နတ်ရွာစံမည့် နေ့ကို ကြိုတင်သိနိုင်တဲ့ နိမိတ်ကောက်ဗေဒင်တွက်နည်း နဲ့ ဘုရင်မင်းမြတ်တစ်ပါး ၏ဖြစ်ရပ်မှန်

Posted on

သာလွန် မင်းတရားကြီးသည် ၎င်း၏ လက်ထက်တွင် စစ်သည်စုစောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက် အမျိုးအစားတို့ကို သတ်မှတ် ပြဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ“ငှက်သည် အသီးရှိကာသာ အပင်တွင် နားသကဲ့ သို့ အခွန်ခံသောရွာ ကိုသွား၍ ပြန်မကြည့် ငှက်ကဲ့ သို့ မရှိစေနှင့်။ စားဟန်သာ တတ်စေ။ ရွာပြည်ကိုမပြု၊ စားရသောက်ရ အောင်သာ စီရင်သော် ကွပ်မည်။ ဟူ၍လည်းကောင်း

‘ပြည်တွင်းတိုင်း ရေးစသော ဆင်းရဲသားတို့ကို ညှဉ်းပန်းနှိပ်စက်၍ မြို့ရွာတွင် မနေဝံ့ ထွက်သွားသည်များကို ရွှေနားတော်ကြားလျှင် ဝန်တို့နှစ်ခွန်းချေ ရမည်မမှတ်နှင့်။ ကြီးစွာသော ရာဇဝတ်တော် ကို ခံရလိမ့်မည်။”ဟူ၍ လည်းကောင်း ပါရှိခဲ့သည်ကို တွေ့ကြရသည်။ ကျောက်ဆည်ဒေသတွင် လယ်ယာ လုပ်ငန်းများ ပြန်လည်ထူ ထောင်နိုင်ရန် ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းမျာ းကောက်ယူပြီး ကျောက်ဆည်နယ် ကို ဗဟိုပြုကာ လုပ်ကိုင်စား သောက်ရန် နေရာချထား ပေးသည်။ ထိုမျှမက ဝေးလံသည့်ဒေသများမှ လူ အများကို အင်းဝနှင့် ကျောက်ဆည် ဒေသတစ်ဝိုက်တွင် အတည် တကျနေထိုင်စေသည်။ သာလွန်မင်းသည် (၁၉) နှစ် ကြာ ထီးနန်းစိုး စံပြီးနောက် သက်တော်(၄၈)နှစ် အရွယ်တွင် နတ်ရွာစံလွန်ခဲ့သည်။

နတ်ရွာစံ လွန်နီးရက်များတွင် အခြေအနေ များကား ထူးခြားလှသည်။ သဘင်နန်းထက်၌ စံနေတော်မူ စဉ် အနောက် ဘက်ကောင်း ကင်က သိသိသာသာ ပုံသဏ္ဍာန်ပြောင်းသွားသည်။ တီတံဘုရား ထီးတော်တင် မည်ဟု ထွက်သောအခါ နွားတစ်ကောင်က ပါးစပ်ဟလျက် လက်ဝဲဘက်မှ လက်ယာဘက် သို့ ထွက်ပြေး သည်ကို တွေ့ရသည်။ နောက်တစ်နေ့ တွင် ငလျှင်ပြန်းထန်စွာလှုပ်သည်။ နန်းတော် အနောက်တောင် ထောင့်၌ ဘုံမတီးငှက်တစ်ကောင်မြေသို့ ကျလာသည်။ ထိုအဖြစ်များ သည် ထူးဆန်းသော နိမိတ်များပင်တည်း။ သို့သော်သာလွန်မင်း သည် အတိတ်နိမိတ်များ ကို ယုံကြည်ဟန်မရှိ။ ရာဇာမဏီစူဠာ (ကောင်းမှုတော်) စေတီတော်ကြီး ထီးတော် တင်ရန်တောင် ငူမှ ကြွလာသောဆရာတော်ထံ အခါတောင်းသည်။ဆရာတော်က’ရေမြေ့ရှင်မင်း လက်ထက်တွင် တင်ရန်မဖြစ်နိုင် ၊ သားတော် လက်ထက်မှသာ တင်နိုင်မည်ဖြစ် သောကြောင့် ထိုအချိန်မှသာ အခါပေးမည်’ဟု မိန့် တော်မူသည်။သာလွန်မင်း အလွန်စိတ် ဆိုးသွား ပြီးနောက်ဆရာတော်အား ပုဂံသို့ပို့လိုက် လေသည်။

ထို့နောက် ပညာရှိပုဏ္ဍား အဇာဂရုကိုခေါ်၍ မေးပြန်သည်။ အဇာဂရုကလည်း “ကိုယ်တော်မြတ်ထီး တော်တင်ရန်အခါမမီ ချေပြီ”ဟုဆိုပြန်သည်။ သာလွန်မင်းသည် အဇာဂရု အပေါ် အလွန်စိတ်ဆိုးသွားကာ။“ငါ ဘယ် အခါနတ်ပြည်စံရမည်နည်း” ဟု တိုက်ရိုက် ပင်မေးရာ အဇာဂရု ပုဏ္ဍားကလည်း “မနက်ဖြန် (၁)ချက်တီး ကျော်ကျော်မှာ နတ်ပြည်စံတော်မူမည်” ဟု ပြန်လျှောက် သဖြင့် “မှန်လျှင် မှန်စေ ၊ မမှန်သော် သားမယားနှင့်တကွမီးပုံရှို့မည်” ဟု နာရီခွက်ကို ဘေးတွင်ထားရှိပြီး စောင့်ကြည့်နေစေသည်။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အခြေအနေမှာပင် ရှိသောကြောင့် ချက်ချင်းသေတော့မည်ဟု အပြောများမှာလုံးဝမဖြစ်နိုင်ဟုထင်ဟန်တူသည်။ နေ့လည် (၃)ချက်တီး အချိန်တွင်-“ငါဘာမှမဖြစ်သေး” ဟု မိန့်သည်။ အဇာဂရုက နာရီခွက်ကို သာ စောင့်ကြည့် နေသည်။ညနေ (၄)ချက်တီး အကျော် တွင်မူ အဖျားဝေဒနာ စတင်ခံစားရ လေသည်။ သမားတော်များ အစွမ်းကုန် ကုသကြသည်။

နောက်နေ့ (၂)ချက်တီးကျော် တွင်မူ ရောဂါပိုမို ပြင်းထန်လာပြီး သတိရတစ်ချက်မရတစ်ချက် ဖြစ်နေသည်။ စကားများ ကယောင်က တမ်း ပြောနေတော့သည်။ စကားမှာ မပီတော့။ (၄) ချက်တီးတွင်မူ နတ်ပြည်စံ လေတော့ သည်။ အဇာဂရုဟု ဟောပြောချက် အတိအကျမမှန်ခဲ့ သော် လည်း အနီးစပ်ဆုံး မှန်သွားခဲ့သည်။ သာလွန်မင်း သည် ညောင်ရမ်း ခေတ်တွင် အလွန်ထင်ရှားသော မင်းတစ်ပါးဖြစ်ခဲ့သည်။ ဘွဲ့ အမည် သိရီသုဓမ္မရာဇာ မဟာဓိပတိ ဖြစ်သော်လည်း သူ၏လ က်ထက် တွင် တိုင်းပြည်အလွန်သာယာ လှသောကြောင့် သာလွန်မင်း ဟုသာအမည်တွင်သည်။ ဒီအကြောင်းကို တွင်းသင်း မဟာရာဇဝင်သစ်တွင် ညီတော် မင်းတရား မှာ တိုင်းကားပြည် ရွာအသာလွန် သောကြောင့် လည်ကောင်း ၊ရွှေနန်းတော် ထက်တွင် သာယာစွာလွန်ရသောကြောင့် သော် လည်ကောင်း သာလွန် မင်းတရားဟု ခေါ်ဝေါ်ရေးသားကြသည်’ ဟု ဖော်ပြထားသည်။