက်လာမှာပဲ

တခါတလေ ကျရင် ဘယ်သူကိုမှ ရည်ရွည်ပြီးပြောတာလည်း မဟုတ်ဘူး ဒါပေမယ့် မိန်းကလေးတွေကို ပြောချင်တာက လူအစုတ် တစ်ယောက်ကို ပြုပြင်ပြီးတော့ ကိုယ့်ရဲ့အချိန် တွေကို အလကားအဖြစ် မခံကြပါနဲ့ လူ့ဗီဇဆိုတာ ပြောင်းလဲ တတ်တာမျိုး မဟုတ်လို့ ကိုယ့်အချိန်တွေ ဆုံးရှုံးတာပဲ အဖတ်တင်မှာမလို့ပါ ” လို့ ဆိုပြီး ဖောက်ပြန်တတ်သူ တွေအတွက် ခြံခုန်တတ်တဲ့နွား နဲ့ နှိုင်းပြီး အခုလို ပြတ်ပြတ်သားသားပြောလာခဲ့တာပဲဖြစ်ပါတယ်နော်