အောက်တို ဘာလ အတွက် ရာသီခွင် အလိုက် ဆောင်ရန် ၊ ရှောင်ရန်များ

Posted on

မိမိရဲ့ ရာသီခွင်အလိုက် ဘယ်လိုအရာတွေကို ရှောင်ရမယ် သတိထားလုပ်ဆောင်ရမယ်ဆိုတာ ကြည့်လိုက်ရအောင်။ ဒီတစ်ခေါက် မှာတော့ Her World မဂ္ဂဇင်းကနေ ကောက်နုတ်ပြီး အောက်တိုဘာလထဲ ပျိုမေတို့ရဲ့ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ ကို ပြောပြပေးသွားမှာပါ။

၁။ Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ

မည်သည့် အရာမဆို အရာရာကိုဉာဏ်သုံး ဆင်ခြင်ပြီးတော့ ဆုံးဖြတ်ရမယ့်ကာ လဖြစ်ပါတယ်။ ဘာမှ မလုပ်ခင်မှာ ရှုထောင့်ပေါင်းစုံက စဉ်းစားပြီးကာမှ ကိုယ့်ရဲ့ ကိုယ်ပိုင် ဉာဏ်နဲ့ အရာရာကို ဆုံးဖြတ်ပါ။ကံကောင်းမယ့်အရောင်- အပြာနုရောင်

၂။ Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ

သူများကိစ္စတွေကြားထဲ အတတ်နိုင်ဆုံး မဝင်ပါနဲ့ မလိုအပ်တဲ့ ဒရာမာတွေ ကြားထဲ ညပ်ဖို့ လမ်းမြင်နေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဒရာမာတွေ ကို ရှောင်ကျဉ် ပြီးတော့ ကိုယ့်လမ်းကြောင်း ပေါ်မှာပဲ ကိုယ်လျှောက်ပါ။ကံကောင်းမယ့်အရောင်- ငွေရောင်

၃။ Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ

သင်နဲ့ပတ်သက်ပြီး သင့်ရဲ့လုပ် ဖော်ကိုင်ဖက်က စလို့ ဘော့စ်အဆုံး အကုန်လုံးကို သတိထားရမယ့် ကာလပါပဲ။ အလုပ်မှာ ပြဿနာတွေတက် တတ်တဲ့အတွက် တိုက်ပွဲဝင်ဖို့ကို အဆင်သင့်ပြင်ထားပါလေ။ ကံကောင်းမယ့် အရောင်- ရွှေရောင်

၄။ Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ

အထက် လူကြီးကို တည့်အောင်နေပါ။ တန်းတူလုပ်ဖော်ကိုင်ဖက်တွေထဲက သင်နဲ့ ပြိုငဆိုင်ချင်တဲ့လူ ပေါ်လာပါလိမ့်မယ်။ကံကောင်းမယ့်အရောင်- အစိမ်းနုရောင်

၅။ Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ

ဘယ်လို ကိစ္စပဲ ကြုံလာပါစေ ခေါင်းအေးအေး ထားပြီး စဉ်းစားဆုံးဖြတ်ပါ။ စိတ်လှုပ်ရှား လွန်ပြီး ပြဿနာပို တက်အောင် မလုပ်ပါနဲ့။ ကံကောင်းမယ့်အရောင်- မီးခိုးနုရောင်

၆။ Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ

အရာ ရာကို လောဘ မကြီးပါနဲ့လို့ မှာချင်ပါတယ်။ သင့်ရဲ့လက်ရှိ အခြေအနေဟာ ပန်းတိုင်ကိုမရောက် သေးပေမယ့်လို့ သင့်ရဲ့တိုးတက်မှု ကိုတော့ မြင်နေရပါပြီ။ ဒါကြောင့် စိတ်အေးလက် အေးလေးတော့ ဒီတစ်လမှာ နေလိုက်ပါ။ကံကောင်းမယ့် အရောင်- မိုးပြာရောင်

၇။ Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ

ပတ်ဝန်း ကျင်ဆိုတာ အမြဲတမ်းပြောင်းလဲ တတ်တယ်ဆိုတာကို သတိထားပါ။ ဒါကြောင့် သင်ဟာလည်းပြောင်းလဲသွား တဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ပြီးတော့ ပြောင်းလဲ နိုင်အောင် သတိထားပါ။ ကံကောင်းမယ့် အရောင်- အဝါရောင်တောက်တောက်

၈။ Scorpio: အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ

သူများ တွေရဲ့ ဝေဖန်မှု တွေထက် ကိုယ့်ရဲ့စိတ် ကိုပဲ ကိုယ်ယုံကြည် မှုရှိခြင်းဟာ ဒီကာလအတွင်းသင် ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင် မှာပါ။ကံကောင်းမယ့် အရောင်- အပြာရောင်အရင့်တောက်တောက်

၉။ Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ

လူတိုင်းကို မယုံကြည့်သင့်တဲ့ ကာလတစ်ခုပါ။ အထူးသဖြင့် အလုပ်ကလူတွေကိုပေါ့။ သတိထားဆက်ဆံပေးပါ။ကံကောင်းမယ့်အရောင်- အနီရောင်ခပ်မှိုင်းမှိုင်း

၁၀။ Capricorn Dates: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ

ဒီအချိန်မှာ အဆက်အသွယ် ကောင်းရှိထားဖို့က အရေးကြီးပါတယ်။ လူတွေဟာ သင့်ရဲ့ ကျွမ်းကျင်တတ်မြောက် မှုကို ခုတုံးလုပ် အသုံးချဖို့အတွက် ကြံစည်နေကြပါတယ်။နောက် သင်ကိုယ်တိုင်ဟာလည်း ကိစ္စအမျိုးမျိုးကြောင့် စိတ်ခံစားချက်တွေ ဟိုးအောက်ဆုံးကို ရောက်နေတဲ့ကာလတစ်ခုပါ။ ကံကောင်းမယ့်အရောင်- ပန်းဆီရောင်

၁၁။ Aquarius: ဇန်နဝါရီ ၂၀ မှ ဖေေဖော်ဝါရီ ၁၈ ရက်နေ့ထိ

ဒီကာလ အတွင်းမှာ သင့်ရဲ့ပြဿနာ တွေဟာ လွယ်လွယ်ကူကူနဲ့ဖြေရှင်းလို့ပြီးမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြဿနာတွေကိုပဲ အာရုံစိုက် ဖြေရှင်းပြီး တခြားကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့။ ကံကောင်းမယ့် အရောင်- မီးခိုးရောင်နု

၁၂။ Pisces: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ

ကိစ္စတိုင်းကို လွယ်လွယ်ကူကူ လျှင်လျှင်မြန်မြန်နဲ့ လုံးဝဆုံးဖြတ်ချက် မချလိုက်ပါနဲ့။ အထူးသဖြင့် သင်အမြဲတမ်း ဖြစ်ချင်နေတဲ့ ကိစ္စမျိုးတွေမှာပေါ့။ ကံကောင်းမယ့်အရောင်- အပြာရောင်

Crd.